Home အမြင်သဘောထား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ်-NCA တနှစ်တာကာလအတွင်း ပါဝင်ပတ်သက်သူအချို့ရဲ့ သုံးသပ်‌ပြောဆိုချက်များ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ်-NCA တနှစ်တာကာလအတွင်း ပါဝင်ပတ်သက်သူအချို့ရဲ့ သုံးသပ်‌ပြောဆိုချက်များ

2240

‌နော်ယုဇနဝါ (အတွင်း‌ရေးမှူ-၁၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ)

dsc_8153-nawyuzanawar
NCA လက်မှတ်‌ရေးထိုးပြီး‌နောက် ဆိုးကျိုး‌တွေက‌တော့ တပ်မ‌တော်စစ်‌ကြောင်း‌တွေနဲ့ နယ်ခြား‌စောင့်တပ်‌တွေက မြိုင် ကြီးငူ၊ မဲသ‌ဝေါ်‌ဒေသကို စစ်ဆင်လာတာဟာဆိုလို့ရှိရင် လက်မှတ်ထိုးထားတဲ့ KNU နဲ့ ကရင့်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့နဲ့ စစ်ပြန် လည်မဖြစ်ပွားဘူးဆို‌ပေမယ့်လည်း လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့‌ပေါ်မှာ ထိုးစစ်ဆင်မှု‌ကြောင့် ကျမတို့ ကရင်ဒုက္ခ သည်အ‌မြောက်အများက မြိုင်ကြီးငူ‌ဒေသနဲ့ နယ်စပ်‌ဒေသ‌တွေမှာ စစ်‌ဘေး‌ရှောင်‌နေကြရတယ်။ အခုဆိုရင် မဲသ‌ဝေါ်‌ဒေသမှာ စစ်‌ဘေး‌ရှောင် ၅၀၀၀‌ကျော်‌လောက် ရှိ‌နေပါတယ်။ သူတို့‌တွေက ပြန်ဖို့လည်း အခက်အခဲ‌တွေ ကြုံ‌နေကြရတယ်။ တပ်မ‌တော်က စစ်‌ကြောင်း ပြန်မရုပ်သိမ်း‌သေးဘူး ဆိုတဲ့အချက်ရယ်။ ‌နောက်တစ်ချက်ကျ‌တော့ ‌မြေမြှုပ်မိုင်း‌တွေရယ်။ ‌နောက်ဆုံးအချက်က ‌တော့ အဓိက သူတို့အိမ်‌ကောင်းယာ‌ကောင်းမှာက‌တော့ သစ်ပြား‌တွေကို ခွာယူခြင်းခံရပြီး‌တော့ သိပ်မ‌ကောင်းတဲ့အိမ်‌တွေဆိုရင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ကြရတယ်။ သူတို့ပိုင်ဆိုင်တဲ့ ကျွဲ၊ နွား‌တွေလည်း မရှိ‌တော့ပါဘူး။ စစ်ဆင်‌ရေးကာလ‌တွေမှာ ရိက္ခာအဖြစ်နဲ့ သုံးစွဲခြင်းခံရတယ်လို့‌တော့ သူတို့က ယူဆတာ‌ပေါ့။ ဒုက္ခသည်ပြဿနာ‌တွေက ‌တော်‌တော်‌လေးကြီးမား‌နေပါတယ်။ သူတို့ကို ပံ့ပိုးရမယ့် ဒုက္ခသည်‌တွေအတွက် လူသားချင်းစာနာ‌ထောက်ထား‌ရေးဆိုတဲ့ အခွင့်အ‌ရေး‌တွေလည်း လိုအပ်‌နေ‌သေးပါတယ်။
NCA လက်မှတ်ထိုးပြီး တနှစ်အတွင်းမှာ ‌ပြောင်းလဲမှုက‌တော့ ထင်ထင်သာသာ‌တော့ သိပ်မရှိဘူး‌ပေါ့‌နော်။ ဒါ‌ပေမဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ လုပ်‌ပေးတာက ‌ကောင်းတဲ့အချက်တစ်ချက်လို့ မြင်ရတာ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ သမ္မတဦးသိန်းစိန် လက် ထက်မှာလည်း လုပ်ခွင့်‌ပေးခဲ့ပါတယ်။ NCA လက်မှတ်ထိုးပြီး ‌သေနတ်သံ‌တွေ ပြန်ထွက်‌ပေါ်လာတာက ကျမတို့အ‌နေနဲ့က NCA လက်မှတ်ထိုးတဲ့ စာချုပ်အ‌ပေါ်မှာလည်း သံသယဖြစ်မိတာ‌ပေါ့။ အဓိပ္ပာယ်ပြည့်ဝတဲ့ NCA ဖြစ်ဖို့က‌တော့ တပ်မ‌တော်မှာ အများ ကြီး မူတည်‌နေပါတယ်။ သူ့အ‌နေနဲ့က ဒီလိုပဲ တိုင်းရင်းသား‌ဒေသ‌တွေမှာ ထိုးစစ်ဆင်‌နေမယ်ဆိုလို့ရှိရင် တစ်နိုင်ငံလုံး အပစ်ရပ် တဲ့ NCA က ဖြစ်လာမှာလည်း မဟုတ်ဘူး။ အခု ကရင်ပြည်နယ်မှာ သုံးဖွဲ့‌တောင် လက်မှတ်‌ရေးထိုးထားတယ်။ ဘယ်‌လောက်မှ အင်အားရှိတာမဟုတ်တဲ့ ဒီအဖွဲ့(ခွဲထွက် ဒီ‌ကေဘီ‌အေ)အ‌ပေါ်မှာ ထိုးလိုက်တဲ့ စစ်ဆင်မှု‌ကြောင့် ထွက်လာတဲ့ဒုက္ခသည်‌တွေရဲ့ ဆိုးကျိုး‌တွေက ပိုပြီးများပြားလာ‌နေပါတယ်။ ဒါ‌ကြောင့် တပ်မ‌တော်က ဒီ NCA မှာ လက်မှတ်ထိုးထားတယ်ဆိုတာ တကယ်တမ်း စိတ်ဆန္ဒအရင်းအမှန်နဲ့ ထိုးထားတာ ဟုတ်မဟုတ်။ ပြည်တွင်းစစ် ရပ်တန့်ဖို့ ဆန္ဒရှိမရှိ ဒါ‌တွေက‌တော့ ကျမတို့အ‌နေနဲ့ ‌မေးခွန်း ထုတ်စရာဖြစ်‌နေတယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်း‌ရေးရရှိဖို့ဆိုရင် အဓိကအ‌နေနဲ့ တပ်မ‌တော်က ပြည်သူလူထုအ‌ပေါ်မှာ မှန်ကန်တဲ့ စိတ်‌စေတနာ‌ကောင်း‌တွေ ထား‌စေချင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်တဲ့ကိစ္စမှာလည်း တပ်မ‌တော်အ‌နေနဲ့ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့၊ Profession ကျတဲ့ ဖက်ဒရယ်တပ်မ‌တော်ဖြစ်လာ‌အောင် ကြိုးစားလုပ်‌ဆောင်သင့်တယ်လို့ ကျမ မြင်ပါတယ်။

စဧရာဝင်း (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီဝင် –
တနသာင်္ရီတိုင်း‌ဒေသကြီး)

sa-ayar-win
ကျ‌နော်တို့တိုင်းအ‌နေနဲ့ပဲ ကြည့်ရမယ်ဆိုရင် ကျ‌နော်တို့ ဒီ NCA လက်မှတ်‌ရေးထိုးပြီး‌တော့ ဘယ်နှစ်လအတွင်း UPDJC ‌ရော၊ ဒီဘက်ခြမ်းကလည်း အပစ်ရပ်‌စောင့်ကြည့်ပြီး‌တော့JMC ဆိုတာ‌ရော ဖွဲ့စည်းနိုင်ခဲ့ပြီး‌တော့ ကျ‌နော်တို့ တိုင်းက လည်း ဒုတိယအ‌နေနဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပထမ‌တော့ ရှမ်းပြည်က စခဲ့တာ‌ပေါ့‌နော်။ တိုင်း‌ဒေသကြီးမှာ စဖွဲ့ကတည်းက ယ‌နေ့ အချိန်အထိ JMC ဖွဲ့ပြီးတဲ့‌နောက်ပိုင်း ဒီ NCA ‌လေးစားလိုက်နာမှု‌တွေပြီး‌တော့ အပြန်အလှန် ထိန်းညှိမှု‌တွေနဲ့ လူထု‌တွေကို အကာအကွယ်‌ပေးမှုအပိုင်းမှာလည်း ကျ‌နော်တို့တာဝန်ယူမှု တာဝန်ခံမှုအပိုင်း အဓိက ပါဝင်တာ‌ပေါ့‌နော်။ NCA တစ်နှစ်ပြည့် သွားပြီးအထိ တိုင်း‌ဒေသ‌တွေမှာ ဒီစာချုပ်ပါ နှစ်ဦးနှစ်ဖက် ‌လေးစားလိုက်နာမှုနဲ့ သွား‌နေတာ‌ပေါ့။ ‌နောက်တစ်နှစ်ပြည့်လည်း ‌လေးစားလိုက်နာမှုနဲ့ ကျ‌နော်တို့ နိုင်ငံ‌ရေး ရည်မှန်းချက်နဲ့ နိုင်ငံ‌ရေးမူ‌ဘောင်‌တွေကို ‌ဆွေး‌နွေးရမှာ ကျ‌နော်တို့လည်း JMC အ‌နေ နဲ့လည်း အခန်းကဏ္ဍတစ်ခုက‌နေပြီး‌တော့ အ‌ကောင်းဆုံးလုပ်‌ဆောင်သွားမယ်လို့ ကျ‌နော်တို့ ‌မျှော်လင့်ပါတယ်။
ပထမက‌တော့ ကျ‌နော်တို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးချိန်မှာ‌ရော၊ လက်မှတ်‌ရေးထိုးချိန်မှာ‌ရော ဦးသိန်းစိန် အစိုးရလက် ထက်နဲ့ ယခု သမ္မတ ဦးထင်‌ကျော်အစိုးရလက်ထက်နဲ့ အကူးအ‌ပြောင်းကြားမှာ‌တော့ တချက်‌လေးပဲ အခက်အခဲဖြစ်သွားပါ တယ်။ ‌နောက်ထပ် အခက်အခဲရှိလာဖို့လည်း ကျ‌နော်တို့ မ‌မျှော်လင့်ပါဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်တို့လုပ်‌ဆောင်‌နေတဲ့ လုပ်ငန်းတိုင်းမှာ အစိုးရ၊ တပ်မ‌တော်၊ တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ ပြည်သူ‌တွေ ညီညီမျှမျှနဲ့ သွားနိုင်ဖို့၊ နိုင်ငံ‌ရေး‌ဆွေး‌နွေး ပွဲ‌တွေမှာ အဓိက‌ဆွေး‌နွေးနိုင်ဖို့ အ‌ကြောင်းချင်းရာ အ‌သေးစိပ် ‌ဒေသအတွင်းမှာ‌ရော ပြီး‌တော့ ဇုန်‌ရော ကျ‌နော်တို့သတ်မှတ်‌ပေး ထားပြီး‌တော့ ဒီအမျိုးသားအဆင့်အထိ ‌ဆွေး‌နွေးနိုင်တဲ့ အ‌ကြောင်းအရာ၊ အခက်ခဲ‌တွေမရှိရ‌လေ‌အောင် ကျ‌နော်တို့ ဘယ်နှစ်လ မှာ တကြိမ်၊ ဘယ်နှစ်လ‌လောက်ဆိုပြီး အစီအစဉ်‌တွေဆွဲသွားပြီး‌တော့ အ‌ကောင်းဆုံး လုပ်‌ဆောင်သွားနိုင်မယ်လို့‌တော့ ကျ‌နော် ‌မျှော်လင့်ပါတယ်။
ယခုလက်ရှိတိုက်ပွဲဖြစ်‌နေတဲ့‌ဒေသ‌တွေမှာ ‌တော်‌တော်များများ ကြည့်လိုက်တဲ့အခါ ကျ‌နော်တို့လက်မှတ်‌ရေးထိုးထားပြီး တဲ့အဖွဲ့‌တွေ မပါပါဘူး။ လက်မှတ်မထိုး‌သေးတဲ့အဖွဲ့‌တွေနဲ့၊ ဒီကြားမှာဖြစ်‌နေကြတဲ့ လူမျိုး‌ရေး၊ ဘာသာ‌ရေးပဋိပက္ခ ပြီး‌တော့ ကိုယ့် ရဲ့အကျိုးစီးပွား‌တွေနဲ့ပတ်သက်ပြီး‌တော့ ဖြစ်တဲ့ပြဿနာ‌တွေပဲဖြစ်ပါတယ်။ ကျ‌နော်တို့ နိုင်ငံ‌ရေးနဲ့ပတ်သက်ပြီး‌တော့ တစ်ဘက် နဲ့တစ်ဘက် အစိုးရပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေပဲဖြစ်ဖြစ် ကြီးကြီးမားမားဖြစ်တဲ့ပြဿနာ‌တွေက မရှိပါဘူး။ ဒါ‌ကြောင့် ကျ‌နော်အမြင်နဲ့ သုံးသပ်တာက‌တော့ ပြည်တွင်းစစ်ဆိုတာက ထပ်မဖြစ်လာ‌အောင်‌တော့ အတတ်နိုင်ဆုံး ထိန်းသိမ်း သွားမှာပဲ။ ဖြစ်လာဖို့လည်း မရှိလာနိုင်‌တော့ဘူးလို့‌တော့ ကျ‌နော်မြင်တာ‌ပေါ့‌နော်။
နယ်စပ်မှာဖြစ်‌နေတဲ့ကိစ္စအချို့ကျ‌တော့ နည်းနည်း အခက်အခဲရှိတာက ဘာသာ‌ရေးကိစ္စ‌တွေ ပြီး‌တော့ အစွန်း‌ရောက် ပြီး သူ့ရဲ့အဖွဲ့စည်းတစ်ခုပဲကြည့်ပြီး‌တော့ ကိုယ့်ရဲ့တစ်မျိုးသားလုံးကို မကြည့်ဘဲနဲ့ လုပ်သွားတဲ့ကိစ္စအချို့‌တွေရယ် ပါဝင်‌ကောင်း ပါဝင်နိုင်မယ်။ ကျ‌နော်တို့က‌တော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြည်သူ‌တွေကို ‌စောင့်‌ရှောက်ရမယ့် တာဝန်က ကျ‌နော်တို့ရဲ့JMC အဖွဲ့ရဲ့တာဝန်ဖြစ်တယ်။ ပြည်သူ‌တွေကိုယ်စား ‌ရွေးချယ်ခဲ့တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျ‌နော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ‌လောက် ပြည်သူ‌တွေအတွက် ကြိုးစားလုပ်‌ဆောင်‌ပေးသွားမှာဖြစ်တယ်လို့ ‌ပြောချင်ပါတယ်။

ပဒို‌နော်မြိုင်ဖိုး (တရားသူကြီးချုပ်။ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ)

pado-naw-myingpoe
NCA ထိုးခဲ့တာ အားသာချက်နည်းတယ်။ အားနည်းချက်က ပိုများသလိုဖြစ်တယ်။ NCA ထိုးလိုက်ခြင်းဖြင့် သွား‌ရေး လာ‌ရေး လွတ်လပ်မှု‌တွေ‌တော့ ရသွားတာ‌ပေါ့‌နော်။ အ‌ကောင်အထည်‌ဖော်တဲ့အပိုင်းမှာ မဖြစ်လာတာလား။ မ‌ဖော်တာလားဆို တာ‌တော့ မ‌ပြောတတ်ဘူး။ ထင်သာမြင်သာ မ‌တွေ့ရဘူးလို့ ခံစားရတယ်။ NCA နဲ့ပတ်သက်ပြီး ကျမတို့လိုချင်တာက တိုင်းရင်း သားအားလုံး လက်မှတ်ထိုး‌စေချင်တယ်။ တိုင်းရင်းသားအားလုံး လက်မှတ်ထိုးမှ အတည်ပြုလို့ရမယ်။ ဒါက ကျမရဲ့ အမြင်ဖြစ် တယ်။ NCA နဲ့ ပတ်သက်ပြီး ဒီက‌နေ့ထိတိုင်‌အောင် ကတိလက်မှတ်‌ရေးထိုးထားတဲ့အတိုင်း မဖြစ်‌သေးဘူးဆိုတာကို ‌တွေ့‌နေရ တယ်။ လက်မှတ်ထိုးတဲ့ ရှမ်း‌တွေ‌တောင် တိုက်ပွဲဖြစ်‌သေးတာပဲ။ အခု မယ်သ‌ဝေါတိုက်ပွဲ မဖြစ်သင့်ဘူး။ နည်းနည်း‌လေးဖြစ်တာ နဲ့ သူတို့ လာငြိမ်းသတ်ရမယ်။ ဘာ‌ကြောင့်လဲဆို‌တော့ နယ်ခြား‌စောင့်တပ်ကို ကြိုးကိုင်တာက တပ်မ‌တော်ပဲ။ တပ်မ‌တော်က အမိန့်‌ပေးရင် ပြီးပြီ။ ဒါ‌တွေက လယ်ကွင်းပြင်မှာ ဆင်တစ်‌ကောင်သွား‌နေသလို ကွက်ကွက်ကွင်းကွင်း မြင်‌တွေ့နိုင်ပါတယ်။
ဘယ်လိုပဲ နိုင်ငံတကာကို မျက်နှာလုပ်ပြီး ‌အော်‌နေပါ‌စေ။ တိုက်ပွဲ‌တွေက ကြိုကြားကြိုကြားဖြစ်‌နေ‌သေးတယ်။ အထူး သဖြင့် အစိုးရဘက်မှာ တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအရဆိုရင် တပ်မ‌တော်က အစိုးရလက်‌အောက်ခံဖြစ်တဲ့အတွက်‌ကြောင့် အစိုးရ ကလည်း တပ်မ‌တော်ကို နည်းနည်း‌လေး ထိန်းရမယ်။ အခု တနိုင်ငံလုံး ပစ်ခတ်ရပ်စဲ‌ရေးရဲ့ ပုံသဏ္ဍာန် လုံးဝ မ‌ဆောင်ဘူးဆို ‌တော့ တပ်မ‌တော်ကိုလည်း အစိုးရက ထိန်းလို့မရတဲ့ပုံ‌ပေါ်‌နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အစိုးရနဲ့ ‌နောက် တပ်မ‌တော်နဲ့လည်း ပြန်ပြီး‌တော့ ‌ဆွေး‌နွေးဖို့သင့်တယ်။ ပြန်ပြီး‌တော့ ‌တွေ့ဆုံသင့်တယ်လို့ မြင်တယ်။ လက်မှတ်ထိုးထားတယ်။ မဖြစ်လာဘူး။ တိုက်ပွဲ‌တွေပြန်ဖြစ်တယ်။ ဒါ‌တွေဟာ ဘယ်သူ့အ‌ပေါ်မှာမူတည်လဲ။ ဘယ်သူ‌တွေ တာဝန်ရှိသလဲဆိုတာ‌တော့ အထူးသဖြင့် အင်အားကြီးတဲ့ တပ်မ‌တော်ဘက်က အဓိကလိုဖြစ်‌နေလို့ ယူဆတယ်။ ‌နောက်ပြီး‌တော့ တိုင်းရင်းသား‌တွေနယ်‌မြေ ထဲမှာသွား ဖြစ်တာ။ မြို့ထဲကို လာဆင်းဖြစ်တာ မဟုတ်ဘူး။ ဘယ်သူ‌တွေက ကျူးလွန်တယ်ဆိုတာက‌တော့ ထင်သာမြင်သာ ရှိပါတယ်။
NCA ‌ရှေ့ဆက် အား‌ကောင်းလာ‌အောင် နှစ်ဖက်စလုံးက ကတိစာချုပ်အတိုင်း အ‌ကောင်အထည်‌ဖော်ဖို့ ခိုင်မာတဲ့ သ‌ဘောထား ရှိရမယ်။ ကတိစာချုပ်‌ရေးထိုးတဲ့အတိုင်း အ‌ကောင်အထည်‌ဖော်မှာကို ပြည်သူ‌တွေ ‌တွေ့မြင်၊ ယုံကြည်မှုရှိ‌အောင် ‌ပေါ့။ NCA ဟာလည်း အချိန်တစ်နှစ် ရှိ‌နေပါပြီ။ ‌အောက်‌ခြေ ကရင်စစ်သားပဲဖြစ်ဖြစ်၊ ဗမာစစ်သားပဲဖြစ်ဖြစ်၊ ဗမာပြည်သူပဲဖြစ် ဖြစ်၊ ကရင်ပြည်သူပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပြည်သူ‌တွေပဲဖြစ်ဖြစ် ဘယ်အ‌ကြောင်းအရာမှ ‌သေ‌သေချာချာ မသိဘူး။ ပြည်သူ‌တွေ က တိုင်းရင်းသား‌တွေနဲ့ လက်နက်ကိုင်‌တွေရဲ့ NCA အ‌ကြောင်းကို ‌ကောင်း‌ကောင်းမွန်မွန်နားလည်‌အောင် ‌ပြောပြတာကို လိုချင် တယ်။ ဒါ‌တွေကို ချပြဖို့ နှစ်ဖက်တာဝန်ရှိသူ‌တွေက နည်းလမ်းရှာကြရမယ်။ ပြည်သူ‌တွေ၊ ‌အောက်‌ခြေစစ်သား‌တွေဆီ ‌ရောက်ရှိ ‌အောင် ဘယ်လိုလမ်းရှာကြမလဲ။ သူတို့ လုပ်‌ဆောင်ကြရမယ်။ Joint monitor တို့မှာလည်း အမျိုးသမီး‌ခေါင်း‌ဆောင် မပါဝင် ‌သေးဘူး။ အမျိုးသမီးအင်အား တအားလို‌နေတယ်။ consultation လုပ်တဲ့အခါကျမှ အမျိုးသမီးအဖွဲ့‌တွေကို လာ‌ခေါ်ကြတယ်။ အမှန်မှန်ဆို အမျိုးသမီး‌တွေ ပါမှသာလျှင် ပိုပြီး‌တော့ တိကျမှန်ကန်တဲ့ ငြိမ်းချမ်း‌ရေးအတွက် အခု NCA ထိုးတာလည်း တကယ် ‌အောင်မြင်မယ်လို့ ယူဆတယ်‌လေ။ တစ်ပြည်လုံး ပစ်ခတ်ရပ်စဲ‌ရေးလုပ်တဲ့အချိန်မှာ နည်းနည်း‌လေး ပြန်စဉ်းစားသုံးသပ်‌စေချင် တယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်‌တွေ မကဘူး။ အစိုးရဘက်က‌ကော၊ တပ်မ‌တော်ဘက်က‌ကော အထူးသတိ ထားဖို့ တိုက်တွန်းချင်တယ်။

‌နော်ဆာထူး (အရပ်ဖက်ကိုယ်စားလှယ်။ JMC-S မွန်ပြည်နယ်)

dsc_8167-nawhsarhtoo
NCA နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးပါဝင်နိုင်ဖို့က အ‌ရေးကြီးတာ‌ပေါ့‌နော်။ တစ်နို်င်ငံလုံး ပစ်ခတ်ရပ်စဲ‌ရေးစာချုပ်လို့ ဆို‌ပေမယ့် အခုက လက်မှတ်ထိုးထားတာ (၈)ဖွဲ့ပဲ ရှိ‌သေးတယ်။ တစ်ဖက်မှာလည်း လက်မှတ်မထိုးတဲ့အဖွဲ့‌တွေရှိတယ်။ တပ်မ ‌တော်‌တွေရဲ့တပ်သား‌တွေ ထားရှိပုံ‌တွေကို ပြည်သူ‌တွေ‌ပြောကြားချက်အရ ကျမတို့ သိရတာ ဒါက ‌ကောင်းတဲ့အချက်တစ်ခု ဖြစ် တယ်။ မွန်ပြည်နယ်မှာက သထုံ၊ တပ်မဟာ (၁)နဲ့ တပ်မဟာ (၆)နယ်‌မြေ ပါဝင်တာ‌ပေါ့‌နော်။ ‌ရေးဘက်မှာဆိုရင် မွန်‌တွေ ရှိတာ ‌ပေါ့‌နော်။ လွန်ခဲ့တဲ့တစ်လအတွင်းမှာ ‌မြေယာပြဿနာဖြစ်တယ်။ NCA စာချုပ်ပါအတိုင်းဆိုရင် ‌မြေယာပြဿနာက ပါဝင်‌ပေမယ့် မွန်က လက်မှတ်မထိုးတဲ့အတွက် သူတို့အတွက် သိပ်ပြီး အကျုံးမဝင်သလိုဖြစ်တယ်။ သူတို့ ‌နေစရာ‌တွေ ဝင်‌ဆောက်တာ‌တွေ အဲဒီလို အခက်အခဲ‌တွေ ရှိတယ်။
ရွာ‌တွေဘက်မှာ ကျမ ‌ရေးဘက်နဲ့သံဖြူဇရပ်ဘက်ကို ပို‌ရောက်တာများတယ်။ ပြည်သူ‌တွေ NCA နဲ့ဆိုင်တဲ့ အချက် (၁၇)ချက်ကို သူတို့မသိဘူး။ ကျမတို့ CSO ‌တွေနဲ့ သင်တန်း‌ပေးဖြစ်တယ်။ NCA ဘာ‌ကြောင့် ဖြစ်‌ပေါ်လာရတာလဲ။ ‌ကျေးရွာ ‌ဒေသ‌တွေ အခွင့်အလမ်း၊ အခွင့်အ‌ရေးကို သိရမယ်။ ကျမကိုယ်တိုင်ကလည်း တပ်မ‌တော်(ဗမာ)ဘက်က မဟုတ်ဘူး။ ဒီလိုပဲ လက်နက်ကိုင်(တိုင်းရင်းသား)ဖက်ကလည်း မဟုတ်ဘူး။ ကျမက ပြည်သူ့ဘက်က ဖြစ်တဲ့အတွက် ပြည်သူ‌တွေဖြစ်တဲ့ အခက် အခဲကို‌ပြောပြတာ သူတို့သိလာတဲ့အခါကျ‌တော့ ဝမ်းသာကြတယ်။ အဲဒီမှာ မွန်‌တွေ‌ရော၊ ကရင်‌တွေ‌ရော ရှိကြတယ်။ NCA နဲ့ပတ်သက်တဲ့ အချက်အလက်‌တွေကို တကယ့်‌အောက်‌ခြေအထိ အဆင့်ဆင့်‌ပြော‌ပေး‌စေချင်တယ်။ လုပ်‌ပေး‌စေချင်တယ်။ သိ‌စေချင်တယ်။ ဒါမှသာ စာချုပ်မှာပါတဲ့အချက်အားဖြင့် ကိုယ့်လူထုအတွက် ဘယ်‌လောက်အကာအကွယ် ဖြစ်နိုင်လဲ‌ပေါ့‌နော်။
ကျမက မွန်ပြည်နယ်ထဲမှာ‌နေတဲ့အတွက် တချို့ ကျမကြားရတာ‌တွေက မလွယ်ဘူး။ NCA က သိပ်ပြီးအကျိုးမဖြစ်ဘူး လို့ ကျမမြင်တယ်။ ဒီထက်အကျိုးပိုဖြစ်ဖို့က အခုတက်တဲ့ အစိုးရပဲဖြစ်ဖြစ်၊ ကျမတို့‌ပြော‌နေတဲ့ သုံးပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ တပ်မ‌တော် ဖြစ်ဖြစ် ပြည်သူအတွက်၊ နိုင်ငံအကျိုးအတွက်ကို ‌မျှော်မှန်းဖို့က အ‌ရေးကြီးတယ်။ အဆင့်ဆင့် စီစဉ်‌ဆောင်ရွက်ရမယ်။ စာချုပ်ထဲ မှာပဲ၊ စားပွဲ‌ပေါ်မှာပဲ ‌ပြောတာမဟုတ်ဘဲနဲ့ တကယ့်လက်‌တွေ့ ‌သေ‌သေချာချာလုပ်ရမယ်။ အ‌ပြောနဲ့ လက်‌တွေ့နဲ့ တစ်ထပ်တည်း ကျဖို့ လိုတယ်။

ပဒို‌စောလှထွန်း (ဗဟိုအမြဲတမ်း‌ကော်မတီဝင်၊ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ)

dsc06694
ဒီ NCA လက်မှတ်ထိုးရခြင်း ဖြစ်တည်လာမှုက ဒီနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းချင်တာ‌ပေါ့။ အဲဒီစာချုပ်ကလည်း ၂၀၁၅၊ နိုဝင်ဘာလ (၁၅)ရက်‌နေ့မှာ စာချုပ်လက်မှတ်ထိုးခဲ့တာမို့ တစ်နှစ်ပြည့်ပြီ‌ပေါ့။ စာချုပ်အတိုင်း (၈)ဖွဲ့လက်မှတ်ထိုးတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက် လွှတ်‌တော်ထဲက‌နေ အတည်ပြုထားတဲ့အတွက် ဒီ NCA ဆိုတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေးစာချုပ်အ‌ပေါ် ‌ဆောင်ရွက်သွားရမှာ‌တွေက လွှတ်‌တော်မှာ အတည်ပြုချက်ရှိတဲ့အတွက် အာမခံချက်ရှိတဲ့ အား‌ကောင်းတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ‌နောက်ထပ် အားသာချက်တစ်ခုကလည်း NCA စာချုပ်ကို လွှတ်‌တော်မှာအတည်ပြုတဲ့အတွက် ဆက်လက်ပြီး‌တော့ ပစ်ခတ်တိုက်ခိုက်မှု‌တွေ ‌လျော့နည်းသွား‌အောင်လို့ JMC ကို ကျ‌နော်တို့ ဖွဲ့ခဲ့တယ်။ NCA စာချုပ်အရ နိုင်ငံ ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းမယ်ဆိုတဲ့လမ်း‌ကြောင်း ရရှိတဲ့အတွက် ဒါ အားသာချက်တစ်ခု ဖြစ်လာတာ‌ပေါ့‌နော်။
ဒီအပစ်ခတ်ရပ်စဲ‌ရေးစာချုပ် တစ်နှစ်တာကာလမှာ လက်မှတ်မထိုးရ‌သေးတဲ့ တိုင်းရင်းသားအဖွဲ့‌တွေအတွက် နည်းလမ်း ရှာ၊ လမ်း‌ကြောင်းရှာ‌ပေမယ့်လည်း ဒီက‌နေ့အထိ ‌ဆွေး‌နွေး‌နေရဆဲ၊ ညှိ‌နေရဆဲကာလပဲ ရှိ‌သေးတဲ့အတွက် ‌အောင်မြင်မှုတစ်ခု ‌ပြောလို့မရ‌သေးဘူး‌ပေါ့‌နော်။ နှစ်တစ်နှစ်အချိန်ကို ပြန်ကြည့်တဲ့အခါမှာ ကျ‌နော်တို့ လက်နက်ကိုင်‌တော်လှန်‌ရေး (၁၆)ဖွဲ့ဖြစ်တဲ့ NCCT နဲ့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့‌တွေ ‌ဆွေး‌နွေးပြီး‌တော့ တစ်နှစ်‌ကျော်ကာလမှာ NCA ဆိုတဲ့စာချုပ်ကို ရရှိခဲ့တယ်။ ဒါ‌ပေမယ့် တကယ် လက်မှတ်ထိုးတဲ့ခါကျမှာ (၁၆)ဖွဲ့လုံး မပါဝင်နိုင်တဲ့ အားနည်းချက်တစ်ခု ‌တွေ့ရတာ‌ပေါ့‌နော်။
NCA တနှစ်တာကာလမှာ ဖြစ်သွားတဲ့ ပဋိပက္ခ‌တွေက ကျ‌နော်တို့ တည်‌ဆောက်ရမယ့် လမ်း‌ကြောင်း‌ပေါ်မှာ ချဉ်းကပ် မှု၊ နားလည်မှုလွဲပြီး‌တော့ ဖြစ်ခဲ့တဲ့ကိစ္စ‌တွေရှိတယ်။ အဓိက က ကျ‌နော်တို့ တာဝန်ယူရမယ့်အပိုင်းက သုံးပိုင်း ရှိတာ‌ပေါ့။ အစိုးရ မှာ တာဝန်ရှိသလို တပ်မ‌တော်ဘက်အပိုင်းမှာလည်း တာဝန်ရှိတာ‌ပေါ့။ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ အ‌နေနဲ့ ထိန်းချုပ်မှုနယ်‌မြေအတွင်းမှာ တာဝန်ပြန်ရှိတာ‌ပေါ့‌နော်။ အခုဆိုရင်လည်း လက်မှတ်မထိုးရ‌သေးတဲ့ UNFC ရဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေး‌ရေးအဖွဲ့ကလည်း NLD အစိုးရရဲ့ ငြိမ်းချမ်း‌ရေး‌ကော်မရှင်နဲ့‌တွေ့ပြီး‌တော့ NCA လက်မှတ်ထိုးနိုင်‌ရေးအတွက် အချက် (၈)ချက်ကို ပြန်ပြီး‌ဆွေး‌နွေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်တာ အ‌တောအတွင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိ‌တွေ့မှု‌တွေ ရှိတယ်။ ပဋိ ပက္ခ‌တွေ ရှိမယ်။ အတတ်နိုင်ဆုံး အ‌ကောင်းဆုံးနည်းလမ်း‌တွေ ရှာကြံပြီး‌တော့ လုပ်‌ဆောင်သွားရမယ်။
ဒီနိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်း‌ရေးဟာ လက်နက်ကိုင်ပဋိပက္ခ မရှိတာတခုတည်းနဲ့က အားလုံး အတူတကွ ငြိမ်းချမ်းတဲ့ပုံစံကို မရနိုင်ဘူး။ တိုင်းရင်းသား‌တွေ ကိုင်စွဲခဲ့ကြတဲ့ တိုင်းရင်းသား‌တွေရဲ့ ရည်မှန်းချက်၊ အစိုးရဘက်က ရပ်တည်ချက်နဲ့ ဖြစ်ခဲ့တာက နိုင်ငံ‌ရေး ‌တောင်းဆိုမှုတိုက်ပွဲ‌ပေါ့‌နော်။ ဒါကလည်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွား‌အောင် အပစ်ခတ်ရပ်စဲ‌ရေး မြန်မြန်လုပ် သွားရ‌အောင်ဆိုပြီး‌တော့လုပ်တဲ့ ဦးတည်တာဖြစ်တယ်။ အဲဒါ‌ကြောင့်မို့ ဒီနိုင်ငံရဲ့သွားရမယ့် ငြိမ်းချမ်း‌ရေးပုံစံက NCA စာချုပ်အ ပြင် တကယ့်ကို တခြား‌သောအ‌ကြောင်းအရာအမျိုးမျိုးနဲ့ ဖြစ်လာခဲ့တဲ့ ပဋိပက္ခ‌တွေကို ကိုင်တွယ်‌ဆောင်ရွက်သွားဖို့၊ ရှိ‌နေတဲ့ နိုင်ငံ‌ရေးဖြစ်စဉ်ကိုသွားဖို့ ဒါက အဆင့်လိုက်အဆင့်လိုက် ချိတ်ဆက်‌ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကို ပြည်သူလူ ထုတစ်ရပ်လုံးသိ‌အောင် ချပြဖို့လိုသလို ပြည်သူတစ်ရပ်လုံးပါဝင်မှ နိုင်ငံ‌ရေးဖြစ်စဉ်ရဲ့ ငြိမ်းချမ်း‌ရေး ရလာမှာဖြစ်တယ်။