Home ထိပ်တန်းသတင်း တစ်မျိုးသားလုံး လျှပ်စစ်မီးလင်း‌ရေးစီမံချက်(NEP)၏ ဆိုလာပြားတပ်ဆင်မည့်အစီအစဉ် ‌ဝေဖန်မှုများထွက်‌ပေါ်

တစ်မျိုးသားလုံး လျှပ်စစ်မီးလင်း‌ရေးစီမံချက်(NEP)၏ ဆိုလာပြားတပ်ဆင်မည့်အစီအစဉ် ‌ဝေဖန်မှုများထွက်‌ပေါ်

1884

ဩဂုတ် ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကမာ္ဘ့ဘဏ်နှင့်‌ကျေးလက်‌ဒေသ ဦးစီးဌာနတို့ပူး‌ပေါင်းပြီး တစ်မျိုးသားလုံး လျှပ်စစ်မီးလင်း‌ရေး စီမံချက်(NEP)ဖြင့် လျှပ်စစ်မီးမရရှိသည့်‌ကျေးရွာများတွင် လျှပ်စစ်မီးရရှိ‌ရေး ဆိုလာ(Sola)ပြားများကို ယခုနှစ် ‌မေလတွင် တပ်ဆင်‌ပေးအပ်သွားမည်ဟု တာဝန်ရှိသူများ‌ပြောဆိုထား‌သော်လည်း ယခုအချိန်ထိ ‌ပေးအပ်နိုင်ခြင်းမရှိ‌သေးသည့်အ‌ပေါ် ‌ဒေသခံများထံမှ ‌ဝေဖန်မှုများ ထွက်‌ပေါ်လျှက်ရှိသည်။

အဆိုပါ စီမံချက်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း(၂၉)ရွာမှ အိမ်‌ခြေ‌ပေါင်း(၁၈၀၀)‌ကျော်က ဆိုလာ (Sola)ပြားအချပ်များ ရယူရန် မြန်မာ့စီးပွား‌ရေးဘဏ်သို့ ပြီးခဲ့သည့် ‌မေလမှ ဩဂုတ်လအထိ အရစ်ကျ‌ငွေ နှစ်ကြိမ် ‌ပေး သွင်းထားခဲ့ပြီးဖြစ်‌သော်လည်း ယခုဩဂုတ်လ ‌ရောက်သည့်အချိန်ထိ လာ‌ရောက်‌ပေးအပ်ခြင်းမရှိခြင်း‌ကြောင့် ယင်းသို့ ‌ဝေဖန်‌ပြောဆိုလာကြခြင်းဖြစ်သည်။

တံခွန်တိုင် ‌ကျေးရွာအုပ်စုရှိ ထီးဖိုးနိုင်း‌ကျေးရွာမှ နန်းအနိုင်း‌ဖော့က “ကျမတို့ကို‌ပြော‌တော့ ငါးလပိုင်းမှာ အပြီးတပ် ဆင်‌ပေးမယ်‌ပေါ့‌နော်။ အခု (၈)လပိုင်း‌တောင်‌ရောက်သွားပြီး။ ‌ငွေလည်း နှစ်ခါသွင်းထားပြီးပြီး။ လာမယ် လာမယ်နဲ့ ‌စောင့် ‌နေတာကြာသွားပြီး။ ဘယ်လိုဖြစ်‌နေတာလဲ။ ပိုက်ဆံများ လာလိမ်သွားသလား‌ပေါ့။”ဟု ဩဂုတ်လ ၂ရက်‌နေ့က ‌ကေအိုင်စီ သို့ ‌ပြောသည်။

တမို့‌ဝေါင်း‌ကျေးရွာအုပ်ချုပ်‌ရေးမှူး မန်းခင်လှိုင်ကလည်း “လူထုက ‌ငွေအရစ်ကျ နှစ်ခါသွင်းပြီးသွားပြီး။ အခုထိ လာမတပ် ‌သေးဘူး‌ပေါ့။ ရွာသား‌တွေကလည်း ‘မင်းတို့ဆိုလာပြားကို ‌စောင့်‌နေတာကြာပြီး၊ ပိုက်ဆံလာလိမ်သွားတာလား၊ ‌ငွေတိုးချ စားသွားတာလားဆိုပြီး ရွာသား‌တွေက ‌မေး‌နေပြီ။ နားလည်မှု‌တွေလွဲမှာစိုးလို့ ကျ‌နော် ‌မေတ္တာရပ်ခံ‌ပြောထားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် မြို့နယ်ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူဘက်ကမူ ယခင်နှစ်များ၌ ပြည်တွင်းကုမ္ပဏီများနှင့် ပူး‌ပေါင်း‌ပေးအပ်ခဲ့ သည့် ဆိုလာ(Sola)များသည် အရည်အ‌သွေးပြည့်မီခြင်းမရှိမှုနှင့် ယခုနှစ်တွင် အာမခံစနစ် (၅)နှစ်ပါရှိမည့် ဆိုလာ(Sola) များကို ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်၊ ဂျာမနီနှင့် အခြားကုမ္ပဏီ‌ပေါင်း ၆၀‌ကျော်ကို တင်ဒါစနစ်ဖြင့် ‌ခေါ်ယူ ‌ဆောင်ရွက်‌နေဆဲ ဖြစ်‌သော‌ကြောင့် မ‌ပေးအပ်နိုင်‌သေးခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့နယ်‌ကျေးလက်‌ဒေသဦးစီးဌာန ဦးစီးမှူး ‌စော‌အောင်မျိုးမြင့်က “အခု ကမာ္ဘ့ဘဏ်နဲ့ ‌ပေါင်းလုပ်တဲ့စနစ်ကျ‌တော့ နိုင်ငံတ ကာ ကုမ္ပဏီ ၆၀‌လောက် ပါလာတယ်။ ကုမ္ပဏီ‌တွေကို စိစစ်‌နေရတုန်းပဲ‌ပေါ့‌နော်။ အဓိက‌တော့ ပြည်သူလူထု‌တွေ အရည် အ‌သွေး‌ကောင်းမွန်တဲ့ ဆိုလာပြားရရှိဖို့အတွက် ကျ‌နော်တို့ဘက်က ကြိုးစား‌ဆောင်ရွက်‌ပေး‌နေတယ်။ ဒီဇင်ဘာလ ‌လောက်ဆိုရင် ‌ကျေးရွာမှာ အပြီးလာ‌ရောက် တပ်ဆင်‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရွာသားများထံ လာ‌ရောက်တပ်ဆင်‌ပေးမည့် ဆိုလာပြားချပ်ကို အမျိုးအစား (၃)မျိုးဖြင့် ခွဲထားပြီး တန်ဖိုး ၃သိန်းကျပ်တန် ပစ္စည်းကို (၃၀၀၀၀)ကျပ်၊ တန်ဖိုး ၄သိန်း ၈‌သောင်းကျပ်တန်ကို (၅၀၀၀၀)ကျပ်နှင့် တန်ဖိုး ၅သိန်း ၂‌သောင်းကျပ်တန်ကို (၇၀၀၀၀)ကျပ် စသဖြင့် အရစ်ကျ သုံးခါ မြန်မာ့စီးပွား‌ရေးဘဏ်သို့ တိုက်ရိုက်သွင်းရမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများ က ‌ပြောသည်။

တစ်မျိုးသားလုံး လျှပ်စစ်မီးလင်း‌ရေး(NEP)စီမံချက်ကို မြန်မာနိုင်ငံ၏ မဟာဓာတ်အားလိုင်းနှင့် (၅)မိုင်‌ကျော်ရှိသည့် ‌ကျေး ရွာများသို့ ဆိုလာ(Sola)ပြားဖြင့် လျှပ်စစ်မီးရရှိရန် ကမာ္ဘ့ဘဏ်(World Bank)၏ ‌ထောက်ပံ့‌ငွေဖြင့် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၌ အခမဲ့စနစ်ဖြင့် စတင် အ‌ကောင်ထည်‌ဖော်ခဲ့သည်ဟု သိရသည်။