Home သတင်း ‌ကျေးရွာပိုင် သယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လူထု‌တွေ့ဆုံပွဲ ပြုလုပ်ပြီးစီး

‌ကျေးရွာပိုင် သယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လူထု‌တွေ့ဆုံပွဲ ပြုလုပ်ပြီးစီး

2253

ဇွန် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

‌ကျေးရွာပိုင် သယံဇာတများကို ‌ဒေသခံများစု‌ပေါင်း ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကရင်သဘာဝပတ်ဝန်းကျင်၊ လူမှု‌ရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်(KESAN)နှင့် ‌ဒေသခံလူထုတို့ ပူး‌ပေါင်းကာ ‌ကျေးရွာပိုင် သယံဇာတအရင်းအမြစ် ထိန်းသိမ်းကာ ကွယ်ခြင်းဆိုင်ရာ ရပ်ရွာအ‌ခြေပြု ‌ဆွေး‌နွေးပွဲ တစ်ရပ်ကို ဇွန်၂၅-၂၆ အထိ ဖားအံမြို့နယ်၊ ‌ကော့ကူး‌ကျေးရွာ ဘုန်း‌တော်ကြီး ‌ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲတွင် ဖားအံ‌ဒေသတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ‌လေ့လာ‌တွေ့ရှိချက်များကို ‌ကျေး ရွာလူထုအား ပထမဆုံးအကြိမ် ပြန်လည်ချပြခြင်းဖြစ်ပြီး ယခုကဲ့သို့ အခြား‌ဒေသ များတွင်လည်း ပြုလုပ်လာပါက ‌ဒေသအ‌ခြေပြု လုပ်ငန်းများ ပိုမို ‌အောင်မြင်လာနိုင်‌ကြောင်း (KESAN)မှ ဖားအံတာဝန်ခံ ‌စောသာဘိုးက ယခုလို ‌ပြောသည်။

“အဓိကက ကျ‌နော်တို့နဲ့ ‌ဒေသခံလူထု‌ပေါင်းပြီး‌တော့ ‌လော‌လောဆယ် ‌ဖေ‌ဖော်ဝါရီလတုန်းက သဘာဝပတ်ဝန်းကျင်နဲ့ ပတ် သက်ပြီး ‌လေ့လာမှတ်သားထားတဲ့ ‌တွေ့ရှိချက်များကို ‌ကျေးရွာတွင်းမှာ ရှိတဲ့ ရွာသူ/သားနဲ့ တာဝန်ရှိသူ‌တွေကို ပြန်လည်ချပြတဲ့ သ‌ဘောပါ”ဟု ‌စောသာဘိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်သည့် အဆိုပါ‌တွေ့ဆုံပွဲသို့ မိဇံ၊ ‌ကော့ကူး၊ မှိုင်းကံ၊ ‌နောင်ကမြိုင်၊ မိကရင်၊ မုက္ကတိ၊ ‌ပေါ့‌ထော်၊ ကမ်းက‌လေး၊ ကမ်းကြီး၊ ထီဖိုးကလုံး စသည့်‌ကျေးရွာ‌ပေါင်း ၁ဝရွာမှ လူဦး‌ရေ ၅၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး မိကရင်‌ကျေးရွာရှိ ‌ကော့ကူးကျွန်း ‌ဒေါ်လာအင်းနှင့် ပတ်သက်၍ တန်ဖိုးထား ကာကွယ် ထိန်းသိမ်းတတ်‌စေရန်၊ စိန်‌ခေါ်မှုများနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးခဲ့ ‌ကြောင်း ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူများထံမှ သိရသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ မိကရင်‌ကျေးရွာသား ‌စော‌ကျော်လှက “ကျ‌နော် ‌တွေ့ဆုံပွဲကို တက်‌ရောက်ရတဲ့ ရည်ရွယ်ချက်က ‌ကျေးရွာမှာ အသိပညာ‌ပေး ဗဟုသုတ‌တွေ ပြန်မျှ‌ဝေလို့ ရမယ်။ ‌နောက်ပြီး ‌ကျေးရွာပိုင် သယံဇာတ‌တွေကို မဖြစ်သင့်တာ‌တွေ မဖြစ်‌အောင်လည်း ထိန်းသိမ်းတတ်ဖို့ ဒီသင်တန်းကို လာတက်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိကရင်‌ကျေးရွာရှိ ‌ဒေါ်လာအင်းကို ၂၀၁၃ခုနှစ်တွင် ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနက ‌လေလံတင်ရန် ကြိုးစားခဲ့‌သော်လည်း ‌ဒေသခံများ ကန့်ကွက်မှု‌ကြောင့် မလုပ်ဖြစ်ခဲ့သလို ‌နောင်တွင်လည်း ‌ဒေသတွင်းရှိ သယံဇာတများကို ‌လေလံတင်ခြင်းများ မပြု လုပ်ရန်လည်း ‌တောင်းဆိုချင်‌ကြောင်း ‌စော‌ကျော်လှက ဖြည့်စွက် ‌ပြောဆိုသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) သည် ထိုင်းနိုင်ငံရှိ၊ တက္ကသိုလ်တခုနှင့် ပူး‌ပေါင်း ကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သံလွင်မြစ်‌ချောင်း ထိန်းသိမ်း‌ရေး ဆိုင်ရာ ‌လေ့လာ‌ရေး အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့‌သေး သည်။