Home သတင်း ထိုင်းက ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ‌ဈေး‌ရောင်းခွင့် တားမြစ်သည့်အ‌ပေါ် မြန်မာများ စိုးရိမ်‌နေ

ထိုင်းက ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ‌ဈေး‌ရောင်းခွင့် တားမြစ်သည့်အ‌ပေါ် မြန်မာများ စိုးရိမ်‌နေ

1735

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ‌တောင်ပိုင်း ရ‌နောင်းခရိုင်နှင့် ကူရဘူရိခရိုင် အတွင်းရှိ မြို့များအနှံ့၌ နိုင်ငံခြားသားများ အပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းအ လုပ်သမားများကို ‌ဈေး‌ရောင်းချခွင့်မပြု‌ကြောင်း အသိ‌ပေးဆိုင်းပုဒ်များကို ထိုင်းစည်ပင်ဌာနမှ စက်တင်ဘာလ ၂၉ရက်‌နေ့က စိုက်ထူခဲ့ပြီး‌နောက်ပိုင်း မဲ‌ဆောက်တွင် ‌ဈေး‌ရောင်း‌နေသည့် မြန်မာများကလည်း ‌ဈေးမ‌ရောင်းရ‌တော့မည်ကို စိုးရိမ်‌နေကြသည်။

“အဲဒီလိုကြား‌တော့ စိုးရိမ်မှု ရှိတယ်။ ကျ‌နော်တို့ ဆိုင်ဖွင့်ထားတာက နားလည်မှု‌တွေနဲ့ စာရွက်စာတမ်း အ‌ထောက်အထား‌တွေ အပါအဝင် သူတို့သတ်မှတ်‌ကောက်ခံတဲ့ အခွန်‌ကြေး ‌ပေးရတဲ့အပြင် အရင်းအနှီးလည်း အများကြီးရှိပါတယ်။ တကယ်လို့ ‌ရောင်းခွင့်မရှိဘူးဆို ကျ‌နော်တို့ လုံးဝ အဆင်မ‌ပြေဘူး”ဟု တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် ကို‌အောင်နိုင်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မြန်မာလူဦး‌ရေ ၇၅ရာခိုင်နှုန်းခန့် ရှိသည့် မဲ‌ဆောက်မြို့တွင် မြန်မာများ ဖွင့်လှစ်ထားသည့် စား‌သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်များ အပါအဝင် ‌ခေါင်း ရွက်ဗျတ်ထိုး ‌ဈေးသည်များလည်းရှိ‌နေပြီး ထိုင်းနိုင်ငံသားတဦးဦးက အမည်ခံလုပ်ကိုင်‌နေခြင်းဖြစ်ကာ လုပ်ငန်းအလိုက် အခွန် နှင့် ‌ငွေ‌ကြေးများကိုလည်း နားလည်မှုဖြင့် ‌ပေး‌ဆောင်ရသည့်များရှိသည်ဟု ဆိုင်ဖွင့်ထားသူများက ‌ပြောဆိုသည်။

မဲ‌ဆောက်‌ဈေးထဲရှိ ကုန်စိမ်းတွန်းလှည်းသည်တစ်ဦးက “မဲ‌ဆောက်‌ဈေးမှာ ‌ခေါင်းရွက်ဗျတ်ထိုး‌တွေဆို ‌ဈေး‌ကောက် မနက်ည ၁ဝဘတ်‌ပေးရတယ်။ ကျ‌နော်တို့လို တွန်းလှည်းသမားက‌တော့ ပုလိပ်‌ကြေး၊ ‌မော်‌တော်ပီကယ်‌ကြေး တစ်လကို ၇၀ဝဘတ်‌ပေးရ တယ်။ တကယ်လို့ ကျ‌နော်တို့ ‌ဈေးမ‌ရောင်းရဘူးဆို အပြန်အလှန် အကျိုးရှိတဲ့ ထိုင်း‌တွေလည်း အဆင်မ‌ပြေဘူး”ဟု ‌ပြောသည်။

ထိုင်း‌တောင်ပိုင်းခရိုင်၊ မြို့များရှိ အာဏာပိုင်များ၏ တားမြစ်ချက်များအရ နိုင်ငံခြားသား အပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား များအ‌နေဖြင့် လုပ်အားဖြင့် ကိုယ်ပိုင်အ‌ရောင်းအဝယ်လုပ်ခြင်း၊ ကိုယ်တိုင် ပစ္စည်းထမ်းရွက် လိုက်လံ‌ရောင်းချခြင်း၊ ကိုယ်ပိုင်ဆိုင် ဖွင့်ကာ ‌ရောင်းချခြင်းများ လုပ်ကိုင်ခွင့်ပြုမည်မဟုတ်‌ကြောင်း သိရသည်။

၎င်းတားမြစ်ချက်များကို ‌ဖောက်ဖျက်ပြီး ‌ဈေး‌ရောင်း‌နေသည်ကို စစ်‌ဆေး‌တွေ့ရှိပါက ဘတ် ၂ဝဝဝထက် မပိုသည့်ဒဏ်‌ငွေ ‌ပေး ‌ဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် အလုပ်သမားကတ် မရှိပါက ငါးနှစ်ထက်မ‌ကျော်သည့် ‌ထောင်ဒဏ် နှင့် ဒဏ်‌ငွေဘတ် ၂ဝဝဝမှ ၁ဝဝ,ဝဝဝအထိ ကျခံရမည်ဖြစ်‌ကြောင်း သိရသည်။

ထိုင်းတွင် ယခင်ကတည်းက နိုင်ငံခြားသားများနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ‌ဈေး‌ရောင်းခွင့်မပြုသည့် ဥပ‌ဒေရှိခဲ့သလို ယခု ကဲ့သို ့ဘတ် ၂၀၀ဝ ဒဏ်ရိုက်မည်ဆိုပါက ‌ခေါင်းရွက်ဗျက်ထိုးသည်များ အထိနာမည်ဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူး တွဲလှုပ်ရှားမှု‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ယခင်က ထိုင်း‌တောင်ပိုင်းခရိုင်များတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား ဆိုင်ကယ်စီးခွင့် တားမြစ်ခြင်း၊ အလုပ်ခွင်သွား ရာတွင် မြန်မာမှန်း သိသာထင်ရှား‌အောင် အကျင်္ီအဝါဂျာကင်များ ဝတ်ဆင်ရန် အမိန့်ထုတ်သည့်ဖြစ်စဉ်များ ရှိခဲ့‌ကြောင်း ထိုင်းနိုင် ငံ‌ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦး‌ကျော်‌သောင်းကလည်း ‌ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃သန်းခန့်ရှိပြီး တရားဝင် အလုပ်လုပ်ခွင့် အ‌ထောက်အထားရှိသူ ၁.၃ သန်းခန့်နှင့် အ‌ထောက်အထားမရှိသူ ၁.၇ သန်းခန့်ရှိ‌ကြောင်း မြန်မာနိုင်ငံအလုပ်သမား ဝန်ကြီးဌာန၏ ‌ဖော်ပြချက်အရ သိရသည်။ ယင်းတို့အနက် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားဦး‌ရေ ၂သိန်း‌ကျော်ရှိပြီး ၆‌သောင်းခန့်သာ တရားဝင် အလုပ်လုပ်ခွင့် အ‌ထောက်အထားရှိ‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေ ကြသည့် အဖွဲ့အစည်းများက ခန့်မှန်းထားသည်။