Home သတင်း တအာင်း၊ ရခိုင့်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရန် ပြုလုပ်လို‌ကြောင်း အစိုးရကို ကမ်းလှမ်း

တအာင်း၊ ရခိုင့်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရန် ပြုလုပ်လို‌ကြောင်း အစိုးရကို ကမ်းလှမ်း

2198

ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်-NCA ကို လက်မှတ်‌ရေးထိုးနိုင်‌ရေးအပြင် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင်ရန်အတွက် အစိုးရတပ်နှင့် တိုက်ခိုက်‌နေရဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့က တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်လို‌ကြောင်း ဩဂုတ်လ ၅ရက်‌နေ့က အစိုးရထံ ကမ်းလှမ်းလိုက်သည်။

အစိုးရတပ်နှင့် တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွား‌နေသည့် တအာင်းပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး PSLF/ TNLA ၊ ရက္ခိုင့်တပ်မ‌တော်-AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မ‌တော်-MNDAA တို့က သ‌ဘောထား ထုတ်ပြန်ကာ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ MNDAA ‌ပြောခွင့်ရသူ ကိုထွန်းမြတ်လင်းက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ နိုင်ငံ‌ရေးဖြစ်စဉ်‌တွေမှာ UPWC က‌နေ အတန်တန် ‌ပြောလာတာရှိပါတယ်။ ကျ‌နော်တို့သုံးဖွဲ့က Bilateral Agreement မထိုးရ‌သေးရ‌သေးဘူး‌ပေါ့ဗျာ။ အဲဒါ‌ကြောင့် အား လုံးပါဝင်‌ရေးမူမှာ ကျ‌နော်တို့ NCCT၊ SD ‌ရော ‌လော်ခီးလာမူကိုကိုင်ထားတာ ‌တွေ့ရတယ်။ အဲဒီမှာ ပြဿနာ အထစ်အ‌ငေါ့များ ဖြစ်‌နေမလားဆိုပြီး‌တော့ စဉ်းစားမိလို့ပါ။ ‌နောက်ပြီး ကျ‌နော်တို့ကလည်း ငြိမ်းချမ်း‌ရေးကို လိုလားပါတယ်။ ငြိမ်းချမ်းတဲ့လမ်းစဉ်ကို သွားချင်လို့ အခုလို ထုတ်ပြန်‌ကြေညာတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ သုံးဖွဲ့ တစ်ပြိုက်နက်တည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ကမ်းလှမ်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်‌သော်လည်း MNDAA အ‌နေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့က အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွား‌နေမှုများကို တစ်ဖက်သတ် စစ်ရပ်ဆိုင်း လိုက်‌ကြောင်း ‌ကြေညာချက်တစ်‌စောင်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် တအာင်းလွတ်‌မြောက်‌ရေးတပ်မ‌တော် TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ် ပြီး အပစ်အခတ်ရပ်‌ရေး ကမ်းလှမ်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ တအာင်းပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး PSLF/TNLA အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီးတာဘုန်း‌ကျော်က ၎င်းတို့၏သ‌ဘောထားကို ယခုလို ‌ပြောသည်။

ဗိုလ်မှူးကြီးတာဘုန်း‌ကျော်က “တိုက်ပွဲ‌တွေက‌တော့ ရှိ‌နေတယ်။ ဒီလိုပဲ ဆက်ရှိ‌နေလိမ့်မယ်လို့ ကျ‌နော်တို့ယူဆတယ်။ အဲဒီတိုက် ပွဲ‌တွေဖြစ်‌နေလို့လည်း တစ်ပြည်လုံးအတိုင်းအတာ လက်မှတ်ထိုးဖို့ အကုန်လုံး အခက်အခဲဖြစ်‌နေတယ်။ ငြိမ်းချမ်း‌ရေး တကယ် လုပ်ကြမယ်၊ အပစ်ခတ်ရပ်စဲ‌ရေး တကယ်လုပ်ကြမယ်ဆို ကျ‌နော်တို့ကြားထဲမှာ တိုက်ပွဲ‌တွေ မရှိဖို့ိုလိုတယ်။ ဒါ‌ကြောင့် ကျ‌နော် တို့ သုံးဖွဲ့‌ပေါင်းပြီး‌တော့မှ အစိုးရနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ အဆိုပြုကမ်းလှမ်းတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယင်းကမ်းလှမ်းဖိတ်‌ခေါ်မှု သ‌ဘောထားထုတ်ပြန်ချက်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့-SD နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ-UPWC တို့ ဩဂုတ် ၆ရက် (ယ‌နေ့)၊ ရန်ကုန်တွင် ပြုလုပ်သည့် ၉ကြိမ်‌မြောက် စာချုပ်မူကြမ်းအ‌ချောသတ် ‌ရေးဆွဲနိုင်‌ရေး‌ဆွေး‌နွေးပွဲသို့လည်း တရားဝင် ‌ပေးပို့ထားပြီး ဖြစ်‌ကြောင်း ဗိုလ်မှူးကြီးတာဘုန်း‌ကျော်က ထပ်မံ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်မှ ၂၄ရက်‌နေ့အထိ ရန်ကုန်တွင် ပြုလုပ်ခဲ့‌သော အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့-SD နှင့် UPWC တို့၏ ၈ကြိမ်‌မြောက် ‌ဆွေး‌နွေးမှု၌လည်း NCA ပြင်ဆင်ဖြည့်စွက်ချက် ၁၃ချက်ထဲမှ ၁ဝချက်ကို ‌ဆွေး‌နွေးညှိနှိုင်းပြီးဖြစ် ‌သော်လည်း အားလုံးပါဝင် လက်မှတ်‌ရေးထိုးနိုင်‌ရေးအတွက် နှစ်ဖက်ကြား ညှိနှိုင်းမှုမှာ ခက်ခဲ‌နေဆဲဖြစ်သည်။

ယ‌နေ့ပြုလုပ်သည့် UPWC နှင့် SD တို့၏ ‌ဆွေး‌နွေးမှုတွင် တိုက်ပွဲများ အမှန်တကယ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေးလမ်းပြ‌မြေပုံ အဆင့် ဆင့် တက်လှမ်းနိုင်‌ရေး၊ စာချုပ်တွင် အားလုံးပါဝင်လက်မှတ်‌ရေးထိုးနိုင်‌ရေး ‌ဆွေး‌နွေးမှု မ‌ပြေလည်‌သေးသည့် ကျန်ရှိ‌နေသည့် အချက်များကို ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု SD က ဇူလိုင်လ ၅ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာထားသည်။