Home သတင်း ငြိမ်းချမ်းမှု မရှိ၍ မူးယစ်‌ဆေးဝါးပြဿ နာကိုု နှိမ်နှင်းရန် ခက်ခဲ‌ကြောင်း ‌ကျောက်မဲမြို့နယ်ရဲမှူး‌ပြော

ငြိမ်းချမ်းမှု မရှိ၍ မူးယစ်‌ဆေးဝါးပြဿ နာကိုု နှိမ်နှင်းရန် ခက်ခဲ‌ကြောင်း ‌ကျောက်မဲမြို့နယ်ရဲမှူး‌ပြော

1949

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

နယ်‌မြေမလုံခြုံမှု၊ မငြိမ်းချမ်းမှုတို့‌ကြောင့် မူးယစ်‌ဆေးဝါး ပြဿ နာကို နှိမ်နှင်းရန် ခက်ခဲ‌ကြောင်း ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ‌ကျောက်မဲခရိုင်၊ ‌ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်က စက်တင်ဘာလ ၁၅ရက်‌နေ့က ‌ပြောကြားလိုက်သည်။

“‌ပြောရင်‌တော့ နယ်‌မြေမလုံခြုံလို့ပါပဲ။ အ‌ကြောင်း‌ကြောင်း‌တွေ‌ကြောင့် ‌နေတဲ့ အဖွဲ့အစည်း‌တွေဟာလည်း သူတို့ရဲ့ အဖွဲ့အစည်း ‌တွေ သွားလာလှုပ်ရှားမှု များတဲ့အခါမှာ အဲ့ဒီအ‌ပေါ်မှာ မူတည်ပြီး‌တော့မှ ဒီမူးယစ်‌ဆေးဝါး ဆက်လုပ်တာတို့၊ ‌ရောင်းဝယ်တာတို့၊ သယ်‌ဆောင်တာတို့ဆိုတာက ‌တော်‌တော်‌လေး လွယ်လွယ်ကူကူ ရှိ‌နေတဲ့အတွက်‌ကြောင့် မူးယစ်‌ဆေးဝါး‌တွေဟာ ပြန့်နှံ့‌နေတာ ပါ။”ဟု ၎င်းက ‌ပြောသည်။

၎င်းအပြင် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားမှုတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါဝင်ဆက်စပ်မှုရှိ‌သော‌ကြောင့် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းကို လုပ်‌ဆောင်ရာတွင် အခက်အခဲတစ်ရပ် ဖြစ်‌စေသည်ဟုလည်း ရဲမှူးဝင်းခိုင်က ဆက် ‌ပြောသည်။

‌ကျောက်မဲမြို့နယ်တွင် မြန်မာ့တပ်မ‌တော်၊ ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော် RCSS/SSA၊ ရှမ်း ပြည်တိုးတက်‌ရေးပါတီ/ရှမ်းပြည်တပ်မ‌တော် SSPP/SSAနှင့် တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် TNLA တပ်ဖွဲ့ဝင် များ လှုပ်ရှားလျှက်ရှိသည်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းကို လုပ်‌ဆောင်‌နေသည့် ‌ကျောက်မဲမြို့အ‌ခြေစိုက် ဇီဝိတလူမှုကူညီ‌ရေးအသင်း ဥက္ကဋ္ဌဖြစ် သူ ဦးတင်‌မောင်သိန်းက နယ်‌မြေငြိမ်းချမ်း‌ရေးရရှိမှ မူးယစ်‌ဆေးဝါးများကို ပ‌ပျောက်သွားနိုင်မည်ဟု ‌ပြောသည်။

၎င်းက “ငြိမ်းချမ်း‌ရေးမရရင် မရနုိုင်ဘူး။ ‌နောက်ဆက်တွဲပြဿ နာ‌တွေဟာ ပြည်သူလူထု‌တွေထွက်‌ပြေးပြီး‌တော့ ဒုက္ခ‌ရောက်ကြ တယ်။ ‌သေ‌ကြေကြတဲ့ အ‌နေအထားဆိုတာ‌တွေက လတ်တ‌လော ကွက်ကွက်‌လေးဖြစ်တဲ့ဟာဖြစ်တယ်။ မငြိမ်းချမ်းတဲ့အတွက် တစ်နိုင်ငံလုံးမှာ ဘိန်းစား‌တွေဖြစ်‌နေတယ်။”ဟု ‌ပြောသည်။

ထိုကဲ့သို့ မူးယစ်‌ဆေးဝါး ပြဿ နာထိန်းချုပ်ရန် ခက်ခဲ‌သော‌ကြောင့် လက်ရှိ ‌ကျောက်မဲမြို့နယ်၊ လွယ်အံ‌ကျေးရွာအုပ်တွင် မူးယစ် စိတ်ကြွ‌ဆေးပြား(မြင်း‌ဆေး)များကို ‌ဈေးချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်‌သော‌ကြောင့် လူထုများအကြား ကျယ်ကျယ်ပြန့် ပြန့် သုံးစွဲလျက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ယင်းကိစ္စအ‌ပေါ် ‌ကျောက်မဲမြို့ RCSS/SSA၏ လူထုဆက်ဆံ‌ရေး ရုံးတာဝန်ခံ နန်းမိုးမိုး‌စောက “မူးယစ်‌ဆေးဝါး နဲ့ပတ်သက်ပြီး ကျမတို့က ကိုယ့်ရဲ့‌ဒေသမှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေ‌ပေါင်းပြီး အသိပညာ‌ပေးတာ‌လေး‌တွေလည်း ရှိတယ်။ မူချမှတ်တာ‌တွေ ရှိတယ်။ စစ်ပွဲ‌တွေ‌ကြောင့်မို့ မူးယစ်‌ဆေးဝါး‌တွေပြန့်ပွားလာတယ်ဆိုတာက မမြင်ချင်ဘူး။ ဒါက မြန်မာတစ်နိုင်ငံလုံးမှာ ပြန့်နှံ့‌နေ တဲ့ကိစ္စ‌ပေါ့‌နော်။ အစိုးရက ဒီဟာကို တကယ်ပ‌ပျောက်ချင်ရင် အစိုးရအင်အား‌တွေနဲ့ဆို ပိုလုပ်နိုင်မယ်လို့ထင်တယ်”ဟု ‌ပြော သည်။

‌ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်း မူးယစ်‌ဆေးဝါး‌ရောင်းဝယ်‌ဖောက်ကားမှု ၇၄မှု၊ ယခုနှစ် ၂၀၁၆၊ စက်တင် ဘာလ ၁၅ရက်‌နေ့အထိ ၅၉မှု ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့ပြီ အများဆုံးမှာ ဘိန်းမဲနှင့် စိတ်ကြွ‌ဆေးပြား အမှုများဖြစ်သည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးက ‌ပြောသည်။

၂၀၁၅ခုနှစ်က ကုလသမဂ္ဂ မူးယစ်‌ဆေးနှင့် ရာဇဝတ်မှုရုံးက ထုတ်ပြန်ခဲ့သည့် အ‌ရှေ့‌တောင်အာရှ ဘိန်းစစ်တမ်းအစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ‌ပေါ်တွင် အာဖဂန်နစ္စတန် ပြီး‌နောက် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ဧကမှာ ၂၀၁၅ တွင် ဟက်တာ ၅၅၅၀ဝ ခန့်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ မြန်မာပြည်သူလူထုအကြားတွင် ဘိန်း ဖြူ၊ ဘိန်းမဲနှင့် စိတ်ကြွ‌ဆေး သုံးစွဲမှုအများဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအဖွဲ့များက ‌ပြောသည်။

ယခုု‌နောက်ပိုုင်း ဘိန်းဖြူ၊ ဘိန်းမဲ အပြင် စိတ်ကြွ‌ဆေးပြား ထုတ်လုပ် ဖြန့်ချိ သုုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာပြီး စိတ် ကြွ‌ဆေးပြဿနာသည် ကြီးမားသည့် ပြဿ နာတစ်ရပ် ဖြစ်လာလျှက်ရှိသည်။