Home သတင်း မြဝတီခရိုင်တွင် မဲဆန္ဒနယ်အားလုံး မဲနိုင်‌နေ‌ကြောင်း NLD ‌ပြောဆို

မြဝတီခရိုင်တွင် မဲဆန္ဒနယ်အားလုံး မဲနိုင်‌နေ‌ကြောင်း NLD ‌ပြောဆို

1713

နိုဝင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တရားဝင် ထုတ်ပြန်ခြင်းမရှိ‌သော်လည်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မြဝတီခရိုင်မှ ဝင်‌ရောက်ယှဉ်ပြိုင် သည့် NLD ကိုယ်စားလှယ်အားလုံး အနိုင်ရရှိမည်ဟု ‌ပြောနိုင်‌ကြောင်း NLD မြဝတီခရိုင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်‌တော်ကိုယ်စား လှယ်‌လောင်းလည်းဖြစ်သည့် ဦးစိန်ဗိုလ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ ၂၀၁၅‌ရွေး‌ကောက်ပွဲကို‌တော့ ကျ‌နော်တို့မြဝတီမှာ အ‌ရွေးခံတဲ့ ကိုယ်စားလှယ်အားလုံးဟာ အနိုင်ရတယ်လို့‌ပြောလို့ရတယ်။ သို့‌သော်လည်းပဲ သက်ဆိုင်ရာ မဲရုံအသီးသီးက‌နေပြီး‌တော့ ကျန်ပါ‌သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာပဲ‌ပြော‌ပြော ကျ‌နော်တို့နိုင် ပြီလို့ ‌ပြောလို့ရတယ်။ အတည်ပြုရမှာက သက်ဆိုင်ရာ ‌ကော်မရှင်က ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုမဲအနိုင်ရရှိသည့် မြဝတီခရိုင်တွင် NLD ပါတီအ‌နေဖြင့် အမျိုးသားလွှတ်‌တော်၊ ပြည်သူ့လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ်အမှတ်(၁)များ၌ ပအိုဝ်း၊ မွန်နှင့် ဗမာ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်‌လောင်းရရှိရန် ဝင် ‌ရောက်အ‌ရွေးချယ်ခံခဲ့သည်။

ယခုမဲအနိုင်ရရှိသည့် ကိုယ်စားလှယ်‌လောင်းများအ‌နေဖြင့် NLD ပါတီအ‌ခြေခံထား‌သော တရားဥပ‌ဒေစိုးမိုး‌ရေး ငြိမ်းချမ်း‌ရေးဖြင့် စစ်မှန်‌သော ဒီမိုက‌ရေစီအဖြစ်ရရှိ‌ရေးကို ဦး‌ဆောင်ပြီး လုပ်‌ဆောင်‌ပေးသွားမည်ဟု ဦးစိန်ဗိုလ်က ဖြည့်စွက်‌ပြောဆိုသည်။

သို့‌သော်လည်း ပအိုဝ်း၊ မွန်၊ ဗမာ လူမျိုးစုလွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ၏ မြဝတီခရိုင်၌ အနိုင်ရရှိ‌သော်လည်း ပြည်နယ် တစ်ခုလုံး၏ မဲရလဒ်အ‌ခြေအ‌နေကို ‌စောင့်ကြည့်ရမည်ဟု NLD က ‌ပြောသည်။

NLD ပါတီကို မဲ‌ပေး‌သော အမျိုးသမီး မဲဆန္ဒရှင် နန်းရီသိန်းက “ကျမထည့်လိုက်တဲ့ ပါတီ အနိုင်ရရှိမှာဖြစ်တဲ့အတွက် ကျမ အရမ်းပဲ ဝမ်းသာပါတယ်။ ဒီပါတီကိုထည့်ရတာလည်း သူတို့ကို ကျမတို့ အပြည့်အဝ ယုံကြည်လို့ထည့်တာဖြစ်တယ်။ သူတို့ အ‌နေနဲ့ ငြိမ်းချမ်း‌ရေး အရင်ရ‌အောင် လုပ်‌ပေး‌စေချင်တယ်။ ပြီးရင် ကျမတို့ ဆင်းဆင်းရဲရဲ‌နေရတဲ့လူ‌တွေကိုလည်း လုပ်‌ဆောင် ‌ပေး‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် မဲရုံ ၅၁ရုံအနက် ၁၁ရုံက လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ကျန်မဲရုံများအားလုံး အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က မဲနိုင်‌နေ‌ကြောင့် ပါတီကိုယ်စားလှယ်များနှင့် ‌စောင့်ကြည့်‌လေ့လာ သူများက ‌ပြောဆို‌နေကြ‌သော်လည်း မြို့နယ်၊ ခရိုင်‌ကော်မရှင်များက ယခုအချိန်ထိ ထုတ်ပြန်‌ကြေညာခြင်း မရှိ‌သေး‌ပေ။