Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း AIDS ‌ဝေဒနာရှင်များအတွက် ရပ်ကွက်ကျန်းမာ‌ရေးအ‌ခြေပြုစင်တာ ဖွင့်လှစ်

မြန်မာ‌ရွှေ့‌ပြောင်း AIDS ‌ဝေဒနာရှင်များအတွက် ရပ်ကွက်ကျန်းမာ‌ရေးအ‌ခြေပြုစင်တာ ဖွင့်လှစ်

3071

ဇွန် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံအတွင်း ‌ရွှေ့‌ပြောင်း‌နေထိုင် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာအလုပ်သမားများအနက် ခုခံအားကျဆင်း‌ရောဂါ – AIDS ‌ဝေဒနာရှင်များအတွက် ရည်ရွယ်၍ AIDS Healthcare Foundation-AHF (Myanmar)နှင့် AHF (Thailand) တို့ပူး‌ပေါင်း ပြီး ရပ်ကွက်ကျန်းမာ‌ရေး အ‌ခြေပြုစင်တာတစ်ခုကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့၌ ယ‌နေ့ ဖွင့်လှစ်လိုက်သည်။

AHF (Myanmar) Country Program Manager ‌ဒေါက်တာဝင်းဦးက “‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ သူတို့မှာ HIV positive ရှိရင် မြဝတီပြန်လာပြီး‌တော့ ART‌ဆေးဝါး အခမဲ့ယူပိုင်ခွင့်ရှိတယ်။ ဒီ‌နေ့ဖွင့်တဲ့ စင်တာ‌လေးကလူနာကို သတင်း အချက်အလက် ‌တွေ ဖြန့်‌ပေးမယ်။ သံသယရှိတဲ့ အလုပ်သမား‌တွေကို ‌သွေးလိုက်စစ်‌ပေးမယ်။ ပိုးရှိတယ်ဆိုရင် မြဝတီကိုပို့ပြီး ‌ဆေးကုသမှု ‌ပေး မယ်။ AHF မြန်မာနဲ့ AHF ထိုင်းတို့ ပူး‌ပေါင်းပြီး‌တော့ အစိုးရရဲ့လိုအပ်ချက်‌တွေကို ဖြည့်ဆည်း‌ဆောင်ရွက်‌ပေးတာ‌ပေါ့”ဟု ‌ပြော သည်။

ထိုင်းနိုင်ငံအတွင်းရှိ The Planned Parenthood Association of Thailand(PPAT)အဖွဲ့၊ IPPFအဖွဲ့၊ AHF (Thailand)အဖွဲ့တို့မှ အဓိကကူညီ‌ထောက်ပံ့မှုဖြင့် ၎င်းစင်တာကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား AIDS ‌ရောဂါနှင့်ပတ် သက်ပြီး ပညာ‌ပေးလုပ်ငန်းများ၊ ‌ဝေဒနာရှင်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်ပြီး ‌ဆေးဝါးအခမဲ့ကုသ‌ပေးခြင်းများအပြင် HIV ပိုးရှိမရှိ အခမဲ့ ‌သွေး‌ဖောက်စစ်‌ဆေးခြင်းများကိုပါ ယင်းစင်တာက လိုက်လံ‌ဆောင်ရွက်‌ပေးသွားမည်ဟု သိရသည်။

“HIV ဆိုတာက ကျန်တဲ့ ကင်ဆာတို့ ‌သွေးတိုး‌ရောဂါတို့ ‌လေးဘက်နာတို့ ကျန်တဲ့တခြား‌ရောဂါ‌တွေနဲ့ အတူတူပဲ။ HIV ‌ရောဂါ ဖြစ်‌နေရင် ‌ကြောက်စရာမလိုဘူး။ အခုလက်ရှိမှာ ‌ဆေး‌တွေက အခမဲ့ရ‌နေပြီး။ အခု စင်တာဖွင့်တဲ့ ရည်ရွယ်ချက်က လူနာကိုရှာ မယ်။ လူနာကိုရရင် မြဝတီကိုပို့မယ်။ မြဝတီကို‌ရောက်ရင် အစိုးရကထုတ်‌ပေးတဲ့‌ဆေးကို အခမဲ့ရမယ်”ဟု AHF (Thailand) ၏ Country Program Manager, Chatwut wangwon (Noi) က ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_0293
စင်တာဖွင့်ပွဲ တက်‌ရောက်လာသူ HIV ‌ဝေဒနာရှင် မြဝတီ‌ဆေးရုံ၏ ရှင်သန်ယိုင်းပင်းခြင်းအဖွဲ့မှ မခင်‌လေးသွယ်ကလည်း “ကျမ တို့ HIV ပိုးနဲ့ ရှင်သန်တဲ့သူ‌တွေဟာ အခွင့်အ‌ရေး‌တွေ အများကြီးရပါတယ်။ အခုက မြန်မာနိုင်ငံမှာလည်း ပွင့်လင်းလာတာနဲ့အမျှ ‌နေရာတိုင်း၊ မြို့နယ်တိုင်းမှာ ဘယ်ဌာန‌တွေမှာ ‌ဆေး‌ပေးလည်းဆိုတာကို ကျမမှာ လမ်းညွန်မှု‌တွေ အများကြီးရှိလာပါတယ်။ ဒီထိုင်းက မြန်မာပြည်သား‌တွေလည်း ကျမနဲ့ဆက်သွယ်ရင် ဘယ်‌နေရာ‌တွေမှာ ‌ဆေးရနိုင်မလဲဆိုတာ ကျမ လမ်းညွန်‌ပေးနိုင်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆုိုပါ စင်တာကုို တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ 147/5 Intharakiri Rd, J2 ဟုိုတယ်အနီးဖွင့်လှစ်ထားပြီး မည်သည့် မြန်မာအလုပ် သမားမဆို အခမဲ့ သွား‌ရောက် ‌သွေးစစ်နိုင်သလို အလုပ်သမားများ၏ လုပ်ငန်းခွင်‌နေရာအထိ သွား‌ရောက် ‌သွေး‌ဖောက်စစ်‌ပေး ခြင်းများကို လုပ်‌ဆောင်‌ပေးသွားမည်ဟု သိရသည်။

ယ‌နေ့ပြုလုပ်သည့် ၎င်းစင်တာဖွင့်ပွဲသို့ မဲ‌ဆောက်မြို့ အာဏာပိုင်များ၊ AHF (Thailand) မှအကြီးအကဲနှင့် တာဝန်ရှိသူများ၊ AHF(Myanmar)မှတာဝန်ရှိသူများ၊ မယ်‌တော်‌ဆေးခန်းမှ ကိုယ်စားလှယ်တစ်ချို့နှင့် HIV/AIDS ‌ဝေဒသနာရှင်အချို့ အပါအဝင် စုစု‌ပေါင်း (၅၀)ခန့် တက်‌ရောက်ခဲ့ကြသည်။