Home သတင်း ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအတွက် Salween Peace Park မူဝါဒ ‌ရေးဆွဲ

‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအတွက် Salween Peace Park မူဝါဒ ‌ရေးဆွဲ

2163
‌အောက်တိုဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ (Salween Peace Park) ဖွဲ့စည်းသွားနိုင်‌ရေးအတွက် မူဝါဒမူကြမ်း‌ရေးဆွဲရန် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဖာပွန်ခရိုင်တစ်‌နေရာ၌ ‌အောက်တိုဘာလ ၂၄ရက်မှ ၂၅ရက်‌နေ့အထိ ပြုလုပ်ခဲ့ကြသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင် တာဝန်ရှိသူများနှင့် ကရင်သဘာဝပတ်ဝန်းကျင် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN)တို့ ပူးတွဲ ၍ (Salween Peace Park) ဖွဲ့စည်းသွားနိုင်ရန် အဖွဲ့ဝင် ၁၁ဦးပါဝင်သည့် မူဝါဒ‌ရေးဆွဲ‌ရေး ‌ကော်မတီဖြင့် မူကြမ်း ‌ရေးဆွဲ‌နေခြင်း ဖြစ်သည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင် တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စောလွဲ‌ဂေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီမူကြမ်းကို ‌ရေးဆွဲတာ Salween Peace Park အဖွဲ့ ဖွဲ့စည်းသွားဖို့ ဖြစ်ပါတယ်။ ‌နောက်တစ်ခုက ဒီမူဝါဒမူကြမ်းကို ‌ရေးဆွဲတဲ့အ ခါမှာ ဌာ‌နေတိုင်းရင်းသား‌တွေ ‌ရှေးပ‌ဝေသဏီကတည်းက ကျင့်သုံးလာခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ‌ပေါင်းစပ်မှာ ဖြစ်တဲ့အတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲလုပ်ပြီး ကျ‌နော်တို့ ‌ရေးဆွဲ လုပ်‌ဆောင်ကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောဆို သည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကူညီ‌ထောက်ပံ့‌ပေးသွားရန်၊ ‌ဒေသတွင်း သစ်‌တော အပါအဝင် ‌ရေ‌နေကုန်း‌နေ သားငါး၊ ‌တောရိုင်း တိရိစ္ဆာန်များ ထိန်းသိမ်းကာကွယ်သွားရန်နှင့် ‌တော‌တောင်‌ရေ‌မြေ သဘာဝသယံဇာတများ ထိန်းသိမ်းကာကွယ်သွားရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် Salween Peace Park အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင်က ဆိုသည်။

Salween Peace Park မူဝါဒ မူကြမ်း ‌ရေးဆွဲ‌ရေးအတွက် ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် KESAN မှ အဖွဲ့ဝင်အချို့နှင့် ‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ မြို့နယ်သုံးခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဋ္ဌာ‌နေကရင်တိုင်းရင်းသားများ စုစု‌ပေါင်း ၁၃၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

မူဝါဒ မူကြမ်း‌ရေးဆွဲ‌ရေးအ‌ပေါ် KESAN ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “ကျ‌နော်တို့ Salween Peace Park ဖွဲ့ဖို့ အ‌ခြေခံမူ‌တွေ ခိုင်မာဖို့ လိုတယ်။ ဒါ‌ကြောင့် အခုလို မူဝါဒမူကြမ်းကို ‌ဒေသတွင်း ပါဝင်သင့် ပါဝင်ထိုက်သူ‌တွေ အားလုံးနဲ့ အမြင်သ‌ဘော၊ ဆန္ဒ ‌တွေ ရယူပြီး ‌ရေးဆွဲတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ‌ရေးဆွဲထားသည့် မူဝါဒမူကြမ်းကို အတည်ပြုပြီး‌နောက် Salween Peace Park အဖွဲ့ ဖွဲ့စည်း‌ရေးအတွက် လာမည့်ဒီဇင် ဘာလတွင် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ထပ်မံ ပြုလုပ်သွားမည်ဟု ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင် တာဝန်ရှိသူများထံမှ သိ ရသည်။