Home သတင်း မိုင်ဂျာယန်တွင် ပြုလုပ်မည့် စုံညီအစည်းအ‌ဝေးတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများကို ဖိတ်ကြားမည်

မိုင်ဂျာယန်တွင် ပြုလုပ်မည့် စုံညီအစည်းအ‌ဝေးတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများကို ဖိတ်ကြားမည်

1614

ဇူလိုင် ၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကချင်ပြည်နယ်၊ မိုင်ဂျာယန်‌ဒေသတွင် ဇူလိုင်လ ၂၆ရက်မှ ၂၉ရက်‌နေ့အထိ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန် ‌ရေးအဖွဲ့များ၏ မျက်နှာစုံညီအစည်းအ‌ဝေးတွင် ပြည်တွင်းရှိ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်တက် ‌ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်‌ကြောင်း အစည်းအ‌ဝေးကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇူလိုုင်လ ၈ရက်‌နေ့က ကျင်းပပြီးစီးခဲ့‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် NCA လက်မှတ်‌ရေးထိုးထားကြသည့် ညှိနှိုင်း‌ဆွေး‌နွေး‌ရေး‌ကော်မတီအဖွဲ့-CTမှ တိုင်းရင်းသား‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအ‌ဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစည်းအ‌ဝေးကျင်းပ‌ရေး‌ကော်မတီမှ ဒုဥက္ကဌ ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စော ကွယ်ထူးဝင်းက “ဘာဖြစ်လို့ဖိတ်ရလဲဆို‌တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေရဲ့ နိုင်ငံ‌ရေးရည်မှန်းချက်က တိုင်း ရင်းသားပါတီ‌တွေရဲ့ နိုင်ငံ‌ရေးရည်မှန်းချက်‌တွေနဲ့ ထပ်တူပဲဖြစ်တဲ့အတွက်‌ကြောင့် သူတို့လည်း ပါဝင်သင့်တယ်ထင်လို့ ဖိတ်ကြား ရခြင်းဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၂၁ရာစုပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် မိုင်ဂျာယန်တွင် ပြုလုပ်မည့် မျက်နှာစုံညီ အစည်းအ‌ဝေးတွင် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် တိုင်းရင်းသားများ၏ နိုင်ငံ‌ရေးဆိုင်ရာ ဘုံသ‌ဘောထားရရှိ‌ရေးအပြင် နိုင်ငံ ‌ရေးဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်မည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၂၁ဖွဲ့အပြင် စည်းလုံးညီညွတ် ‌သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၊ ညီ‌နောင်တိုင်းရင်းသားများဖက်ဒ‌ရေးရှင်း(NBF)နှင့် အမျိုးသမီးများအဖွဲ့ချူပ် -မြန်မာနိုင်ငံ(WLB) အဖွဲ့များကို တရားဝင် ဖိတ်ကြားသွားမည်ဟု ဆုံးဖြတ်ခဲ့‌ကြောင်း သိရသည်။

UNA ၏ အတွင်း‌ရေးမှူးအဖွဲ့ဝင် စိုင်းညွန့်လွင်က “အဲဒီကိစ္စက ဖိတ်မယ်ဆိုပြီး ကြားထားတာ‌တော့ရှိတယ်။ အခု‌တော့ မ‌ရောက် လာ‌သေးဘူး‌ပေါ့။ အဲဒီအစည်းအ‌ဝေးကိုလုပ်တာ ‌ကောင်းတယ်လို့မြင်ပါတယ်။ ကျ‌နော်တို့အ‌နေနဲ့ တက်ဖို့ မတက်ဖို့က‌တော့ မဟာမိတ်အဖွဲ့‌တွေ အချင်းချင်းရဲ့ သ‌ဘောထားကို ပြန်လည် ညှိနှိုင်းတိုင်ပင်ရအုံးမယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၁ရာစုပင်လုံညီလာခံမကျင်းပမီ တိုင်းရင်းသားများ၏ ဘုံသ‌ဘောထားရရှိ‌ရေးအတွက် ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် စုံညီအ စည်းအ‌ဝေးတစ်ခု ကျင်းပသွားရန် ဇွန်လ ၃ရက်‌နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ညီညွတ်‌သော တိုုင်းရင်းသားလူမျိုး များ ဖက်ဒရယ်‌ကောင်စီ(UNFC)၏ ဗဟိုအလုပ်အမှု‌ဆောင် တိုးချဲ့အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းစုံညီအစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တက်‌ရောက်ရန် ဇွန်လ ၂၅ရက်‌နေ့က ကျင်းပပြီး သွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (EAO PPST) ၏ ဒုတိယအကြိမ် ညီလာခံမှ ထပ်မံဆုံးဖြတ်ခဲ့ပြီး ကျင်းပမည့်ရက် အတိအကျကို ယမန်‌နေ့က ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ထိုသို့ အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။