Home သတင်း ဆက်သွယ်‌ရေးဥပ‌ဒေ ပုဒ်မ ၆၆(ဃ) ပယ်ဖျက်သင့်ပြီဟု ကရင်နိုင်ငံ‌ရေးပါတီမှ ‌ခေါင်း‌ဆောင်အချို့‌ပြောဆို

ဆက်သွယ်‌ရေးဥပ‌ဒေ ပုဒ်မ ၆၆(ဃ) ပယ်ဖျက်သင့်ပြီဟု ကရင်နိုင်ငံ‌ရေးပါတီမှ ‌ခေါင်း‌ဆောင်အချို့‌ပြောဆို

3006

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

မြန်မာနိုင်ငံအစိုးရက ကျင့်သုံး‌နေဆဲဖြစ်သည့် ဆက်သွယ်‌ရေးဥပ‌ဒေ ပုဒ်မ ၆၆ (ဃ)သည် သတင်းသမားများနှင့် နိုင်ငံ‌ရေးတက် ကြွလှုပ်ရှားသူများအား ထိခိုက်နစ်နာမှုများရှိ‌နေသဖြင့် ပယ်ဖျက်သင့်ပြီးဟု ကရင်နိုင်ငံ‌ရေးပါတီမှ ‌ခေါင်း‌ဆောင်အချို့က ‌ပြောဆို လိုက်သည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က မလိုအပ်‌တော့သည့် ဥပ‌ဒေများအားလုံးကို ဖျက်သိမ်း‌ပေး‌ရေးအတွက် အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)က ‌တောင်းဆိုခဲ့ကြရာ၌ ပုဒ်မ ၆၆(ဃ)လည်းတခုအပါအဝင်ဖြစ်ပြီး ထိုဥပ‌ဒေများကို ထပ်မံ အသုံး ပြု‌နေမည်ဆိုပါက မီဒီယာဋ္ဌာနများ၊ သတင်းသမားများနှင့် အများပြည်သူများအ‌နေဖြင့် သတင်းများ တင်ပြရာတွင် သတင်းအမှန် ‌ရေးသား‌ဖော်ပြနိုင်မှု အားနည်းသွားမည်ဟု ကရင်အမျိုးသားပါတီ(KNP)မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ပြောဆို သည်။

“ဒီပုဒ်မ ၆၆(ဃ)က အရင်သမ္မတဦးသိန်းစိန်လက်ထက်က ဖျက်သိမ်း‌ပေးဖို့ NLD က ‌တောင်းဆိုခဲ့တဲ့ ဥပ‌ဒေ‌တွေဖြစ်တယ်။ အခု က NLD အစိုးရက ဒီပုဒ်မ‌တွေကို ပြန်လည်ကျင့်သုံး‌နေရင် NLD က သူ‌ပြောထားတဲ့ သူ့စကားသစ္စာကိုပြန်ပြီး ချိုး‌ဖေါက်‌နေသလို မျိုး ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

အဆိုပါပုဒ်မသည် လွန်ခဲ့သည့် အစိုးရ‌ခေတ်အဆက်ဆက်မှ ‌ရေးဆွဲထားသည့် ဥပ‌ဒေပြီး၍ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌နေ အထားအရ ဒီမိုက‌ရေစီနိုင်ငံသို့ ချီတက်‌နေသည့်အချိန်တွင် ၎င်းပုဒ်မသည် အဟန့်အတားဖြစ်သည့်အတွက် ဖျက်သိမ်းသင့်ပြီးဟု ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (P.S.D.P) အ‌ထွေ‌ထွေအတွင်း‌ရေးမှူးလည်းဖြစ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး အငြိမ်းစားလည်းဖြစ်သူ ‌စောကြည်လင်းကလည်း ‌ပြောသည်။

‌စောကြည်လင်းက “ဒီလိုပုဒ်မမျိုးကို အစိုးရက ကျင့်သုံး‌နေသ၍ အစိုးရကို ဘယ်မီဒီယာက ‌ဝေဖန်‌ရေးသားဖို့ မရဲ‌တော့တဲ့အ‌နေ အထားမျိုး‌ရောက်သွားမှာ‌ပေါ့။ ဒါ‌ကြောင့် ပယ်ဖျက်သင့်တယ်လို့‌တော့ ကျ‌နော်မြင်ပါတယ်။” ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၂၃ရက် ‌နေ့က ‌ပြောသည်။

ယင်းပုဒ်မသည် အများပြည်သူများ၏ လွတ်လပ်စွာထုတ်‌ဖော်‌ပြောဆိုပိုင်ခွင့်အား သွားပြီးခြိမ်း‌ခြောက်‌စေပြီး ကျူးလွန်သူများကို ချက်ချင်း ဖမ်းဆီးချုပ်‌နှောင်နိုင်သည့်အပြင် ချမှတ်မည့်ပြစ်ဒဏ်များလည်း ပြင်းထန်သဖြင့် ပုဒ်မ ၆၆(ဃ)ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်ဟု မြန်မာစာနယ်ဇင်း‌ကောင်စီအဖွဲ့ဝင် ဦးမြင့်‌ကျော်က ‌ပြောသည်။

၎င်းက “ဒီပုဒ်မဥပ‌ဒေကို အမြန်ဆုံး ပြင်ဆင်သင့်တယ်။ မပြင်ဆင်ခင်မှာ‌တော့ အသုံးမချဘဲ ရပ်စဲထားသင့်တယ်။ ဒီပုဒ်မ‌ကြောင့် မီဒီယာသမားများနဲ့ နိုင်ငံသား‌တွေက ခံစား‌နေကြရပြီး‌တော့ နစ်နာမှု‌တွေ များတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၃ရက်တွင် ‌နေပြည်‌တော်မှ ကျင်းပခဲ့သည့် အမျိုးသားလွှတ်‌တော်အစည်း‌ဝေး၌ ပို့‌ဆောင်‌ရေးနှင့် ဆက် သွယ်‌ရေးဝန်ကြီး ဦးသန့်ဇင်‌မောင်အား ပုဒ်မ ၆၆(ဃ)နှင့်အမြင်သ‌ဘောထားကို သတင်းသမားအချို့‌မေးမြန်းရာတွင် ဝန်ကြီးက လက်ရှိ ပုဒ်မ ၆၆(ဃ)ကို ကျင့်သုံးမှုအ‌ပေါ် ဘဝင်မကျ‌ကြောင်း ပြန်လည်‌ဖြေ ကြားခဲ့သည်ဟု သိရသည်။

ယခုလ နိုဝင်ဘာ ၁၁ရက်‌နေ့တွင် Eleven Media Group မှ အမှု‌ဆောင်အရာရှိချုပ် ‌ဒေါက်တာသန်းထွဋ်‌အောင်နှင့် အယ်ဒီတာ ချုပ် ကို‌ဝေဖြိုးတို့ကို အစိုးရအာဏာပိုင်များက ပုဒ်မ ၆၆(ဃ)အမှုဖြင့် ဖမ်းဆီးတရားစွဲခဲ့ရာ ‌ထောင်ဒဏ် ၂နှစ်အထိ အသီးသီး ချမှတ်ထားခံခဲ့ရသည့်အပြင် ယခုလက်ရှိအချိန်တွင် ပုဒ်မ ၆၆(ဃ)ဖြင့် အ‌ရေးယူခံရသူ‌ပေါင်း ၂၅ဦးရှိသည်ဟု သိရသည်။

ထို့‌ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဋ္ဌာနများနှင့် စာ‌ရေးဆရာအဖွဲ့များနှင့် အရပ်အဖွဲ့အစည်းများ စသည်တို့က အဆိုပါ ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်း‌ပေးရန် ‌တောင်းဆိုမှုများ ရှိ‌နေကြသည်။