Home သတင်း တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရပ်တည်နိုင်‌ရေး ဘီအဲန်အိုင်နှင့် ပြန်ကြား‌ရေးဝန်ကြီးဋ္ဌာန ‌ဆွေး‌နွေး

တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရပ်တည်နိုင်‌ရေး ဘီအဲန်အိုင်နှင့် ပြန်ကြား‌ရေးဝန်ကြီးဋ္ဌာန ‌ဆွေး‌နွေး

1963

ဇွန်လ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုုင်ငံတွင် တိုင်းရင်းသားမီဒီယာများ ပိုမို တိုးတက်ဖွံ့ဖြိုးလာ‌စေ‌ရေးအတွက် နိုင်ငံတကာ မြန်မာ့သတင်း(ဘီအဲန်အိုင်) တာဝန်ရှိသူများနှင့် အစိုးရ၏ ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးအဖွဲ့တို့ ဇွန်လ ၂၄ရက်‌နေ့တွင် ‌နေပြည်‌တော်ရှိ ပြန်ကြား‌ရေးဝန်ကြီးဌာနရုံး၊ အစည်းအ‌ဝေးခမ်းမတွင် ‌ဆွေး‌နွေးခဲ့ကြသည်။

မွန်းလွဲ ၁နာရီမှစ၍ တစ်နာရီ‌ကျော်ကြာမြင့်သည့် အဆိုပါ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အစိုးရမှ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုး‌ရေးနှင့် ပတ်သက်သည့် ဘဏ္ဍာ‌ရေးပိုင်းဆိုင်ရာအပြင် သတင်းထုတ်လုပ်မှုအပိုင်း၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင် သတင်းရယူ ‌ဖော်ပြမှု အ‌ခြေအ‌နေများကို ဘီအဲန်အိုင်ဘက်က တာဝန်ရှိသူများက အဓိကထား ‌ဆွေး‌နွေးတင်ပြခဲ့ကြ‌ကြောင်း ဘီအဲန်အိုင် အမှု‌ဆောင်ဒါရိုက်တာ နန်း‌ဖော့‌ဂေက ‌ပြောဆိုသည်။

နန်း‌ဖော့‌ဂေက “‌ဆွေး‌နွေးပွဲတစ်ခုလုံးကို ခြုံငုံ‌ပြောရမယ်ဆိုရင်‌တော့ ကျမတို့ဘီအဲန်အိုင် အပါအဝင် တိုင်းရင်းသားမီဒီယာ အား လုံး ‌ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြန်ကြား‌ရေးဝန်ကြီးဌာနနဲ့ သတင်းထုတ်လုပ်မှုပိုင်းကအစ အပြန်အလှန် ပူး‌ပေါင်းလုပ် ‌ဆောင်နိုင်ဖို့ကို ‌ဆွေး‌နွေးခဲ့ပါတယ်။ ဒီလို‌ဆောင်ရွက်ရမှာလည်း လွတ်လပ်တဲ့ မီဒီယာအ‌နေနဲ့ မထိခိုက်‌စေဘဲ လုပ်‌ဆောင်သွား ဖို့ကို ကျမတို့ တင်ပြခဲ့ပါတယ်”ဟု ဆိုသည်။

ယ‌နေ့‌ဆွေး‌နွေးပွဲတွင် အစိုးရပြန်ကြား‌ရေးဝန်ကြီးဌာနဘက်မှ ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့်၊ အမြဲတမ်း အတွင်းဝန် ဦးတင့်‌ဆွေ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်‌မောင် အပါအဝင် မြန်မာ့အသံမှ တာဝန်ရှိသူ ၆ဦး၊ ဘီအဲန်အိုင်ဘက်မှ အမှု ‌ဆောင်ဒါရိုက်တာ နန်း‌ဖော့‌ဂေ၊ ဘုတ်ဒါရိုက်တာများဖြစ်ကြသူ ခိုင်မြတ်‌ကျော်၊ နိုင်က‌ဆော့မွန်နှင့် အဖွဲ့ဝင် အယ်ဒီတာအချို့ ပါဝင် သည့် ၁၁ဦး ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့်က “တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးဖို့အတွက် ကျ‌နော်တို့ ပံ့ပိုးနိုင်မှုရှိသ‌လောက်ကို လုပ် ‌ဆောင်‌ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ‌နောက် ပြီး Access to information အပိုင်းမှာ‌တော့ ဝန်ကြီးဌာနအားလုံးမှာလည်း Spoke person ‌တွေ ခန့်အပ်ဖို့၊ ဒီအစိုးရကိုလည်းပဲ Transparent ဖြစ်‌အောင် Accountable ဖြစ်ဖို့၊ ထားရှိတဲ့ ‌ပြော‌ရေးဆိုခွင့် ရှိသူ ဒီပုဂ္ဂိုလ်‌တွေက မိမိဌာနရဲ့ လုပ်‌ဆောင်မှု သတင်းအချက်အလက်‌တွေကို ပြည့်ပြည့်စုံစုံ သိရှိပြီး‌တော့ ဝန်ကြီးဌာန‌တွေဆီက ‌နေ သတင်းအချက်အလက်‌တွေ ရယူ‌ပေးဖို့အတွက်ကို အဆင်‌ပြေ‌အောင် လုပ်‌နေပါတယ်”ဟု ‌ဆွေး‌နွေးပွဲတွင် တုန့်ပြန်‌ပြောဆို သည်။

ထို့အပြင် ပြန်ကြား‌ရေးဝန်ကြီးဌာနက ဦး‌ဆောင်၍ အစိုးရ ဝန်ကြီးဌာနများ၏ သတင်းစာရှင်းလင်းပွဲတစ်ခုကို မကြာခင် ‌ဆောင် ရွက်သွားမည်ဖြစ်‌ကြောင်းနှင့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များတွင် သတင်းအချက်အလက်ရယူနိုင်‌ရေး ဆက်လက် ‌ဆောင်ရွက် သွားမည်ဟုလည်း ဝန်ကြီးဦး‌ဖေမြင့်က ဆက်‌ပြောသည်။

၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလက ယခင်အစိုးရလက်ထက် ပြန်ကြား‌ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားမီဒီယာများ ‌နေပြည်‌တော် ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသကဲ့သို့ ထိုနှစ် ဒီဇင်ဘာ ၁၁ရက်တွင်လည်း ‌နောက်ဆက်တွဲ ‌တွေ့ဆုံမှုကို လက်ရှိအစိုးရသစ်တွင် ရန် ကုန်မြို့၊ ချက်ထရီယံဟိုတယ်၌ ပြုလုပ်ခဲ့ကြ‌သေးသည်။

ယခုတစ်ကြိမ် အစည်းအ‌ဝေးမှာ ဘီအဲန်အိုင်အ‌နေဖြင့် မိမိတို့အဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသားမီဒီယာအားလုံးအတွက် ကိုယ်စားပြုကာ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။