Home သတင်း သံလွင်မြစ်‌အောက်ပိုင်းကို သု‌တေသနလုပ်နိုင်ရန် မြစ်‌ချောင်းအ‌ရေး လှုပ်ရှား‌သောအဖွဲ့များ ‌လေ့လာမှုပြုလုပ်

သံလွင်မြစ်‌အောက်ပိုင်းကို သု‌တေသနလုပ်နိုင်ရန် မြစ်‌ချောင်းအ‌ရေး လှုပ်ရှား‌သောအဖွဲ့များ ‌လေ့လာမှုပြုလုပ်

1830

ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ ကျူလား‌ကောတက္ကသိုလ်နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှု ကွန်ရက် (KESAN)တို့ ဦး‌ဆောင်၍ သံလွင်မြစ်‌ချောင်းထိန်းသိမ်း‌ရေးဆိုင်ရာ ‌လေ့လာ‌ရေး အစီအစဉ်တစ်ခုကို ဇန်နဝါရီ ၂၂ မှ ၂၄ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်‌အောက်ပိုင်း တစ်‌နေရာတွင် ပြုလုပ်ခဲ့ကြသည်။

သံလွင်မြစ်‌အောက်ပိုင်း အ‌ခြေအ‌နေနှင့်ပတ်သက်၍ သု‌တေသန လုပ်နိုင်ရန် တရုတ်နိုင်ငံမှ Green Water Shelf Organzation of China, ထိုင်းနိုင်ငံ၊ ကျူလာ‌လောကွန်းတက္ကသိုလ်မှ Center for Social Development Studies, သျှမ်းပြည်နယ်မှ မိုင်းပန်လူငယ်ကွန်ကရက်၊ တိုးတက်‌သော မွန်လူငယ်အဖွဲ့အစည်း၊ မရင်းကုန်းလူငယ်ကွန်ကရက်တို့ ပူး‌ပေါင်းကာ ဖားအံမြို့နယ် မရင်းကုန်း၊ မိကရင်နှင့် ‌ကောကူးကျွန်း‌နေရာတို့ တွင် သွား‌ရောက်‌လေ့လာခဲ့ခြင်းဖြစ်သည်။

KESAN ၏ ‌ရေအရင်းအမြစ်စီမံအုပ်ချုပ်‌ရေး တာဝန်ခံ ‌စောဂျွန်ဘရိုက်က “‌ဒေသခံ ရွာသား‌တွေနဲ့ အတူတကွ ပူး‌ပေါင်းလက်တွဲကြပြီး‌တော့ သု‌တေသနလုပ်ငန်းကို လုပ်‌ဆောင်တဲ့အတွက် သူတို့‌တွေကို ထိခိုက်မှု ရှိတယ်ဆိုတာ သူတို့ သိလာမယ်။ အဲဒီထိခိုက်မှု‌တွေကို အစိုးရ၊ တာဝန်ရှိသူ‌တွေကို ဘယ်လို ပြန်‌ပြောရမလဲဆိုတာ ပိုသိလာမယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က သံလွင်မြစ်‌လေ့လာ‌ရေး အစီအစဉ်ကို အထက်ပိုင်းနှင့် ‌အောက်ပိုင်းဟူ၍ မြစ်‌ချောင်းအ‌ရေးလှုပ်ရှားအဖွဲ့ များက သီးခြားကိုယ်စီအစီအစဉ်ဖြင့် လုပ်‌ဆောင်ခဲ့သည့်အတွက် ထိ‌ရောက်မှု အားနည်းခဲ့‌သော်လည်း ယခုလို ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းဖြင့် အသံတစ်သံတည်း ထွက်‌ပေါ်ကာ ထိ‌ရောက်မှု ပိုအား‌ကောင်းလာမည်ဖြစ်သည်ဟု ‌စောဂျွန်ဘရိုက်က ဆက်‌ပြောသည်။
333
မြန်မာအစိုးရက ကရင်၊ သျှမ်း(ရှမ်း)၊ ကရင်နီ(ကယား)ပြည်နယ်ရှိ သံလွင်မြစ်‌ပေါ်တွင် မိုင်းတုံ၊ ကွမ်းလုံ၊ ‌နောင်ဖ၊ ရွာသစ်နှင့် ဟတ်ကြီး စသည့် ‌နေရာ ၅ခုကို ‌ရေကာတာ တည်‌ဆောက်ရန် လက်ခံသ‌ဘောတူထားပြီဖြစ်သလို သု‌တေသနလုပ်ငန်းများ စတင်လုပ်‌ဆောင်မှုများလည်းရှိသည်ဟု သံလွင်မြစ်အ‌ရေး လှုပ်ရှား‌နေ‌သော အဖွဲ့များက ‌ပြောဆိုသည်။

ယင်း‌လေ့လာမှုတွင် ပါဝင်သူ မိုင်းပန်လူငယ်အဖွဲ့ဝင် နန်း‌မွေ‌လောင်က “အကယ်၍ ‌ရေကာတာ လာလုပ်ခဲ့မယ် ဆိုရင် သံလွင် ‌အောက်ပိုင်းမှာရှိတဲ့ ရွာ‌တွေလည်း မြှုပ်သွားမယ်။ သူတို့ စီးပွား‌ရေးလည်း အကုန်လုံး ဆုံးရှုံးသွား မယ်။ သူတို့ဘဝက ပြန်စမယ်ဆိုရင် အရမ်းဆိုးဝါးလွန်းတယ်‌ပေါ့‌နော်။ အထက်ပိုင်း သျှမ်းပြည်မှာဆို ‌နေရာ ‌လေး‌နေရာ‌လောက် ‌ရေမြှုပ်သွားမယ်။ ပြန်ပြီး‌တော့ အစားထိုး မရနိုင်တဲ့ သျှမ်းပြည်မှာ ရှိတယ်‌ပေါ့‌နော်״ဟု ‌ပြောသည်။

အဆိုပါ သံလွင်မြစ်‌ပေါ် ‌ရေကာတာ ‌ဆောက်လုပ်မည့် စီမံကိန်းတွင် တရုတ်နိုင်ငံမှ Hanergy Holding Company, Hydrochina Corporation, China Three Corporation, China Datang Over Seas Investment, Sinohytro, ထိုင်းနိုင်ငံမှ EGAT International Co,Ltd တို့အပြင် မြန်မာနိုင်ငံမှ ‌ရွှေ‌တောင်၊ Asia World နှင့် IGE ကုမ္ပဏီတို့လည်း ပါဝင်သည်ဟု သိရသည်။

တိဘက်၊ တရုတ်နိုင်ငံ ‌မြောက်ပိုင်းမှ စီးဆင်းကာ အ‌ရှေ့‌တောင်အာရှတွင် အရှည်လျားဆုံး မြစ်‌ချောင်းဖြစ်သည့် သံလွင်မြစ်သည် အရှည် ၂၈၂ဝ ကီလိုမီတာရှိပြီး သျှမ်း၊ ကရင်နီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်ကာ မုတ္တမ ပင်လယ်‌ကွေ့အထိ စီးဆင်းလျှက်ရှိသည်။