Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အမြင် လူငယ့်အသံ

လူငယ့်အမြင် လူငယ့်အသံ

2030

“အိမ်ပြန်ချင်တာထက် ကိုယ့်ကရင်အမျိုးသား‌ရေးအတွက် လုပ်‌ပေးချင်တဲ့စိတ်က ပိုများလာ”

လူငယ်တိုင်း ‌မျှော်လင့်ချက်၊ ရည်မှန်းချက်‌တွေ၊ ဝါသနာ‌တွေနဲ့ အိပ်မက်ကိုယ်စီ ရှိတတ်ကြသလို တချို့က ဝါသနာကို အရင်းခံပြီး ‌မျှော်လင့်ချက်၊ ရည်မှန်းချက်‌တွေကို တစိုက်မတ်မတ် အ‌ကောင်အထည်‌ဖော်‌နေသူ‌တွေ၊ အနာဂတ်အတွက် စမ်းတဝါးဝါး ဖြစ်‌နေ တဲ့လူငယ်‌တွေလည်း ‌မြောက်များစွာ ရှိ‌နေပါတယ်။ တချို့က‌တော့ ဝါသနာကို‌ဘေးချိတ်၊ မျိုးချစ်စိတ်ကို အရင်းခံ၊ လက်ရှိဖြစ်သင့် တာကို ဦးစား‌ပေး အ‌ကောင်အထည်‌ဖော်ပြီး အနာဂတ်ကို ‌ခြေလှမ်း‌နေတဲ့လူငယ်များလည်း ရှိ‌နေပြန်ပါတယ်။

အဲသလို လူငယ်‌တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး-KNU ရဲ့ ဆဋ္ဌမအကြိမ်‌မြောက် မျိုးဆက်သစ်ကရင်လူငယ်သင်တန်း ‌ကျောင်းသူ အသက် ၂ဝအရွယ် နန့်အိုင်‌ဖောင်ဟာ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ် ‌ကျေးရွာ‌လေးတစ်ရွာက‌နေ လာ ‌ရောက်ပညာသင်ကြား‌နေတာ ဖြစ်ပါတယ်။ ‌မောင်နှမနှစ်‌ယောက်ထဲမှာ အကြီးလည်းဖြစ်တဲ့ သူမအ‌နေနဲ့ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က ပန်းတ‌နော်မြို့နယ်၊ ဇရပ်လှကြီး ‌ကျေးရွာအုပ်စုမှာရှိတဲ့ တွဲဖက်အထက်တန်း‌ကျောင်း က‌နေ ‌အောင်မြင်ခဲ့တာဖြစ်ပါတယ်။

မိဘအရိပ်ကိုစွန့်ခွာပြီး ဇာတိနဲ့ အင်မတန် အလှမ်း‌ဝေးကွာလှတဲ့ နယ်စပ်‌ဒေသက မျိုးဆက်သစ်ကရင်လူငယ်သင်တန်း‌ကျောင်း ကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်၊ ဇွန်လမှာ စတင် တက်‌ရောက်ခဲ့ရတဲ့အ‌ကြောင်း သူမ‌ပြောပြတာက “ကျမ ဝါသနာပါတာက‌တော့ ‌ဆေး ပညာ‌ပေါ့။ ‌ဆေးသင်တန်းတက်ချင်တာရယ်၊ ကျမ ဆယ်တန်း‌အောင်‌တော့ တက္ကသိုလ်ဆက်တက်ဖို့ အ‌ခြေအ‌နေအရ မဖြစ်‌သေး တာရယ်၊ ‌နောက်ပြီး မျိုးချစ်စိတ်တစ်ခုနဲ့ မိဘ‌တွေရဲ့ အား‌ပေးမှု‌ကြောင့် ‌ရောက်ရှိလာပါ။”လို့ ဆိုပါတယ်။

အဲဒီသင်တန်း‌ကျောင်းမှာ ဖက်ဒရယ်စနစ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်၊ ကရင့်‌တော်လှန်‌ရေးသမိုင်း၊ မြန်မာ့သမိုင်း၊ နိုင်ငံ‌ရေးသိပံ္ပ၊ ‌ခေါင်း‌ဆောင်မှုနဲ့ စီမံခန့်ခွဲမှု၊ ပထဝီနိုင်ငံ‌ရေး၊ ကွန်ပြူတာနဲ့ အ‌ခြေခံစစ်သင်တန်းများကို သင်ကြား‌ပေးတယ်လို့သိရပြီး သင်တန်း တက်‌ရောက်ခါစ သူမရဲ့အ‌တွေ့အကြုံကို ခုလို ‌ပြောပြပါတယ်။
“ဒီနယ်‌မြေကို စ‌ရောက်ခါစက‌တော့ မိဘ‌တွေ သတိရတာ အိမ်ပြန်ချင်တာ‌တွေ‌ကြောင့် ငိုခဲ့တာ‌တွေရှိတယ်။ ဒါ‌ပေမယ့် ‌ကျောင်း မှာ ကရင်သမိုင်း‌ကြောင်းကို ‌လေ့လာသင်ယူခွင့်ရတဲ့အခါကျ‌တော့ အိမ်ပြန်ချင်တာထက် ကိုယ့်ကရင်အမျိုးသား‌ရေးအတွက် လုပ်‌ပေးချင်တဲ့စိတ်က ပိုများလာတဲ့အတွက် အရင်ကထက်စာရင် ‌နေသားကျသွားပါပြီ်”လို့ ‌ပြောပါတယ်။

မြစ်ဝကျွန်း‌ပေါ်လို့ အများသိကြတဲ့ ဧရာဝတီတိုင်း‌ဒေသကြီးမှာ ကရင်နဲ့ ဗမာလူမျိုးအများစု ‌နေထိုင်‌နေကြပြီး အဲဒီထဲက ပန်းတ ‌နော်မြို့နယ်မှာ‌နေထိုင်သူ အများစုဟာ လယ်လုပ်ငန်း၊ ‌ရေလုပ်ငန်းနဲ့ ကိုင်းလုပ်ငန်း‌တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ငရုတ်သီး၊ ကွမ်းရွက် စိုက်ပျိုးခြင်းနဲ့ သင်ခြံလုပ်ငန်းကို အသက်‌မွေးဝမ်း‌ကျောင်းကြတာမို့ အဲဒီအထဲမှာ နန့်အိုင်‌ဖောင်တို့မိသားစုလည်း အပါအဝင်ပါ။

မြစ်ဝကျွန်း‌ပေါ်‌ဒေသ‌နေ ကရင်လူငယ်အများစုဟာ ဗမာစကားကိုသာ ‌ပြောဆိုမှုုများခဲ့‌ပေမဲ့ အခုဆိုရင်သာ မိမိတို့ရဲ့စာ‌ပေ၊ ယဉ် ‌ကျေးမှုကို အရင်းခံတဲ့ အမျိုးသား‌ရေးအသိနဲ့ မိမိတို့ရဲ့ ကရင်စကားကို ပြန်‌ပြောလိုတဲ့စိတ် ပြန်လည်နှိုးကြွလာပါတယ်။ ဒီလိုအ ‌ခြေအ‌နေ‌လေး‌တွေက အားရစရာဖြစ်‌ပေမယ့် တစ်ချို့‌သော ကရင်လူငယ်‌တွေ‌လောက်သာ ပညာဆက်သင်နိုင်ကြပြီး အများစု က‌တော့ မိသားစုစားဝတ်‌နေ‌ရေး‌တွေ‌ကြောင့် ပညာတစ်ပိုင်းတစ်စနဲ့ ရန်ကုန်လိုမြို့ကြီး‌တွေအပြင် ပြည်ပနိုင်ငံ‌တွေမှာ သွား ‌ရောက်လုပ်ကိုင်‌နေရတဲ့ ကရင်လူငယ်ကျားမဦး‌ရေ များပြားလာ‌နေတုန်းပဲလို့ နန့်အိုင်‌ဖောင်က ‌ပြောပါတယ်။

မြန်မာပြည်က ဘွဲ့တစ်ခုကိုရယူဖို့ စဉ်းစားထားခဲ့‌ပေမယ့် လက်ရှိအ‌နေအထားက သင်တန်း‌ကျောင်းပြီးရင် သူမ ဝါသနာပါတဲ့ ‌ဆေးသင်တန်းတစ်ခု တက်‌ရောက်ပြီး ဇာတိ‌မြေမှာ အမျိုးသား‌ရေးအတွက် တတ်နိုင်သမျှ ပါဝင်လုပ်‌ဆောင်‌ပေးဖို့ ရည်မှန်းထား တယ်လို့လည်း အနာဂတ်ကို ပုံ‌ဖော်‌ပြောပြပါတယ်။

နန့်အိုင်‌ဖောင်ဟာ များစွာ‌သော ကရင်လူငယ်‌တွေထဲက သူမလို ဘဝတူရွယ်တူ‌တွေ အများကြီးကို ‌ပြောပြ၊ တိုက်တွန်း၊ အား‌ပေး ချင်တာက‌တော့ … “လူငယ်‌တွေအ‌နေနဲ့ လူကြီး‌တွေကိုပဲ မှီခိုအားထားတဲ့စိတ်နဲ့ တစ်ကိုယ်‌ကောင်းဆန်တဲ့စိတ်ကို ‌လျှော့ချပြီး ပူး ‌ပေါင်းလုပ်‌ဆောင်‌စေချင်တယ်။ နိုင်ငံ‌ရေး၊ မိမိလူမျိုးအ‌ရေး၊ လူ့အခွင့်အ‌ရေးနဲ့ အမျိုးသမီး အခွင့်အ‌ရေး‌တွေကို နားလည်ပြီး အနာ ဂတ်အတွက် ‌ခေတ်မှီပညာတတ်များဖြစ်‌အောင် အတူတကွ ကြိုးစားကြဖို့ တိုက်တွန်းလို‌ကြောင်း”ပဲ ဖြစ်ပါတယ်။