Home သတင်း လိုင်စင်မဲ့ယာဉ်များကို တရားဝင် လိုင်စင်ထုတ်‌ပေးရန် အစီအစဉ်မရှိဟု ပြည်‌ထောင်စုဝန်ကြီး ‌ပြောဆို

လိုင်စင်မဲ့ယာဉ်များကို တရားဝင် လိုင်စင်ထုတ်‌ပေးရန် အစီအစဉ်မရှိဟု ပြည်‌ထောင်စုဝန်ကြီး ‌ပြောဆို

1960

‌မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံအတွင်း လိုင်စင်မဲ့ ယာဉ်များကို တရားဝင် လိုင်စင်ရရှိ‌အောင် ‌ဆောင်ရွက်‌ပေးရန် အစီအစဉ်မရှိဟု ‌မေလ ၂၇ရက်‌နေ့က ပြု လုပ်သည့် အမျိုးသားလွှတ်‌တော် အစည်းအ‌ဝေးတွင် ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးသန့် စင်‌မောင်က ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်‌တော် အမှတ်(၅) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က အထူးသဖြင့် ကရင်ပြည်နယ်အတွင်း ရဟန်းရှင်ပြည်သူများ အထူးစိတ်ဝင်စား‌နေသည့် တရားမဝင် ‌မော်‌တော်ယာဉ်များကို သင့် ‌တော်သည့် နည်းလမ်းဖြင့် တရားဝင်လိုင်စင်ရရှိ‌အောင် ‌ဆောင်ရွက်‌ပေးရန် ရှိမရှိ ကြယ်ပွင့်ပြ‌မေးခွန်း ‌မေးမြန်းသည့်အ‌ပေါ် ပြည် ‌ထောင်စုဝန်ကြီး ဦးသန့်စင်‌မောင်က ယင်းသို့ ပြန်လည် ‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့က‌တော့ တရားမဝင်တဲ့ယာဉ်‌တွေ၊ တရားမဝင်လမ်း‌ကြောင်းက‌နေ ဝင်‌ရောက်လာတဲ့ယာဉ်‌တွေ၊ လိုင်စင်မဲ့ယာဉ်‌တွေ ကို လိုင်စင်ရရှိ‌အောင်၊ တရားဝင်‌အောင်လုပ်‌ပေးမလားလို့ဆိုခဲ့ရင် လုပ်မ‌ပေးပါဘူးလို့ပဲ ကျ‌နော် ‌ဖြေပါ့မယ်။ ကျ‌နော်တို့မှာ အစီအ စဉ် မရှိပါဘူး”ဟု ဦးသန့်စင်‌မောင်က ‌ပြောသည်။

တရားမဝင်လိုင်စင်မဲ့ ယာဉ်များကို လိုင်စင်ပြုလုပ်‌ပေးပါက တရားဝင် တင်သွင်းသူများ နစ်နာနိုင်ပြီး မ‌ကျေနပ်ချက်များရှိကာ ကား‌ဈေးကွက် ထိခိုက်ခြင်း၊ ကားအ‌ရောင်းစင်တာများ နစ်နာနိုင်ခြင်း တရားမဝင်သည့် နည်းလမ်းကို ပြုလုပ်သည့် အ‌လေ့အထ ဖြစ်သွားနိုင်ခြင်းတို့‌ကြောင့် တရားဝင် လိုင်စင်ထုတ်‌ပေးရန် အစီအစဉ်မရှိခြင်း ဖြစ်သည်ဟု ပြည်‌ထောင်စုဝန်ကြီးက ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် တရားမဝင်လမ်း‌ကြောင်းဖြင့် ဝင်‌ရောက်လာသည့် လိုင်စင်မဲ့ယာဉ်များ ‌လျော့နည်းပ‌ပျောက်‌ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ပြည်နယ်ရဲတပ်ဖွဲ့များနှင့်ပူး‌ပေါင်းကာ ‌ရှောင်တခင် စစ်‌ဆေးဖမ်းဆီးသွားမည်ဖြစ်ကာ ထပ်မံ မဝင်လာနိုင်ရန် ဌာနစုံပါသည့် စု‌ပေါင်းအဖွဲ့ ဖွဲ့စည်းကာ ထိ‌ရောက်စွာ ပိတ်ဆို့သွားမည်ဖြစ်သလို ဥပ‌ဒေကို ရည်ရွယ်ချက်ရှိရှိ ချိုး‌ဖောက်သူများကို လည်း ထိ‌ရောက်သည့် ပြစ်ဒဏ်ချမှတ် အ‌ရေးယူသွားမည်ဟု ဆက်‌ပြောသည်။

ယခင်အစိုးရလက်ထက်က ‌မော်‌တော်ယာဉ်တင်သွင်းခွင့်များ ‌ဖြေ‌လျော့‌ပေးသဖြင့် ‌ဒေသခံအချို့မှာ ‌မော်‌တော်ယာဉ် ပိုင်ဆိုင်ခြင်း များ ရှိ‌သော်လည်း အများစုအ‌နေဖြင့် ယာဉ်မဝယ်နိုင်‌သေးသလို၊ ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်ကို အမှီအခို ပြုကာ လုပ်ကိုင်စား‌သောက်‌နေရသည့် ပြည်သူများလည်းရှိ‌နေပြီး တစ်ဖက်တွင် ဥပ‌ဒေအရ ထိန်းချုပ်ရန် အခက်အခဲရှိသဖြင့် မည်သို့လုပ်‌ဆောင်‌ပေးမည်ကို ‌မေးမြန်းရခြင်းဖြစ်‌ကြောင်း အဆိုရှင် ဦးစိုင်းသန်းနိုင်က အမျိုးသားလွှတ်‌တော်တွင် ‌ပြောခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တရားမဝင် လိုင်စင်များကို သင့်‌တော်သည့်နည်းလမ်းဖြင့် ‌ဖြေရှင်း‌ပေးရန် ‌ဒေသခံများက လို လား‌နေကြပြီး ကရင်နိုင်ငံ‌ရေးပါတီများကလည်း လိုင်စင်မဲ့ယာဉ်များဖမ်းဆီး‌နေခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် သင့်‌တော်သည့် နည်းလမ်းဖြင့် ‌ဖြေရှင်း‌ပေးရန် စု‌ပေါင်း ‌တောင်းဆိုခဲ့ဖူးသည်။

ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ်ချီ အိမ်နီးချင်းနိုင်ငံမှ ‌မော်‌တော်ယာဉ်များတင်သွင်းကာ သယ်ယူပို့‌ဆောင်‌ရေးနှင့် အ‌ထွေ‌ထွေ သုံးစွဲ‌နေခြင်းများရှိပြီး လိုင်စင်မဲ့ယာဉ်များကို အလွှာစုံ အသုံးပြုလျှက်ရှိကာ ပြည်နယ်အတွင်း ‌မော်‌တော်ယာဉ် စုစု‌ပေါင်း၏ ၇၅ရာ ခိုင်နှုန်းခန့်မှာ လိုင်စင်မဲ့ယာဉ်များဖြစ်‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။