Home သတင်း ‌ကော့ကရိတ်မြို့နယ် အားကစားပွဲ၌ ထူးချွန်လူငယ်များ ‌ရွေးချယ်မည်ဟု အား/ကာ ဆို

‌ကော့ကရိတ်မြို့နယ် အားကစားပွဲ၌ ထူးချွန်လူငယ်များ ‌ရွေးချယ်မည်ဟု အား/ကာ ဆို

2109

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဋ္ဌာန(အား/ကာ)မှ ဦး‌ဆောင်ပြီး TSDP township sport development program အစီအစဉ်ဖြင့် ‌ကော့ကရိတ်မြို့မ အားကစားကွင်းတွင် နိုဝင်ဘာလ၂၉ရက်မှစ၍ ဒီဇင်ဘာလ ၅ရက်‌နေ့ အထိ ကျင်းပ‌နေသည့် ‌ဘောလုံးပွဲနှင့် ‌ပြေးခုန်ပစ်ပြိုင်ပွဲမှ ထူးချွန်သည့်လူငယ်ကစားသမားများကို ‌ရွေးချယ်သွားမည်ဟု သိရ သည်။

အဆိုပါအားကစားပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ် အား/ကာ နည်းစနစ်မှူး ‌ဒေါ်‌အေး‌အေး ‌အောင်က “ကျမတို့အ‌နေနဲ့ အား/ကာဝန်ကြီး အဘ ဦးတင့်ဆန်းရဲ့ လမ်းညွန်မှာကြားချက်များကို စီမံချက်‌တွေကို ချမှတ်အ ‌ကောင်အထည်‌ဖော်ပြီး နိုင်ငံဂုဏ်‌ဆောင် အားကစားသမားများ ‌ပေါ်ထွက်လာဖို့ ရည်မှန်းချက်ထားပါတယ်။ အဲဒီအတွက် မြို့နယ် တိုင်းမှာ ကျင်းပပြီး ထူးချွန်တဲ့ ကစားသမား‌တွေကို ‌ရွေးချယ်သွားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

TSDP အစီအစဉ်အရ ယင်းအားကစားပြိုင်ပွဲများကို ကရင် ပြည်နယ်ရှိ ‌ကော့ကရိတ်၊ ဖာပွန်နှင့် မြဝတီမြို့နယ်များတွင် ကျင်းပ ခွင့်ရသည့်အနက် မြို့နယ်နှစ်ခု၌ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၈မြို့နယ်အထိ ကျင်းပပြီးစီးခဲ့‌ကြောင်း သိရသည်။
12306007_471571479697857_406254041_n
ထိုအားကစားပြိုင်ပွဲများနှင့်ပတ်သက်ပြီး ‌ကော့ကရိတ် all star အသင်းမှ ကစားသမားတစ်ဦးက “ဒီလိုပွဲကို ကျ‌နော်တို့မြို့မှာ လုပ်‌ပေးတာ ‌ကျေးဇူးတင်တယ်။ ပြိုင်ပွဲမှာလည်း အ‌ကောင်းဆုံး ကစားသွားမှာပါ။ ‌ကော့ကရိတ်က ‌ဘောလုံး စိတ်ဝင်စားမှုရှိတဲ့ မြို့၊ ‌ဘောလုံးကစားတာကို အား‌ပေးတဲ့မြို့ဆို‌တော့ အားကစားသမား‌ကောင်း‌တွေ ‌ပေါ်ထွက်မှာပါ”ဟု ‌ပြောသည်။

ယခုကျင်းပသည့် အားကစားပြိုင်ပွဲများအနက် ‌ဘောလုံးပြိုင်ပွဲတွင် တိုက်နယ်‌ကျေးရွာ ၃စုမှ အံဖကြီးအုပ်စု၊ ‌တောင်ကြာအင်းအုပ် စု၊ ကျုံဒိုးတိုက်နယ်အုပ်စု အပါအဝင် ‌ကော့ကရိတ်မြို့‌ပေါ် ရပ်ကွက်အသင်း‌ပေါင်း ၁၂သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဆု‌ကြေး‌ငွေအ ‌နေဖြင့် ပထမဆု ၅သိန်း၊ ဒုတိယဆု ၃သိန်း ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ကော့ကရိတ်တွင် ယခု ကျင်းပလျှက်ရှိသည့် ‌ဘောလုံး၊ ‌ဘောလီ‌ဘော၊ ပိုက်‌ကျော်ခြင်းနှင့် ‌ပြေးခုန်ပစ်တို့ ပါဝင်သည့် မြို့နယ် အားကစားနှင့် ကာယပညာ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများကို ပြီးခဲ့သည့် ဩဂုတ်လ ၂ဝရက်‌နေ့က ကျင်းပရမည်ဟု သတ် မှတ်ထားခဲ့ကြ‌သော်လည်း ‌ဒေသတွင်း တိုက်ပွဲဖြစ်ပွား‌နေမှုများ‌ကြောင့် ယခုလကျမှသာ ကျင်းပနိုင်ခြင်းဖြစ်သည်။