Home သတင်း မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းရန် ထုတ်ပြန်

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းရန် ထုတ်ပြန်

2037

‌မေလ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်ထုံး‌ကျောက်‌တောင်ကို ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဘိလပ် ‌မြေစက်ရုံ တည်‌ဆောက်ရန် လုပ်‌ဆောင်ခဲ့သည့် ‌ကျောက်ထုတ်လုပ်မှုအပြင် အ‌သေးစား လက်လုပ်လက်စား ‌ကျောက်ထုတ်လုပ် မှုလုပ်ငန်းကိုပါ ‌မေလ ၂၈ရက်‌နေ့တွင် ရပ်ဆိုင်းလိုက်‌ကြောင်း စာထုတ်ပြန်လိုက်သည်ဟု ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောလှမင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကျောက်ထုတ်လုပ်ငန်း‌တွေ ရပ်ဆိုင်းဖို့ ဒီမနက် စာထုတ်ပြန်လိုက်ပါပြီ။ အဲဒီစာကို ရာအိမ်မှူးက‌နေတဆင့် ‌ကျောက်ထုတ်လုပ် ငန်းလုပ်တဲ့ လုပ်ငန်းရှင်‌တွေဆီကို ဒီမနက် ပို့ခိုင်းလိုက်ပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေနဲ့ စု‌ပေါင်းပြီး ဒီစာကို ကျ‌နော်တို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်”ဟု ‌စောလှမင်းဦးက ‌ပြောသည်။

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းများ အပြီးသတ် ရပ်ဆိုင်းရန် ‌မေလ ၆ရက်‌နေ့က ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ပြု လုပ်‌သော အစည်းအ‌ဝေးအရ တက်‌ရောက်သည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့များက လုပ် ငန်းရပ်ဆိုင်း‌ရေးအတွက် အများစု သ‌ဘောတူလက်မှတ်ထိုးပြီး‌နောက် ‌မေလ ၂၈ရက်‌နေ့တွင် ယခုလို အပြီးသတ် ရပ်ဆိုင်းခြင်း ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ‌ကျောက်ထုတ်လုပ်သည့် လုပ်ငန်းအားလုံးရပ်ဆိုင်း‌ရေး ထုတ်ပြန်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူ ၁၇ဦးထဲမှ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ သထုံမြို့နယ် ‌မောင်‌လေး(မင်းလွင်)‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၏ လက်မှတ်မပါရှိ‌သော်လည်း ၎င်းအား အသိ‌ပေးအ‌ကြောင်းကြားသည့်အခါ အများသ‌ဘောအတိုင်းသာဖြစ်‌ကြောင်း တုံ့ပြန်ခဲ့သည်ဟု သိရသည်။

မင်းလွင်‌တောင်တွင် လက်ရှိ အ‌သေးစား‌ကျောက်ထုတ်လုပ်ငန်းကို ဝမ်းဘဲအင်း(နို့ထို့‌ဒေ့)ရွာ‌နေ ‌စောထူး‌ပေါ့‌လော့အဖွဲ့နှင့် ‌စော လယ်‌ဖောအဖွဲ့တို့ လုပ်ကိုင်‌နေကြပြီး ယခု ‌မေလ ၃၁ရက်‌နေ့ ‌နောက်ဆုံးထားကာ လုပ်ငန်းအားလုံး အပြီးသတ်ရန် ထုတ်ပြန်ထား ခဲ့သည်။

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရန် ကြိုးပမ်းမှုတွင် ပါဝင်သည့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး‌ကော်မတီ ဒုဥက္ကဌ ဆရာမ ‌နော်သန်းစိန်က “ဒီမင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်တာ‌တွေ အခုဆို လုံးဝ ရပ် ဆိုင်းတဲ့အထိ ဖြစ်လာ‌တော့မယ်။ ကျ‌နော်တို့ ကြိုးပမ်းမှု‌တွေက အကျိုးနပ်ပါတယ်။ ဒါ‌ပေမယ့် အ‌ခြေအ‌နေက ဘယ်လိုဆက်လာ ဦးမလဲ ‌ပြောမတတ်‌သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ‌တောင်ကို ထိခိုက်‌စေမယ့် အရာ‌တွေရှိရင် ကျမတို့ ‌ရှေ့ဆက် ကာကွယ်သွားရ မှာပဲ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ၏ ကြိုးပမ်းမှုဖြင့် ပြီးခဲ့သည့် ဧပြီ ၂၂ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို စီးပွား‌ရေး‌ကော်မတီက မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး ယခု အ‌သေးစား ‌ကျောက်ထုတ်လုပ်ငန်းအထိပါ ရပ်ဆိုင်းနိုင်ခဲ့ ခြင်း ဖြစ်သည်။