Home သတင်း ‌ကျောက်မိုင်း‌ဖောက်ခွဲမှု‌ကြောင့် ‌တောင်က‌လေး‌တောင်တွင် ကြီးမားသည့် ပြိုကျမှုဖြစ်ပွား

‌ကျောက်မိုင်း‌ဖောက်ခွဲမှု‌ကြောင့် ‌တောင်က‌လေး‌တောင်တွင် ကြီးမားသည့် ပြိုကျမှုဖြစ်ပွား

2018

ဩဂုတ် ၂၄ ရက်၊၂၀၁၆ ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့နယ်၊ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန်‌ကျေးရွာအုပ်စုအကြားရှိ ‌တောင်က‌လေး ‌တောင်ကို ဩဂုတ် ၂၂ ရက်‌နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ‌ကျောက်ထုတ်လုပ်ငန်း ထုတ်လုပ်‌ရေးအတွက် မိုင်း‌ဖောက်ခွဲမှု‌ကြောင့် ‌တောင်မှာ ယခင်ထက် ပိုမိုကြီးမားသည့် ပြိုကျမှုဖြစ်ပွားခဲ့သည်။

၎င်း‌တောင်ပြိုကျမှုဖြစ်ပွားသည့်‌နေရာတွင် လုပ်ငန်းရှင် ဦးခင်‌မောင်‌ကျော် လုပ်ကိုင်‌နေသည့် ‌တောင်၏ အ‌ရှေ့ ဘက်ခြမ်းဖြစ်ပြီး ယင်းကြီးမားသည့် ‌တောင်ပြိုကျမှု‌ကြောင့် အနီးအနားရှိ ‌ဒေသခံပိုင် ခြံအတွင်းရှိ သစ်ပင်များနှင့် ရာဘာပင်များ ပျက်စီးဆုံးရှုံးကာ အသက်အန္တရာယ် စိုးရိမ်‌နေရသည်ဟု ‌တောင်က‌လေး‌တောင်‌ခြေနှင့် အနီးဆုံးရွာဖြစ်သည့် ‌တောင်ကုန်းရွာ‌ဒေသခံ ‌စောဇာလီက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဖောက်ခွဲမှုက ‌တော်‌တော်ပြင်းတယ်။ အခု ‌တောင်ပတ်ပတ်လည်မှာ ‌ရေ‌တွေ ရှိတယ်။ ‌တောင်ပြိုကျ‌တော့ ငါး‌တွေက ၂ ဖာလုံ‌လောက်အကွာ‌ဝေးရှိတဲ့ ရွာအထိ‌တောင် လွှင့်ကျလာတယ်။ သစ်ပင်‌တွေ ရာဘာပင်‌တွေ လည်း လဲကျပျက်စီးတယ်။ အနီးအနားမှာ သွားလာလှုပ်ရှားကြတဲ့ ‌ဒေသခံ‌တွေရဲ့အသက်အန္တရာယ်ကို အလွန်ပဲ စိုးရိမ်‌နေရတယ်။ ကျ‌နော်တို့ ‌ဒေသခံ‌တွေက ဒီလုပ်ငန်းကို ချက်ချင်းရပ်ပစ်‌ပေးချင်တယ်”ဟု ၎င်းက ‌ပြောသည်။

ထို‌ကျောက်မိုင်း‌ဖောက်ခွဲမှု‌ကြောင့် နှစ်စဉ် ‌နွေရာသီအချိန်အတွင်း ‌ဒေသခံများ လှိုင်ဂူတွင်းသို့ ‌ရေသွားခပ်ရန်နှင့် ငါးသွားဖမ်းရန် လမ်း‌ကြောင်း ပိတ်ဆို့သွား‌ကြောင်း၊ လက်ရှိ ‌တောင်‌ခြေရှိ ‌ရေထဲတွင် ‌ကျောက်တုံး များစွာ နစ်မြှုပ်ကျန်ရစ်‌သေး‌နေ‌သေ‌ကြောင်း ‌တောင်ကုန်း‌ဒေသခံများက ဆိုသည်။
received_189707674780374
‌တောင်ပြိုကျမှုအ‌ခြေအ‌နေနှင့် ပတ်သက်၍ အထက်‌ကော့ရင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌ရွှေသိန်းက “သူတို့ မိုင်းခွဲတာက ၃ ချက်ပါ။ ပျက်စီးသွားတဲ့‌နေရာများက ၁ ဧက‌လောက်ရှိတယ်။ ဒီအနီးနားမှာရှိ‌နေကြတဲ့ ‌ဒေသခံများအတွက်‌တော့ အန္တရာယ်ရှိတယ်ဆိုတာ‌တော့ အမှန်ပါ။ ဒါ‌ကြောင့် ကျ‌နော်တို့လည်း ဒီကိစ္စကို ဆက်လုပ်သင့်မလုပ်သင့် ပြန်လည်သုံးသပ်ရမယ်”ဟု ‌ပြောသည်။

၎င်းအပြင် ‌တောင်ပြိုသည့်‌နေရာသို့ အထက်‌ကော့ရင်း‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ‌ဒေသခံ ရွာသားအချို့တို့က သွား‌ရောက်ကြည့်ရှုစစ်‌ဆေးကြပြီး ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအ‌နေဖြင့် မြို့နယ်သို့ ‌ဒေသအတွင်း ထူးခြားဖြစ်စဉ်အဖြစ် ပြန်လည်တင်ပြသွားမည်ဟု ‌စော‌ရွှေသိန်းက ဆက်‌ပြောသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းတွင် တစ်‌နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့် ‌နေ့စဉ်ရက်ဆက် ‌ကျောက်မိုင်း ‌ဖောက်ခွဲလျှက်ရှိပြီး အ‌ရှေ့ဘက်ခြမ်း ‌ကျောက်မိုင်း‌ဖောက်ခွဲမှုမှာ ပိုမို ပြင်းထန်သည့်အတွက် ‌တောင်ကုန်းရွာ အိမ်‌ခြေများ တုန်ခါသည်အထိ ဖြစ်ပွားမှုများရှိခဲ့သလို ‌တောင်အ‌နောက်ဘက်ခြမ်းရှိ ဘုန်းကြီး‌ကျောင်းအထိ ‌ကျောက်ခဲတုံးကြီး လွှင့်စင်ထိမှန်မှုများလည်း ရှိခဲ့၍ ‌တောင်ကုန်း‌ကျေးရွာမှ ရွာသားတစ်ဦးလည်း သတိလစ်မှုများ ရှိခဲ့သည်ဟု သိရသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် လုပ်ငန်းရှင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်အ‌နောက်ဘက်ခြမ်းတွင် ဦးလူခင် ဆိုသူတို့က လုပ်ကိုင်ကြာ လုပ်ငန်းကာလတ‌လျှောက် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လယ်‌မြေထိခိုက်မှု အချို့ အပါအဝင် ‌ဒေသခံများအကြား သ‌ဘောထားကွဲလွဲခြင်း၊ လူမှု‌ရေးပြဿနာများ အမျိုးမျိုးဖြစ်ပွားလျှက်ရှိသည်မှာ ယခုအချိန်ထိ ဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

‌ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်‌ပေးရန် လွန်ခဲ့သည့် ဇွန် ၂၈ရက်‌နေ့၌ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စု ‌ရွှေဝါထွန်းကွက်သစ် ဘဝအလင်းစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည့် လူမှုအဖွဲ့အစည်းနှင့်‌ဒေသခံများ ‌တွေ့ဆုံပွဲတစ်ခုတွင် ‌ကျောက်ထုတ်လုပ်ငန်းရပ်တန့်‌ပေးရန်အတွက် ‌ဒေသခံများက ကရင်ပြည်နယ်အစိုးရ နှင့်လွှတ်‌တော်သို့ စာတင်‌တောင်းဆိုခဲ့သည်။