Home သတင်း ဂက်စ်အိုးတင် ကားတစ်စီး တိမ်း‌မှောက်၍ ‌ပေါက်ကွဲမီး‌လောင် ၃ဦးဒဏ်ရာရ

ဂက်စ်အိုးတင် ကားတစ်စီး တိမ်း‌မှောက်၍ ‌ပေါက်ကွဲမီး‌လောင် ၃ဦးဒဏ်ရာရ

2062

ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြဝတီမှ ‌ကော့ကရိတ်သို့ ပြန်ဆင်းမည့် ဂက်စ်အိုးအပြည့် တင်‌ဆောင်လာသည့် YGN 6D-2777 နံပါတ်ပါ ဆယ့်နှစ်ဘီးကားတစ် စီးသည် ယ‌နေ့မွန်းလွှဲ ၃နာရီ ၄၅မိနစ်အချိန်တွင် အာရှအ‌ဝေး‌ပြေးလမ်းမ ၇မိုင်တိုင်အ‌ရောက်၌ တိမ်း‌မှောက်မှုဖြစ်ပွား၍ ‌ပေါက်ကွဲ မီး‌လောင်သွားခဲ့ရာ ယာဉ်‌မောင်းသူ အပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

‌ပေါက်ကွဲမှုကို ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ကို‌ဇော်လင်း‌အောင်က “ကားထွက်သံက တစ်ချက်ပဲ ရှူးဆိုပြီး‌တော့ မီး‌လောင်သွားတာပဲ။ ကျ‌နော်တို့နဲ့ ‌ရှေ့ဆင့်‌နောက်ဆင့်ပဲ။ ဘရိတ်‌ပေါက်တယ်။ ဘရိတ်‌ပေါက်ပြီး ထိုးဆင်းတယ်။ ထိုးဆင်းပြီး ‌မှောက်တယ်။ ‌မှောက် ‌တော့ ဂက်စ်ဆို‌တော့ ထပ်ပြီး‌ပေါက်တယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကားတိမ်း‌မှောက်အပြီး မိနစ် ၃ဝခန့်တွင် ‌ကော့ကရိတ်မြို့မှ မီးသတ်ကားတစ်စီး‌ရောက်ရှိလာကာ ည‌နေ ၅နာရီအချိန်၌ မီးငြိမ်း သတ်နိုင်ခဲ့ပြီး ယာဉ်‌မောင်းသူ ဆန်းမြင့်စိန် အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးကို ‌ကော့ကရိတ်‌ဆေးရုံသို့ ပို့‌ဆောင်လိုက်သည်။ ၎င်းတိမ်း‌မှောက်သွားသည့် ကား‌ပေါ်တွင် ဂက်စ်အိုး ၂၀ဝလုံးပါရှိပြီး ကာလ‌ပေါက်‌ဈေးအားဖြင့် ကျပ်‌ငွေ ၆ဝသိန်းတန်ဘိုးရှိ ‌ကြောင်း ပိုင်ရှင်ဖြစ်သူ၏ ‌ပြောပြချက်အရ သိရသည်။
IMG_9051
‌ကော့ကရိတ်မြို့ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်‌ဇေယျာစိုးက “‌လော‌လောဆယ် ဘာမှ ‌ပြောလို့မရ‌သေးဘူး‌ပေါ့။ မီး‌လောင်တယ်ဆို‌တော့ မီး ‌လောင်မှုနဲ့ပဲ တရားစွဲရမှာ‌ပေါ့”ဟု ‌ပြောသည်။

ထို့အပြင် ယ‌နေ့နံနက် ၉နာရီအချိန်ကလည်း ၎င်းအာရှလမ်းမ၏ ကွမ်းခြံကုန်း‌နေရာ၌ ကုန်ပစ္စည်းများ အပြည့်တင်‌ဆောင်လာ သည့် ဆယ့်နှစ်ဘီးကားတစ်စီး တိမ်း‌မှောက်မှုဖြစ်ပွား၍ ယာဉ်‌မောင်းသူ အပါအဝင် ၂ဦး ထိခိုက်ဒဏ်ရရှိခဲ့‌သေး‌ကြောင်း သိရ သည်။

လမ်းအရှည် ၂၈မိုင်ရှိ‌သော ‌ကော့ကရိတ်-မြဝတီအ‌ဝေး‌ပြေးလမ်းမတွင် ယာဉ်တိမ်း‌မှောက်မှု၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ် ပွား‌လေ့ရှိကာ ထိခိုက်‌သေဆုံးမှုများလည်း ရှိခဲ့သည်ဟု လမ်းလုံခြုံ‌ရေးယူ‌ပေးသည့် ကရင်နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ က ‌ပြောသည်။