Home ဆောင်းပါး ‌ထောင့်‌စေ့ကွက်‌စေ့ တမင်ညစ်ပတ်‌နေတဲ့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်

‌ထောင့်‌စေ့ကွက်‌စေ့ တမင်ညစ်ပတ်‌နေတဲ့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်

1827

(‌မောင်‌ကျော်စွာ)

(၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၂ရက်)

ပထမအကြိမ် မဲစာရင်းထုတ်ပြန်‌တော့ အမှား‌တွေပါခဲ့တယ်။ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်‌တော့လည်း ပထမအကြိမ်နဲ့ မခြား မနား အမှား‌တွေ ထပ်ပါ‌နေတုန်းပဲဖြစ်တယ်။ ဒီလုပ်ရပ်ကို ပြည်သူအများက “တမင် ညစ်ပတ်မှု”လို့ မြင်ကြပြီး အတိုက်အခံပါတီ ရဲ့ “ရာနှုန်းပြည့်‌အောင်နိုင်‌ရေး”ကို “ရုပ်ပျက်ဆင်းပျက် မဲစာရင်း တမင်မှားယွင်းမှု”ဗျူဟာနဲ့ တိုက်စစ်ဆင်‌နေတာဖြစ်မယ်လို့ သုံး သပ်ယူဆ‌နေကြပါတယ်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဒီလိုမဲစာရင်းအမှား‌တွေနဲ့ပတ်သက်ပြီး “ကွန်ပြူတာ”အ‌ပေါ် အပြစ်ပုံချထားတယ်။ “လူထုကိုကြိုပြီး ပညာ‌ပေးရမှာ မ‌ပေးမိလိုက်ဘူး။ ကွန်ပြူတာက ဒီလိုလုပ်ထားတာကို အခုမှသိရတာ” တဲ့။ သက်ရှိ လူက မိမိရဲ့စီမံခန့်ခွဲမှု နုံချာညံ့ဖျင်းတာကို ရှင်းရှင်းဝန်မခံဘဲ သက်မဲ့စက်အ‌ပေါ် ပုံချလိုက်တာဟာ မိမိတို့ရဲ့စီမံခန့်ခွဲမှု နုံချာ ညံ့ဖျင်းတာကို မိုက်မဲမှုနဲ့ အချည်းအနှီး ဖုံးကွယ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။

ဒီမဲစာရင်းအမှား‌တွေနဲ့ ပတ်သက်ပြီး ပူး‌ပေါင်းကူညီ‌နေတဲ့ (IFES) မှာလည်း တာဝန်ရှိတယ်။ မိမိဂုဏ်သိက္ခာနဲ့ လုပ်ငန်းတာဝန်ကို ‌လေးစားတန်ဖိုးထားသူ၊ တာဝန်ယူတတ်သူသာဆိုရင် ဒီလိုပြုမူမှာ မဟုတ်ပါဘူး။ မိမိရဲ့တာဝန်ရှိမှုကို ထုတ်‌ဖော်ဝန်ခံ၊ ‌တောင်းပန် ပြီး တာဝန်က နှုတ်ထွက်သွားမှာဖြစ်ပါတယ်။ အခုဟာက တစ်ကြိမ်တစ်ခါမဟုတ်၊ နှစ်ကြိမ် နှစ်ခါမှားတာဖြစ်ပါတယ်။ သိပ်ရှက်ဖို့ ‌ကောင်းပါတယ်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဆိုတာ သန့်ရှင်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို အသက် ဝိဉာဉ်သဖွယ်၊ ဦးထိပ်ပန်ဆင်ထားရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် ‌ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ‌ကော်မရှင်အဖွဲ့ဝင်‌တွေရဲ့ ဂုဏ်သိက္ခာ၊ လူကြီးလူ‌ကောင်းဆန်မှုနဲ့ သမာသမတ်ကျမှု‌တွေဟာ သန့်စင်‌နေဖို့ လိုအပ်ပါတယ်။ စကား‌ပြောဆို ‌ဆွေး‌နွေးရာမှာလည်း ယဉ်‌ကျေးသိမ်‌မွေ့ပြီး လူကြီးလူ ‌ကောင်းဆန်ဖို့ လိုပါတယ်။ “ဆယ်ခါ ပိတ်ဆို့အ‌ရေးယူလည်း မမှုဘူး/ ကန်‌တော့ပွဲနဲ့လာပင့်လည်း မလုပ်ဘူး”ဆိုတဲ့ စကားမျိုး‌တွေ ‌ပြောဆိုဖို့ လုံးဝ မသင့်ပါဘူး။ သမာဓိလူကြီးဆိုတာ လူမိုက်‌တွေနဲ့ အပုံကြီး ခြားနားဖို့လိုပါတယ်။

အခု‌တော့ ‌ကော်မရှင်လူကြီးကိုယ်၌က‌ရော ‌ကော်မရှင်ရဲ့လုပ်ရပ်‌တွေကပါ တိုင်း‌ကျော်ပြည်‌ကျော် ‌ပြောစရာ ဆိုစရာ‌တွေ ဖြစ်လို့ ‌နေပါတယ်။ မဲစာရင်းမှားယွင်းမှုဟာ ပြည်သူ‌တွေရဲ့ စိတ်‌အေးချမ်းစွာ ဆန္ဒမဲ‌ပေးနိုင်‌ရေးကို ထိပါး‌နှောင့်ယှက်‌စော်ကားတာပဲ ဖြစ်ပါ တယ်။ မဲစာရင်းမှန်ရ‌ရေးကိစ္စဟာ အချိန်၊ ‌ငွေ‌ကြေး၊ ပြည်ပအကူအညီ၊ ကျွမ်းကျင်သူလူအင်အား စသဖြင့် လုံ‌လောက်စွာ ရရှိခဲ့ပါ တယ်။ မကြာခင်ကမှ ထုတ်ပြန်ခဲ့တဲ့ သန်း‌ခေါင်စာရင်းထဲက‌နေ အလွယ်တကူ ရရှိနိုင်တာလည်းဖြစ်ပါတယ်။ ဒီလိုအ‌ခြေခံ အချက်အလက်‌တွေ ပြည့်စုံလုံ‌လောက်‌နေပါလျက်နဲ့ မဲစာရင်းနှစ်ကြိမ်နှစ်ခါ မှားယွင်း‌နေတာဟာ ‌သွေးရိုးသားရိုးမဟုတ်ဘဲ တမင် ညစ်ပတ်တဲ့ လုပ်ရပ်ကလွဲလို့ တခြားဘာမှ ဖြစ်နိုင်စရာမရှိပါဘူး။

မဲစာရင်းမှားယွင်း‌နေတာနဲ့ ပတ်သက်ပြီး နိုင်ငံ‌ရေးပါတီ‌တွေဘက်က တုန့်ပြန်မှုက အားရစရာ မ‌ကောင်းပါဘူး။ သိပ်သ‌ဘော ‌ကောင်းလွန်း‌နေတာကို ‌တွေ့ရမှာပါ။ မဲစာရင်းမှားတာကို တစ်ဖက်က လူထုထဲမှာ အမှားပြင်ဖို့ တအိမ်တက်ဆင်း လိုက်လံလှုံ့ ‌ဆော်စည်းရုံးရမှာဖြစ်သလို ဒီလိုမှားယွင်း‌နေတာနဲ့ပတ်သက်ပြီး ထိထိ‌ရောက်‌ရောက် အ‌ရေးဆိုတိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီ ၂ခုကို ဟန်ချက်ညီညီ ‌ပေါင်းစပ်‌ရေးမှာ ပျက်ကွက်ခဲ့ပါတယ်။ တအိမ်တက်ဆင်း မဲစာရင်းပြင်ဆင်‌ရေးဆိုတဲ့ ဘက်တစ်ဖက်ထဲကို ပဲ အားပြုလုပ်‌ဆောင်ခဲ့ပါတယ်။ ဒီလို မဲစာရင်းအမှားကို အ‌ရေးဆိုတိုက်ပွဲဆင်ရာမှာ ဥပ‌ဒေတွင်း နည်းလမ်းရှိသမျှနဲ့ အ‌ရေးကုန် ‌အောင် တိုက်ပွဲဝင်ရမှာပါ။ ဒီမိုက‌ရေစီလိုလားတဲ့ နိုင်ငံ‌ရေးပါတီအားလုံး၊ လူမှုအဖွဲ့အားလုံး စုစည်းပြီး‌တော့လည်း စု‌ပေါင်း အ‌ရေး ဆိုကြရမှာပါ။

အခုလည်း အချိန်မ‌နှောင်း‌သေးပါဘူး။ အ‌ရေးဆိုမယ်ဆိုရင် ဆိုနိုင်တဲ့ အ‌ခြေအ‌နေ၊ အချက်အလက်‌တွေ ရှိ‌နေတုန်းပါ။ မတရားမှု/ တမင်ညစ်ပတ်မှု‌တွေကို အ‌ရေးဆိုတိုက်ပွဲဝင်‌ရေးနဲ့ ပတ်သက်ရင် ဘယ်‌တော့မှ အချိန်‌နောက်ကျ‌နေပြီ/ အချိန်လွန်သွားပြီရယ်လို့ မရှိပါဘူး။

မဲစာရင်းတမင်မှားယွင်း‌နေတာဟာ မဲ‌ပေးပိုင်ခွင့်ရှိသူပြည်သူ‌တွေ မဲ‌ပေးခြင်းမပြုနိုင်‌အောင် တမင်ဟန့်တား‌နှောက်ယှက်မှုပဲ ဖြစ်ပါ တယ်။ ဒီလိုဖြစ်‌အောင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကိုယ်တိုင်က လုပ်‌ဆောင်‌နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်ထဲမှာ (IFES)က လည်း ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်‌နေတယ်။ ဒိုင်လူကြီးနဲ့ ဒိုင်အဖွဲ့အစည်းကိုယ်တိုင်က ညစ်ပတ်‌နေတဲ့အတွက် ပြိုင်ပွဲ‌တွေဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရလဒ်ထွက်‌ပေါ်လာနိုင်စရာ အ‌ကြောင်းမရှိပါဘူး။

ကိုယ်စားလှယ်‌လောင်းစိစစ်‌ရေးမှာလည်း အတိုက်အခံပါတီ‌တွေအ‌ပေါ် ဥပ‌ဒေကို စိတ်ကြိုက်သုံးပြီး ‌ကော်မရှင်အဆင့်ဆင့်က ညစ်ပတ်အနိုင်ကျင့်ခဲ့သလို။ မဲ‌ပေးပိုင်ခွင့်ရှိသူ‌တွေ ဆန္ဒမဲ‌ပေး‌ရေးမှာလည်း ‌နှောက်ယှက်ဟန့်တားမှု‌တွေကို ‌ဘောင်ထဲက‌နေ တမင်ညစ်‌နေပါတယ်။ ဒီလိုအချက်အလက်‌တွေ၊ အ‌ခြေအ‌နေ‌တွေ‌ကြောင့် လာမယ့်နိုဝင်ဘာ ၈ရက်မှာ ကျင်းပမယ်ဆိုတဲ့ ‌ရွေး ‌ကောက်ပွဲဟာ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲ ဖြစ်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။

မဲစာရင်းမှားယွင်းမှု‌တွေဟာ စစ်တပ်ထဲမှာ‌ရော အခုလို မှားယွင်း‌နေသလား။ ဘာမှ ‌ပြောသံဆိုသံ မကြားရပါဘူး။ ဝန်ထမ်း‌တွေကို တစ်ဖက်မှာ ပါတီနိုင်ငံ‌ရေး ကင်းရှင်းရမယ်လို့ ချုပ်ချယ်ကန့်သတ်ထား‌ပေမယ့်၊ စစ်တပ်အ‌နေနဲ့ ဘယ်ပါတီကို မဲထည့်ရမယ်လို့ စစ်ဦးစီး၊ စစ်‌ရေး၊ စစ်‌ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေးမှာ ကာချုပ်က ဝိနည်းလွတ် အမိန့်‌ပေးညွန်ကြားသွားပါတယ်။

(ဒို့တာဝန်အ‌ရေး ၃ပါး သိရှိ နားလည်‌စောင့်ထိန်းနိုင်သူ၊ မြင် ၄မြင်ရှိသူ၊ စစ်တပ်အ‌ပေါ် နားလည်မှုရှိသူ)ကို မဲ‌ပေးရမယ်တဲ့။
မင်းတို့အ‌နေနဲ့ ကြံ့ဖွံ့ပါတီကိုပဲ မဲထည့့်ကြလို့ ‌ပြောတယ်ဆိုတာ လူတိုင်း သ‌ဘော‌ပေါက်ပါတယ်။

“၁၉၉ဝ ‌မေလ ၂၇ရက် ‌ရွေး‌ကောက်ပွဲ”ကို (နဝတ) စစ်အစိုးရက ပြုလုပ်‌ပေးခဲ့ပါတယ်။ သူတို့ မလိုလားတဲ့ ‌ရွေး‌ကောက်ပွဲရလဒ် ထွက်‌ပေါ်လာတဲ့အခါ (နဝတ-နအဖ) စစ်အစိုးရက အသိအမှတ်မပြုဘဲ ပယ်ဖျက်ပစ်ခဲ့ပါတယ်။
“ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး ”လူထုဆန္ဒလက်မှတ် (၅သန်းနီးပါး) လွှတ်‌တော်ထဲ တင်ပြခဲ့ပါတယ်။ လွှတ်‌တော်က အသိအမှတ် မပြု ခဲ့ပါဘူး။

“၂၀၁ဝ ‌ရွေး‌ကောက်ပွဲရလဒ်” အသိအမှတ်ပြုတယ်ဆိုတာက ကြံ့ဖွံ့ပါတီ အနိုင်ရတဲ့ရလဒ်မို့၊ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို ပွဲထုတ် လာတဲ့ အခင်းအကျင်းဖြစ်လို့၊ စစ်တပ်က ယူထားတဲ့အာဏာကို (ဗိုလ်)က‌နေ (ဦး)‌ပြောင်းတဲ့၊ စစ်ဝတ်က‌နေ အရပ်ဝတ်‌ပြောင်း ဝတ်တဲ့ သူတို့အချင်းချင်း လွှဲ‌ပေးတာမို့ စိတ်ချလက်ချ အသိအမှတ်ပြုပြီး အာဏာလွှဲ‌ပြောင်း‌ပေးခဲ့တာပါ။

“၂၀၁၂ ကြားဖြတ်‌ရွေး‌ကောက်ပွဲ”မှာ အတိုက်အခံပါတီ(NLD)က ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တိုင်းမှာ အနိုင်ရခဲ့ တာကို အသိအမှတ်ပြုခဲ့တာက သူတို့ဂွင်ထားဝင်လာ‌စေဖို့ တမင် ဟ‌ပေးတဲ့အခင်းအကျင်းမို့ ဖြစ်ပါတယ်။
“၂၀၁၅ ‌ရွေး‌ကောက်ပွဲ” ဟာ အထက်မှာတင်ပြခဲ့တဲ့ ‌ရွေး‌ကောက်ပွဲ‌တွေနဲ့ အ‌ခြေအ‌နေချင်း မတူပါဘူး။ ဒါ‌ကြောင့် မဲစာ ရင်းက‌နေ စတင်ပြီး ‌ထောင့်‌ပေါင်းစုံ၊ ဘက်‌ပေါင်းစုံက‌နေ ‌ထောင့်‌စေ့ကွက်‌စေ့ တမင်ညစ်ပတ်‌နေတာဖြစ်ပါတယ်။
ဒါ‌ကြောင့် “၂၀၁၅ ‌ရွေး‌ကောက်ပွဲ” လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ဖို့ဆိုရင် လက်ရှိ ပြည်‌ထောင် စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တဖွဲ့လုံးအ‌နေနဲ့ မဲစာရင်းမှားယွင်းမှုအတွက် ‌တောင်းပန်ရန် သို့မဟုတ် တာဝန်မှနှုတ်ထွက်ရန် ဆို သည့်လမ်းနှစ်ခုအနက် တစ်ခုခုကို ‌ရွေးချယ်ကြရ‌တော့မည်သာ ဖြစ်ပါတယ်။

– (RFA) သတင်း။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့‌ရွှေချီရပ်ကွက်၌ ‌ပြောကြားချက်
– မြန်မာ့အလင်းသတင်းစာ။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် စစ်ဦးစီး၊ စစ်‌ရေး၊ စစ်‌ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေး၌ ‌ပြောကြားချက်