စက်တင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
နေပြည်တော်၊ MICC 2 ခန်းမတွင် ယနေ့ ကျင်းပပြီးစီးသည့် ၂၁ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးတွင် တပ်မတော်အစု အဖွဲ့ဘက်က အသံများကို ရယူခွင့် အခက်အခဲရှိသဖြင့် တက်ရောက်သတင်းယူနေကြသည့် သတင်းမီဒီယာသမားများက ဝေဖန် ပြောဆိုနေကြသည်။
ဩဂုတ်လ ၃၁ရက်နေ့မှ စက်တင်ဘာလ ၃ရက်နေ့အထိ ကျင်းပသည့် ၎င်းအစည်းအဝေးတွင် သတင်းအချက်အလက်အတွက် အခြားသော အဖွဲ့အစည်းများ၏ အသံများကို ရယူနိုင်သော်လည်း တပ်မတော်ဘက်က မီဒီယာသမားများကို ပြောရန် နောက် တွန့်နေသည်ဟု ဘီဘီစီမြန်မာပိုင်း ဒုတိယဋ္ဌာနမှူး ဦးမင်းထက်က ပြောသည်။
“တပ်မတော်က အရေးပါတဲ့အဖွဲ့ပဲလေ။ သူတို့ဆီက အသံကိုရဖို့ ကြိုးစားတာကို ကျနော်တို့ မရပါဘူး။ အကြိမ်ကြိမ်ပဲ။ အဲဒီအ ချက်က ကျနော်တို့အတွက် ပိုပြီးတော့ ခက်ခဲတယ်လေ။ ဒီဟာကိုပြင်နိုင်ရင် ပိုပြီးတော့ ပွင့်လင်းတယ်။ လွတ်လပ်တယ်။ သဘောထား ဘာဆိုတာလည်းပဲ ထုတ်ပြောနိုင်ရင်တော့ တပ်မတော်အတွက် အမြင်လည်း ပိုကောင်းတယ်လေ။”ဟု ကေအိုင်စီ သို့ ပြောသည်။
သတင်းမီဒီယာသမားများအနေဖြင့် တပ်မတော်၏ သဘောထားများကို ရယူနိုင်ပါက လတ်တလော သွားနေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ပိုပြီး အထောက်အကူပြုလာမည်ဟုလည်း ဦးမင်းထက်က ဖြည့်စွက်ပြောဆိုသည်။
အမေရိကန်အခြေစိုက် The New York Times သတင်းထောက် ကိုဝေမိုးကလည်း “တပ်နဲ့ပတ်သက်တဲ့ သဘောထားကို မေးရ ခက်တယ်။ Freedom of Press (သတင်းလွတ်လပ်ခွင့်)ဆိုတာ ဒီမိုကရေစီရဲ့ အုတ်မြစ်ပဲလေ။ စီစဉ်တဲ့သူတွေကော၊ အရာရှိပိုင်း တွေကော တော်တော်လေးတော့ မသိသေးတဲ့သဘောဖြစ်တယ်။ တိုက်ရိုက် ထုတ်လွှင့်တဲ့ဟာမျိုးကတော့ Positive (အပြု သဘောဆောင်) ဖြစ်တယ်ပေါ့။ ရယူဖို့ ကြိုးပမ်းတဲ့နေရာမှာတော့ အကန့်အသတ်တွေရှိတယ်။”ဟု ပြောသည်။
ညီလာခံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရယူရန် မီဒီယာသမားများကို အခွင့်အရေးပေးသင့်ကြောင်း၊ ညီလာခံ အတွက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရာတွင် သတင်းမီဒီယာသမားများ သိရှိသင့်သည့် အသေးစိပ်ကျသော ဖြေကြားမှုများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်းလည်း ဝါရင့်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူ ဦးစိုးသန်းလင်းက ပြောသည်။
၎င်းကိစ္စများအပေါ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “တပ်ဆိုတာက အထက်ကနေ အမိန့်ပေးမှုအပေါ်မှာ နောက်က အားလုံးလိုက်နေရတဲ့ အနေအထား။ သူတို့မှာ ဒီမိုကရေစီအခွင့်အရေးတွေ သိပ်မရှိဘူး။ လွတ်လွတ်လပ်လပ် ပြောလို့သိပ်မရ ဘူး။ ပြောပုိုင်ခွင့်ကို အထက်က ပေးမထားရင် ဘာမှပြောပိုင်ခွင့်မရှိဘူး။ ပြောရေးဆိုခွင့် ခွင့်ပြုထားတဲ့ပုဂ္ဂိုလ်ကို သွားမေးရင် ဖြေ ကောင်းဖြေမယ်လေ။”ဟု ပြောဆိုသည်။
ထို့အပြင် ညီလာခံ နောက်ဆုံးနေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား တက် ရောက် ပြောကြားရာတွင် မီဒီယာဇာနယ်ဇင်းသမားများကို ဝင်ခွင့်မပြုသဖြင့် မီဒီယာသမားများအကြား မကျေနပ်မှုများရှိနေ သည်။
လေးရက်ကြာ ပြုလုပ်ကျင်းပခဲ့သည့် ညီလာခံတွင် ပြည်တွင်း၊ပြည်ပရှိ မီဒီယာ စာနယ်ဇင်းသမား စုစုပေါင်း ၂၀၀ကျော် တက် ရောက်သတင်းရယူကြသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံမှ သိရှိရသည်။
ယနေ့ ဆက်လက်ကျင်းပသည့် ညီလာခံ၏ နောက်ဆုံးနေ့တွင် သဘာပတိများအဖြစ် ဒုဗိုလ်ချုပ်ကြီးရာပြည့်(တပ်မတော်)၊ ဒေါက်တာတင်မျိုးဝင်း(အစုိုးရ)၊ ဒေါ်ရှီလာနန်တောင်(လွှတ်တော်)၊ ခွန်မြင့်ထွန်း(တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း)၊ ဦးမြင့်စုိုး(ပြည်ထောင်စုု ကြံ့ခုိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ)တို့မှ တာဝန်ယူပြီး တပ်မတော် အပါအဝင် သက် ဆိုင်ရာအဖွဲ့ ၁ဝဖွဲ့မှ ၎င်းတို့၏ သဘောထားစာတမ်းများကို ဖတ်ကြားခဲ့သည်။
ညီလာခံအပိတ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ၎င်းပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ ဒုတိယအကြိမ် အစည်းအဝေးကို လာမည့်ခြောက်လတွင် ကျင်းပသွားရန် လျာ ထားသည်ဟု ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ၏ ပြောဆိုချက်အရ သိရသည်။