Home ထိပ်တန်းသတင်း နိုင်ငံ‌ရေး တိုက်ပွဲအတွက် ကရင်အမျိုးသားများစုစည်း အကြံပြုရန် KNLA စစ်ဦးစီးချုပ်‌ပြောဆို

နိုင်ငံ‌ရေး တိုက်ပွဲအတွက် ကရင်အမျိုးသားများစုစည်း အကြံပြုရန် KNLA စစ်ဦးစီးချုပ်‌ပြောဆို

2713

ဩဂုတ် ၁၂ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

လက်ရှိ နိုင်ငံ‌ရေးတိုက်ပွဲလုပ်‌ဆောင်‌နေစဉ်အတွင်း ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ တစိတ်တစ်ဝမ်းတည်း ပြန်လည်စုစည်း အကြံပြုရန် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ် ‌မြောက် ‌ရေးတပ်မ‌တော်-KNLA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ၆၅ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ ့ အခမ်းအနားတွင် တိုက်တွန်း‌ပြောဆို လိုက်သည်။

၎င်းက “ လက်ရှိ ကျ‌နော်တို့‌တော်လှန်‌ရေးက နိုင်ငံ‌ရေးတိုက်ပွဲအတွင်းမှာပဲရှိ ‌သေးတယ်။ ဒါ‌ကြောင့် ပြည်တွင်း ပြည်ပမှာရှိ‌နေတဲ့ ကရင်အမျိုးသား‌တွေအ‌နေနဲ့ ကျ‌နော်တို့နဲ့အတူ ပြန်လည်စုစည်းပြီး အ‌ကောင်းဆုံး အကြံပြု မှု‌တွေနဲ့အတူ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိတဲ့အထိ လုပ်‌ဆောင်သွားကြရမယ် ” ဟု ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ KNLA တပ်မဟာ ၇ ဌာနချုပ်၌ ယမန်‌နေ ့က ပြုလုပ်သည့် အာဇာနည်‌နေ့ အခမ်းအနား မိန် ့ခွန်းတွင် ထည့်သွင်း ‌ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ KNU ဗဟို‌ကော်မတီဝင်များ၊ KNLA စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် တပ်မှူး တပ်သားများ၊ မဟာမိတ် တပ်ရင်းများမှစစ်ဘက် အရာရှိကြီးငယ်များအပါအဝင် ‌ဒေသခံ လူထု စုစု‌ပေါင်း ၁,၀၀ဝ ဦးခန် ့ အာဇာနည်‌ခေါင်း‌ဆောင်ကြီးများကို တက်‌ရောက်ကာ ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားသို့တက်‌ရောက်ခဲ့သူ KNLA စစ်ဌာနချုပ်မှ စစ်ဦးစီးတတိယတန်း ဗိုလ်ကြီး ‌စောစွီး‌နေစိုးက “ကျဆုံး သွားတဲ့ ကရင်အာဇာနည်‌တွေ့ဟာသူတို့ရဲ့ အသက်ကိုအလကား‌ပေလှူခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့ မပြီးဆုံး ‌သေးတဲ့တာဝန်ကို ‌နောက်တစ်‌ခေတ်မှာ ကျ‌နော်တို့လူငယ်‌တွေက အမျိုးသား‌ရေးရည်မှန်ချက် ‌ရောက်ရှိတဲ့ အထိ ဆက်လက်တာဝန်ယူသွားဖုို့ လိုပါတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ မယ်ဖလို့ ကျမ်းစာ‌ကျောင်းမှ ‌စောထူး‌စေးက “ ဒီအခမ်းအနားကို ‌ရောက်လာ‌တေ့ာ အရင်က ‌ခေါင်း‌ဆောင်ကြီး‌တွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ သူတို့ရဲ့‌ပေးဆပ်ခဲ့မှု အ‌ပေါ် အသိမှတ်ပြုတယ်။ ‌နောက်ပြီး လက်ရှိအ‌ခြေအ‌နေအရ ကျ‌နော်တို့ကရင်‌တွေ ပြန်လည်စည်းလုံး ညီညွတ်မှုနဲ့ လုပ်‌ဆောင်သင့်တယ်” ဟု ‌ပြောဆိုသည်။
5
‌နေ ့တဝက်တာနီးပါးပြုလုပ်သည့် အခမ်းအနား၌ KNU ဥက္ကဌဗိုလ်ချုပ်ကြီး ‌စောမူတူ‌စေးဖိုး၏ ၆၅ နှစ်‌မြောက် အာဇာနည်‌နေ ့မိန်းခွန်းကို ဖတ်ကြားခဲ့သလို ကရင်လူငယ် အစည်းအရုံး- KYO၊ ကရင်အမျိုးသမီးအစည်းအရုံး- KWO စသည်တို ့မှ ‌ပေးပို ့လာသည့် သဝဏ်လွာများကိုဖတ်ကြားကာ ‌ခေါင်း‌ဆောင် တချို့က အာဇာနည် ‌နေ့နှင့် ပတ်သက်သည့်အ‌ကြောင်းအရာများကို ‌ဟော‌ပြောခဲ့ပြီး အာဇာနည်‌ခေါင်း‌ဆောင်ကြီးများကို အ‌လေးပြု ခြင်း၊ လွမ်းသူပန်း‌ခွေချခြင်းတို့ဖြင့် ဂုဏ်ပြုခဲ့သည်။

ယခုနှစ် ၆၅နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ကို KNUထိန်ချုပ်ရာ ‌ဒေသများရှိ တပ်မဟာ တပ်ရင်းများ၊ ကျန်ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် DKBA၊KNU/KNLA PCနှင့် နိုင်ငံတကာ‌ရောက် ကရင် အမျိုးသားများ၊ ပြည်တွင်းနှင့် နယ်စပ်‌ဒေသ အသီးသီးတို့တွင် ကရင့်အာဇာနည်‌နေ ့ ဂုဏ်ပြု အခမ်းအနားများ အသီးသီး ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

၁၉၅ဝ ခုနှစ်၊ ဩဂုတ် ၁၂ ရက်‌နေ့တွင် KNU ‌ခေါင်း‌ဆောင်‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေ အပါအဝင် ကရင့် ရဲ‌ဘော်တချို့ ‌တော်လှန်‌ရေးတာဝန်ထမ်း‌ဆောင်စဉ် ကျဆုံးသွားသည့်‌နေ့ကို အ‌ကြောင်းပြု၍ ထို‌နေ့ကို ကရင် အမျိုးသားအာဇာနည်‌နေ့အဖြစ် ၁၉၅၁ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် Karen Government Body-KGB အစည်းအ‌ဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။