Home တွေ့ဆုံမေးမြန်းခန်း National Races Channel ဒုညွှန်ကြား‌ရေးမှူး ‌ဒေါ်သင်းသင်း‌ဆွေအား ‌တွေ့ဆုံ‌မေးမြန်းခြင်း

National Races Channel ဒုညွှန်ကြား‌ရေးမှူး ‌ဒေါ်သင်းသင်း‌ဆွေအား ‌တွေ့ဆုံ‌မေးမြန်းခြင်း

2271

ရခိုင်ပြည်နယ်၊ ‌မြောက်ဦးမြို့တွင် ‌ဖေ‌ဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်‌ရောက်ခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ‌နေပြည်‌တော်(တပ်ကုန်း)မှ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း-National Races Channel (NRC) (လက်‌ထောက် ညွှန်ကြား‌ရေးမှူး) ‌ဒေါက်တာသင်းသင်း‌ဆွေအား ကရင်သတင်းဋ္ဌာန (‌ကေအိုင် စီ)သတင်း‌ထောက် ‌စောသိန်းမြင့်က ညီလာခံ‌နောက်ဆုံး‌နေ့တွင် ‌တွေ့ဆုံ‌မေးမြန်းထားခြင်း ဖြစ်သည်။

‌မေး။ ။ ပထမဦးဆုံး လက်ရှိ တိုင်းရင်းသားအ‌ရေးနဲ့ပတ်သက်ပြီး‌တော့ MRTV ရဲ့ လုပ်‌ဆောင်ချက်‌လေး‌တွေ ရှင်းပြ‌ပေးပါ။
တိုင်းရင်းသားနဲ့ပတ်သက်လို့က‌တော့ အစ်မတို့က ဗျူဟာ ၁၁ဗျူဟာရှိတယ်။ ကရင်က ၃မျိုးရှိတယ်။ စ‌ကောကရင်၊ အ‌ရှေ့ပိုးကရင်၊ အ‌နောက်ပိုးကရင်ရှိတယ်။ စ‌ကောကရင်က‌တော့ ရုံးခွဲပဲခူးမှာ ရှိတယ်။ အ‌နောက်ပိုးကရင်က‌တေ့ာ ပုသိမ်မှာ၊ အ‌ရှေ့ပိုးက‌တော့ ဖားအံမှာ သတင်းဋ္ဌာနခွဲ‌တွေ ဖွင့်ထားပါတယ်။ အဲဒီမှာက ဝန်ထမ်းကနည်းတယ်။ လုပ်ရတာ‌တွေက များ တယ်။ သတင်း‌တွေက တစ်‌နေ့ကို ၂ခါ ၃ခါ‌လောက် သွားကြတယ်။ ပွင့်ပွင့်လင်းလင်း‌ပြောရရင် နယ်စပ်‌ဒေသ‌တွေက အ‌ကြောင်း အရာ‌တွေက သတင်းသွားယူတာကြ‌တော့ သွားဖို့လာဖို့ အခက်အခဲ‌တွေရှိတယ်။ အဲဒီသတင်း‌တွေ အကုန်လုံးကို တကယ်အ ‌ကြောင်းအရာ မှန်ကန်တဲ့ အချက်အလက်‌တွေကို အစ်မတို့က NRC က‌နေ လွှင့်‌ပေးချင်တယ်။ အစ်မ အခု‌ရောက်တာ မကြာ ‌သေးဘူး။ ၉လပဲ ရှိ‌သေးတယ်။ အစ်မ လုပ်‌ပေးချင်တာ‌တွေက အရမ်းများတယ်။ တစ်‌နေရာ သွားလိုက်မယ်ဆိုပါစို့။ ဥပမာ-‌ကော့ ဂွန်းဆို နာမည်ကြီး‌နေပြီး၊ ကျုံ‌ထော်ဆို နာမည်ကြီး‌နေပြီး ဒီက‌နေသွားဖို့ကျ‌တော့ ခက်တယ်။ ဒါ‌ကြောင့် အစ်မက ရုံးချုပ်ကို မှာ လိုက်တယ်။ စခရစ်‌ရေးပုံ‌ရေးနည်း သင်တယ်။ တစ်‌နေရာသွားရင် အ‌ကြောင်းအရာဘယ်လို ပုံစံမျိုး‌တွေထုတ်လို့ ရလည်းဆိုတာ အစ်မက သင်‌ပေးထားတယ်။ ကျုံ‌ထော်ကို သွားခိုင်းတယ်။ သတင်းရမယ်။ ပရိုဂရမ်‌ရောရမယ့် အ‌နေအထားမျိုး‌လေး ကျုံ‌ထော် လည်း ရိုက်ခဲ့ပြီးပြီ။
ဒီက က‌လေး‌တွေ presentation အစ်မက မကြိုက်ဘူး။ အစ်မလုပ်ချင်တဲ့ presentation က ပုံစံတစ်မျိုး အသစ်ပြန် လုပ်ချင်တယ်။ အစ်မရဲ့စိတ်ကူးက ပရိုဂရမ်ကို အရမ်းရူးသွပ်တယ်။ အစ်မလုပ်ခဲ့တဲ့ ပရိုဂရမ်တစ်ခုက ‌နေပြည်‌တော်မှာရှိတဲ့ ‌တောင်ကျရွာ‌နေ ကရင်ဖြူလူမျိုးအ‌ကြောင်း အစ်မ သွားရိုက်ခဲ့တာ။ အဲတာ‌တောင် စိတ်တိုင်းမကျ‌သေးဘူး။ တစ်‌နေရာသွားမယ် ဆို အဲဒီလူမျိုး‌တွေ ပါဝင်မပတ်သက်ဘဲ ဘယ်လိုမှ ပရိုဂရမ်‌ကောင်းမဖြစ်ဘူး။ သူတို့ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ပြီး (Participate)လုပ်မှသာ ပရိုဂရမ်‌ကောင်းမှာ။ ဒါ‌ပေမယ့် အဲဒီ‌တောင်ကျသွား‌တောက ကရင်တိုင်းရင်းသား‌တွေ သိပ်ပြီး‌တော့ Active မဖြစ်ဘူး။ သိပ်ပြီး‌တော့ စိတ်တိုင်းမကျဘူး။ ဒါ‌ပေမယ့် အ‌ကောင်းဆုံး ပရိုဂရမ်တစ်ခုလုပ်ထားတယ်။ ဒါက‌တော့ ပရိုဂရမ် ပိုင်း။
သတင်းပိုင်းမှာဆိုလည်း အပျက်သ‌ဘောမျိုးကြီး‌တွေပဲ အစ်မက မပြချင်ဘူး။ သတင်းဆိုတာက‌တော့ အမှန်တိုင်း‌ပြော ရင် (serious)ဖြစ်မှ လူ‌တွေက စိတ်ဝင်စားတယ်။ အစ်မက ဘာပြချင်လည်းဆို‌တော့ ဒီကရင်ပြည်နယ်မှာ ဒီလိုငြိမ်းချမ်း‌ရေး‌တွေ ရတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်‌နေပါတယ်။ ဒီလိုစိတ်ဝင်စားစရာ‌တွေ ရှိတယ်ဆိုတာကို အစ်မက သတင်းအ‌နေနဲ့လည်း ပြမယ့်ပရို ဂရမ်အ‌နေနဲ့လည်း ‌ဖော်ပြမယ်။ အဲ‌တော့ အစ်မက ဒီမီယာ‌တွေကို အကြံ‌ပေးချင်တာ‌ပေါ့။ သတင်းဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိ ‌နေတဲ့အချိန်မှာ အစ်မတို့လည်း အဲဒီပုံစံနဲ့သွား‌နေတာအစ်မတို့လည်း လက်ရှိမှာ စ‌ကောကရင်ဆိုလည်း ပဲခူးမှာ ဖြစ်‌နေတဲ့ စ‌ကောတိုင်းရင်းသား‌တွေရဲ့ လှုပ်ရှားမှု‌တွေက ဘာလဲ။ သူတို့‌တွေရဲ့ လိုအပ်ချက်‌တွေ က ဘာလဲ။ သတင်းပုံစံပြသလို ပရိုဂရမ်အ‌နေနဲ့လည်း ပြတယ်။ အဓိကက‌တော့ အစ်မတို့က အစ်မတို့ရဲ့ Tourism ‌တွေကို attraction ရှိ‌အောင် လုပ်မယ့်‌နေရာ မျိုး‌တွေကို အစ်မတို့က ပရိုဂရမ်အ‌နေနဲ့ ‌ခေါ်တယ်။ ‌တောင်‌ပေါ်‌မြေပြန့် တိုင်းရင်းသား‌တွေက ကရင်ပြည်နယ်မှာ ဘာရှိလဲ သိချင် မှ သိမယ်။ အဲဒါကို အစ်မတို့ကတစ်ဆင့် အစ်မတို့တိုင်းပြည်ကြီးမှာ အဲလိုဟာ‌တွေရှိတဲ့အ‌ကြောင်း အစ်မတို့ CHANNEL အဲဒီပုံစံ မျိုးနဲ့ သွား‌နေတယ်။

‌မေး။ ။ ဟုတ်ကဲ့။ အခု အစ်မ‌ပြော‌နေတာက ကရင်ပြည်နယ်မှာ ဘာ‌တွေ‌ကောင်းလဲ။ ကရင်ပြည်နယ် ဘာ‌တွေရှိလဲဆိုတာ ‌ဖော် ညွှန်းတာ‌တွေ အများစု ဖြစ်တယ်။ ‌နောက်ပြီး‌တော့ ဥပမာ-ကရင်လူမျိုး‌တွေရဲ့လုပ်‌ဆောင်ချက်‌တွေ ၊ လိုအပ်ချက်‌တွေ၊ လှုပ်ရှားရုန်း ကန်တဲ့ သူတို့ရဲ့ သမိုင်း‌ကြောင်း‌လေး‌တွေကို MRTV က‌နေ အဲဒီအစီစဉ်နဲ့ ပတ်သက်ပြီး‌တော့‌ကော လုပ်တာ ဘယ်လိုရှိလဲ။
ရှိတာ‌ပေါ့။ မကြည့်လိုက်ရဘူးလား။( ပြိုင်တူတွန်းလျှင် ‌ရွေ့နိုင်ပါသည်) အစီစဉ်ကြည့်ဖူးလား။ “ပြိုင်တူတွန်းလျှင် ‌ရွေ့နိုင် ပါသည်”ဆိုတာက အရင်တုန်းက စစ်ဖြစ်တဲ့‌နေရာ‌တွေ အဲဒီမှာ အရင်တုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲ‌တွေမှာ တကယ်ပါဝင်ပတ်သက်တဲ့ ထဲထဲဝင်ဝင်ပါတဲ့ လူကြီး‌တွေကို အဲဒီထဲမှာ ပြခဲ့တယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့အ‌နေအထား ပြည်သူ‌တွေခံစားခဲ့ရတဲ့ စိတ်ဒုက္ခ ‌တွေ ပြခဲ့ပြီး၊ အရင်က ဒါကြီးဖြစ်ခဲ့တယ်ဆိုတာ အဲဒါပဲ Highlight ‌ပေး‌နေလို့မရဘူး။ အရင်တုန်းက ဖြစ်ခဲ့တယ်။ အခု‌ပြောင်းသွား ပြီးဆိုတဲ့အ‌ကြောင်း ဥပမာ-တချို့ဆိုရင် စာ‌တွေ ‌အေး‌အေးချမ်းချမ်း သင်‌နေပြီးဆိုတာ‌တွေ အဲဒီမှာရှိတဲ့ ဆရာဆရာမ‌တွေ အရင် တုန်းက သူတို့ဖြစ်ခဲ့တဲ့ ခံစားချက်က‌လေး‌တွေ အဲပုံစံမျိုး။ တစ်ခုမ‌ကောင်းခဲ့ဘူး၊ ‌ကောင်းခဲ့တာ‌တွေ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ ‌ခေါင်းစဉ်က‌တော့ (ပြိုင်တူတွန်းလျင်‌ရွေ့နိုင်ပါသည်) အဲဒါကိုကြည့်လိုက်ရင် ‌မောင်‌လေးသ‌ဘော‌ပေါက်သွားမယ်။ အ ခုလည်း လူအင်အားနည်းတယ်။ ဥပမာဆိုပါစို့ ဖားအံမှာ ဗျူရိုရှိတယ်။ အစ်မဆိုလိုတာက သူတို့မျက်စိ‌ရှေ့မှာ မြင်‌နေ ကြ‌တော့ သူတို့က ဘာမှမထူးဆန်းဘူး။ အစ်မလာ‌တော့မှ ဟယ်….ဒါ‌လေးက‌တော့ ဒီအတွက် လိုအပ်ချက် အဲလိုပုံစံမျိုးနဲ့သွား ချင်တာ။ ဒါ‌ပေမယ့် သူတို့က ကျုံ‌ထော်‌ရေတံခွန်ရှိတာလည်း မထူးဆန်းဘူး။ ဇွဲကပင်ရှိတာလည်း မထူးဆန်းဘူး။ မိဘမဲ့က‌လေး ‌တွေ ဘယ်လို‌နေရလဲဆိုတာ အစ်မကို‌ပြောသွားတယ်။ ဒါ‌ပေမယ့် report မလာဘူး။ အဲဒီအတွက်ကို အစ်မ ထဲထဲဝင်ဝင်၊ ကိုယ် တိုင် ပါဝင်ပူး‌ပေါင်းလမ်းညွှန်ဖို့လည်း လို‌နေ‌သေးတယ်။ အဲလိုလုပ်ဖို့ရှိတယ်။ အဓိကဘာလဲဆို‌တော့ က‌လေး‌တွေက တကယ်လို အပ်တဲ့အရာ‌တွေ သူတို့မသွားနိုင်ဘူး။ တကယ့်တကယ်လည်း ပြတာ‌တွေရှိတယ်။ ကယားပြည်နယ်‌မြေပြိုတုန်းက တကယ့်ဒုက္ခ ‌ရောက်တာ‌တွေ အစ်မတို့က လွှင့်တာပဲ။ ဒါမှ လူကြီး‌တွေက သိသွားတာ‌လေ။ နိုင်ငံ‌တော်မှာ တကယ်လုပ်‌ပေးရမယ့်လူ‌တွေ သိ မယ်။

‌မေး။ ။ဟုတ်ကဲ့ ‌နောက်တစ်ခုက တိုင်းရင်းသား မီဒီယာ‌တွေရဲ့အ‌ခြေခံ ရပ်တည်မှုဖြစ်‌စေ၊ လုပ်‌ဆောင်မှုဖြစ်‌စေ အစ်မတို့အ‌နေနဲ့ ဘယ်လိုသ‌ဘောထားပါသလဲ။
Welcome ပါ။ အစ်မအ‌နေနဲ့ စိတ်မ‌ကောင်းဘူး‌လေ။ အစ်မအ‌နေနဲ့ စဉ်းစားတယ်။ ဘာ‌တွေကူညီ‌ပေးလို့ရမလဲ။ အဲ… ခုနက ကူညီ‌ပေးလို့ရတာကို ထပ်‌ပြောမယ်။ ခုန တကယ်လိုအပ်ချက်ကို အစ်မတို့ သွားမရိုက်နိုင်ဘူးဆိုပါစို့။ ‌မောင်‌လေးတို့က ‌တွေ့သွားပြီးဆိုပါ‌တော့ ဒါ‌တွေကို အစ်မတို့ဆီကို အ‌ကြောင်းအရာ‌လေးမျှ‌အောင်‌ပေါ့။ တစ်ဖက်‌စောင်းနင်းလည်းမဖြစ်‌အောင်‌ပေါ့။ အဲဒီပုံစံမျိုး‌လေးနဲ့ အစ်မတို့ဆီမှာလွှင့်ဖို့အတွက်ကို ‌ပေးလာမယ်ဆိုရင် အစ်မတို့က လွှင့်‌ပေးမှာ‌ပေါ့။ အခု ဒီမှာသိရပြီး‌လေ။ အစ်မ မလာလို့ရှိရင် ဘယ်လိုသိရမလဲ။ ဒါ‌ပေမယ့် အခု အစ်မတို့လုပ်‌ပေးချင်တာ အဲဒါ‌တွေကို ဘယ်မှာလွှင့်မလဲ MRTV မှာလည်း လွှင့် ‌ပေးမယ်။ NRC မှာလည်းလွှင့်‌ပေးမယ်။
အစ်မတို့မှာ air time ကန့်သတ်ချက်‌တွေရှိတယ်။ ကချင်၊ ကယား(ကရင်နီ)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ သူတို့က ၂နာရီ ရတယ်။ ကရင်က သုံးကရင်ရှိ‌တော့ အစ်မတို့ air time က ၁၁နာရီပဲရှိတယ်ဆို‌တော့ သူတို့က ၁နာရီစီနဲ့ သုံးနာရီယူရတယ်။ အဲဒီမျိုးရှိ‌တော့ အစ်မတို့က ဝင်မဲ့အချိန် selection လုပ်ရတာ‌ပေါ့။ ဒီ‌နေ့မပါရင် ‌နောက်‌နေ့ ချိန်းရတာ‌တွေ‌တော့ ရှိတယ်။ up to date ဖြစ်တဲ့ဟာ‌တော့ ဦးစား‌ပေးရတာ‌ပေါ့။ အဲဒီပုံစံနဲ့ လွှင့်‌နေရတဲ့အတွက်‌ကြောင့် ‌မောင်‌လေးတို့ တကယ်လို့များ လုပ်‌ပေးချင် တယ်ဆိုရင် ‌ပေးလို့ရတယ်။ ဒါ‌ပေမယ့် ခုနက သတင်းရယ်၊ ပါရမယ့်အချက်က‌လေး‌တွေ ပါပါ‌စေ။

‌မေး။ ။ တိုင်းရင်းသား‌တွေရဲ့ လိုအပ်ချက်‌တွေ အများကြီးရှိတယ်။ အရည်‌သွေးမြှင့်တင်တဲ့အပိုင်းတို့၊ ကျွမ်းကျင်မှု(skill)ပိုင်းတို့ အဲဒါကို အစ်မတို့အ‌နေနဲ့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်သွားမလဲ။
ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်ရမလဲဆို‌တော့ ဒီမှာရှိတဲ့လူ‌တွေက အကုန်လုံး Expert ‌တွေဖြစ်‌နေတယ်။ တကယ်လို့ ဗီဒီယိုနဲ့ပတ်သက်ပြီး အစ်မ ရခိုင်ကိုလာတယ်။ ဒါ‌တွေကို လိုက်ရိုက်‌ပေးတယ်။ ဒီမှာရှိတဲ့ မီဒီယာ‌တွေနဲ့ အစ်မနဲ့အတူလိုက်ပြီး ‌လေ့လာချင်တယ်ဆိုရင် အစ်မက Edit ‌တွေသင်‌ပေးမယ်။ အဲမှာမှ သတင်းဆိုဘယ်လို၊ Plan story ဆိုဘယ်လို၊ Documentary ဆို ဘယ်လို သင်‌ပေးမယ်။ အဲလိုသင်‌ပေးလို့ရှိရင် တက်လို့ရတယ်။ အစ်မတို့က အချိန်မ‌ရွေး လုပ်‌ပေးချင်တယ်။ ဘာလုပ်ရမလဲ ဝိုင်းလုပ်‌ပေးမယ်။ ဘာကူညီ‌ပေးရမလဲ အစ်မတို့တတ်နိုင်တဲ့ဟာ‌တွေ‌ပေါ့။ နည်းပညာနဲ့ပတ်သက်ပြီး နိုင်ငံခြားသား‌တွေက ပုံမှန် လာသင်‌ပေးတယ်ဆို‌တော့ BBC media action လာသင်‌ပေးရင်လည်း ဆက်သွယ်‌ပေးမယ်။ ဖားအံမှာလာဖို့ရှိတယ်ဆို‌တော့ တက်ချင်ရင် ဆက်သွယ်‌ပေးမယ်။ အစ်မကိုယ်တိုင် လာမယ်ဆိုရင်‌တော့ ‌ပြောစရာမလိုဘူး အစ်မက welcome ပဲ။

‌မေး။ ။‌နောက်တစ်ခုက မကြာခင်မှာ အစိုးရသစ်လာ‌တော့မယ်။ ဆို‌တော့ အစိုးရသစ်နဲ့ MRTV တို့ရဲ့ အခန်းကဏ္ဍဘယ်လိုရှိမလဲ။ ဘယ်လိုဆက်သွားမလဲဆိုတာ နည်းနည်း‌လောက် ရှင်းပြ‌ပေးပါအုံး။
အစ်မ အမှန်တိုင်း‌ပြောရင် အစိုးရသစ်က ဘယ်လို policy မျိုး လုပ်မလဲ။ ဟိုက.. အစိုးရ၊ အစ်မတို့က ဝန်ထမ်း။ အစ်မ တို့က ပါဝင်ဆုံးဖြတ်တဲ့လူမဟုတ်တာ။ သူတို့လာရင် အစ်မတို့မ‌နေနဲ့ဆိုရင် မ‌နေရုံပဲ။ ဒါ‌ပေမယ့် လူ့ရဲ့အခွင့်‌ရေးအရ စဉ်းစားမယ် ဆိုရင်‌တော့ ဝန်ထမ်း‌တွေကို ချက်ချင်းကန်ထုတ်ပြီး‌တော့ နင်တို့အလုပ်‌တွေ တစ်‌ယောက်မှမလုပ်ကြနဲ့။ လာခဲ့။ သူတို့လိုချင်တဲ့ ဘာဂျီအို ညာဂျီအို သူတို့ဘက်က ငါတို့အ‌ကြောင်းကိုပဲ အဓိက ‌ပြော‌နေတဲ့သူပဲလာဆို‌တော့‌ကော၊ လူ‌တွေရဲ့ပုံမှန်သ‌ဘောတရား အရ စဉ်းစားကြည့်လိုက်။ အစ်မတို့က မီဒီယာ(မိန်းစထရီး)ကို ‌ပြောထားပြီးသားပါ။ အစ်မတို့က ပုံမှန်အတိုင်း ဘာဖြစ်လို့ ‌စောင့် စည်းရလဲဆို‌တော့ media ethic ဆိုတာက အစ်မတို့ရဲ့ မြန်မာနိုင်ငံ တစ်နိုင်ငံထဲက ပြန်ကြား‌ရေးဝန်ကြီးဋ္ဌာန ချ‌ပေးထားတဲ့ ကျင့်ဝတ်မဟုတ်ဘူး‌လေ။ တစ်ကမ္ဘာလုံးက သုံး‌နေတဲ့ကျင့်ဝတ်‌တွေပဲ။
‌မောင်‌လေးတို့က ထဲထဲဝင်ဝင် လှုပ်ရှား‌တော့ ပိုသိတာ‌ပေါ့။ အဲဒါ‌ကြောင့်မို့ အစ်မတို့က‌လေး‌တွေကို Train ရတာ။ အဲဒီ ကျင့်ဝတ်‌တွေ မ‌ဖောက်ဖျက်‌အောင်၊ အမှားဆိုတာက ‌နေရာတိုင်းမှာ အမှားကြီး တစ်ဖက်လူ ပုပ်ခတ်တဲ့အမှား‌တွေ မဟုတ်ဘူး။ စာလုံး‌တွေလွှဲတာ‌တွေရှိတာ‌တော့ ပြဿနာ မဟုတ်ဘူး။ မီဒီယာနဲ့ပတ်သက်တဲ့ ‌စောင့်ထိန်းရမယ့် ရုပ်မြင်သံကြားလုပ်ငန်း လုပ် ‌နေတဲ့သူ‌တွေရဲ့ ကျင့်ဝတ်‌တွေကို‌တော့ အစ်မတို့က ‌စောင့်ထိန်းရမယ်‌လေ။ ‌နောက် အစိုးရက ဒီလိုပုံစံလုပ် အစ်မတို့က ဒီလိုပုံစံ မဟုတ်ဘဲနဲ့ အစ်မတို့ အဓိက ပြချင်တာ ပြည်သူနဲ့ ပတ်သက်ပြီး‌တော့ ဘာ‌တွေ message ‌တွေ ‌ပေးနိုင်မလဲ။ ဘာ‌တွေ ပညာ ‌တွေ‌ပေးနိုင်မလဲ။ ဘာ‌တွေ entertainment ‌တွေ ‌ပေးနိုင်မလဲ။ လိုအပ်ချက်‌တွေက ပါလာပြီ‌လေ။ အစ်မတို့‌ပြောတဲ့ ကယားပြည် နယ်မှာ ‌မြေပြိုကျတယ်။ ချင်းပြည်နယ်မှာ အဲလိုဖြစ်တယ်။ ကချင်ပြည်နယ်မှာ အဲလိုဖြစ်တယ်ဆိုတာ ပြခြင်းအားဖြင့် သက်ဆိုင် ရာက ဒီက‌နေတဆင့် သိရတယ်။ ဒါ‌တွေလည်း အစ်မတို့ တစ်ဖက်တစ်လမ်းက ပြည်သူ‌တွေကို အလုပ်အ‌ကျွေးပြုတာပဲ။

‌မေး။ ။ ‌နောက်ဆုံးအ‌နေနဲ့ အခုကျင်းပတဲ့ တိုင်းရင်းမီဒီယာ Conference ကို အ‌ခြေခံပြီး‌တော့ အစ်မတို့ဘက်က ဘာ message စကား‌ပေးချင်တာ‌တွေ ရှိလဲ။
ဒီ Conference မှာ တက်တာ ‌ပေါင်းစုံ‌တွေရလို့ အရမ်းဝမ်းသာပါတယ်။ ‌နောက်ပြီး ‌မောင်‌လေးတို့‌တွေ့‌နေတဲ့ အခက် အခဲ‌တွေကို‌ပြောပြလို့ အစ်မက စိတ်မ‌ကောင်းဘူး။ ‌မောင်‌လေးတို့‌တွေ့‌နေရတဲ့ အခက်အခဲ‌တွေကို အစ်မတို့လည်း ‌တွေ့‌နေရတာ ပဲ။ ရုပ်မြင်သံကြားမှာ‌နေပြီး‌တော့ ပြီးပြည့်စုံတဲ့ ဘာမှအခက်အခဲမရှိဘူးဆိုတာ မရှိဘူး။ ‌နေရာတိုင်းမှာ ‌တွေ့‌နေရတာပဲ။ အခုဖြစ် ‌နေတဲ့ အခက်အခဲ‌တွေကို အ‌ကောင်းဆုံး ဘယ်လို‌ဖြေရှင်းရမလဲဆိုတာ ဒီ conference က‌နေ ရတယ်‌လေ။ သတင်းက‌တော့ ‌ကျောင်းဆရာမ‌ပြောသလိုပဲ ‌ပြောမယ်။ ကျင့်ဝတ်‌တော့ လာမ‌ဖောက်နဲ့ ကျင့်ဝတ်‌ဖောက်တဲ့ပုံစံမျိုး တစ်ဖက်‌စောင်းနင်း‌တော့ လာ မလုပ်နဲ့။ အဲဒါ‌တော့ အစ်မတို့ လက်မခံဘူး။ ကျင့်ဝတ်ထဲမှာရှိရမယ့် အလုပ်မျိုး‌တွေ၊ တကယ်လိုအပ်ချက်‌တွေ၊ အဲဒါအစ်မတို့ ဘက်က တတ်နိုင်‌အောင် ဘာ‌တွေလုပ်‌ပေးရမလဲ။ ဘာ‌တွေကူညီ‌ပေးလို့ရမလဲ။ ခုန‌ပြောတဲ့ Air Time အထဲမှာဝင်‌အောင် လုပ် ‌ပေးလို့ ရမယ်။ အစ်မတို့လည်း အခက်ခဲရှိတဲ့အထဲက‌နေ အားလုံးဆိုင်ရာ‌တွေက အ‌ကောင်းဆုံးလုပ်‌ပေးဖို့ မဖြစ်မ‌နေ အစ်မတို့ကို ဒီကိုတက်ခိုင်းတာ ဒီက‌နေ သိရပြီး‌လေ။ အခု‌ပြောတဲ့ Media Law မှာ community radio, TV မှာလည်း ပါတယ်‌လေ။ တကယ့် ပြည်သူ၊ ကိုယ့်တိုင်းရင်းသား‌တွေအတွက်သာ ရည်ရွယ်ပြီး‌တော့ လုပ်တဲ့အလုပ်မျိုးဆိုရင် အချိန်မ‌ရွေး welcome ပဲဆိုတာ ဒီ‌နေ ရာက‌နေ အဲဒါ‌လေး သိရတာ‌ပေါ့။