မတူကွဲပြားတဲ့ တိုင်းရင်းသားတွေက အများကြီး နေထိုင်တဲ့အပေါ်မှာ မတူကွဲပြားမှုနဲ့ ကျမတို့က တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်လိုတည်ဆောက်သွားမလဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ လူ့အခွင့်အရေးတွေကို
အကာအကွယ်ပေးတဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကျမတို့က သွားမယ်။
မေး။ ။ KWO နေ့ကို အရင်နှစ်တွေက ဘယ်ဒေသတွေမှာ ဘယ်လိုကျင်းပခဲ့ပြီး ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းကို အကျဉ်း ချုပ် ရှင်းပြပေးပါလား။
ဖြေ။ ။ KWO နေ့က နှစ်တိုင်းပဲ ကျမတို့ ကရင်အမျိုးသမီးရှိတဲ့နေရာတွေမှာ ကျမတို့ အခမ်းအနား ကျင်းပပါတယ်။ KWO ဦးဆောင်တဲ့နယ်မြေတွေဒေသတွေမှာ အဖွဲ့ဝင်ရှိတဲ့နေရာတွေတိုင်းမှာ လုပ်တယ်။ တချို့ကျေးရွာတွေမှာ ဦးဆောင်ပြီးလုပ်တာရှိ သလို ခရိုင်၊ မြို့နယ်၊ ဒုက္ခသည်စခန်းအပြင် တခြားနိုင်ငံမှာ ရောက်ရှိတဲ့ ကရင်အမျိုးသမီးတွေလည်းပဲ နှစ်တိုင်း ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်တာရှိပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကို ၁၉၄၉ခုနှစ်ကနေ စတင်တည်ထောင်ခဲ့တယ်။ ဒါပေမယ့် ပြည်တွင်းစစ်အခြေ အနေကြောင့် ကျမတို့ အဲလောက်ထိ မသွားနိုင်ဘူး။ ၁၉၈၅မှာ ကျမတို့ပြန်ပြီးတော့ KWO ဆိုပြီး ဖွဲ့စည်းနိုင်ပြီး ကနေ့အထိ ကျမ တို့ သွားနိုင်ခဲ့တယ်။ အထူးသဖြင့် ကျမတို့ KWO က အမျိုးသမီးအရေးနဲ့ ကလေးအရေးကို ဦးဆောင်ပြီးတော့ လုပ်နိုင်တယ်။ အဲဒါနယ်ကနေပြီးတဆင့် နိုင်ငံတကာအထိ ကျမတို့ အမျိုးသမီးနဲ့ ကလေးတွေအတွက်ကို Advocacy လုပ်ငန်းကိုသွားနေတယ်။
မေး။ ။ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နေ့ နှစ် ၃ဝပြည့် အခမ်းအနားမှာ ထူးခြားတဲ့ အစီအစဉ်တွေက ဘာတွေပါလဲ။
ဖြေ။ ။ ဒီနှစ် ၃ဝပြည့်မှာ ကျမတို့ စာအုပ်နှစ်အုပ် ထုတ်တယ်။ ပြီးခဲ့နှစ်တုန်းက KWO နေ့မှာ ကရင့်ရိုးရာ ဝတ်စုံပြိုင်ပွဲတွေလုပ် တယ်။ အဲဒီမှာဆိုရင် တချို့ဆုရတဲ့ ဝတ်စုံတွေကို ပြန်ပြီးတော့ စုစည်းထားတဲ့ ကရင်ဝတ်စုံတွေကို စာအုပ်အနေနဲ့ ပြန်ပြီးတော့မှ ထုတ်ထားတယ်။ နောက်တစ်အုပ်ကတော့ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်မှာ အဂင်္လိပ်ဘာသာနဲ့ နိုင်ငံတကာ Advocacy မှာသုံးဖို့ထုတ်ခဲ့တဲ့ “ဓါးသွားပေါ်မှာ လမ်းလျှောက်ခြင်း” စာအုပ်ကို ဒီနှစ်မှာ စကောကရင်ဘာသာနဲ့ ပြန်ထုတ်ထားတယ်။ ဒီစာအုပ်နှစ်အုပ်ကို သတင်းစာရှင်းလင်းပွဲလုပ်တယ်။ နောက်တစ်ခုက ၁ဝနှစ်အထက် အချိန်ပြည့်တောက်လျှောက် ကရင်အမျိုးသမီးခေါင်းဆောင် တွေနဲ့ KWO လုပ်ငန်းမှာ ပါနေတဲ့ဝန်ထမ်းတွေကို ကျမတို့ ဂုဏ်ပြုတယ်။ နောက်တစ်ခုက အခု ပိုင်ကျုံမြို့နယ်၊ ကျမတို့ ကေအဲန် ယူ နယ်မြေသတ်မှတ်မှုဆိုရင် တာကရယ်မြို့ပေါ့နော်။ တာကရယ်မြို့နယ်မှာ KWO နေ့ကို ပထမဦးဆုံးအကြိမ် ကျင်းပကတော့ ဒီနှစ်မှာ အထူးအစီစဉ်ပေါ့နော်။
မေး။ ။ ဒီနှစ်ကျမှ ဆယ်နှစ်ကျော်အထက် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ KWO ခေါင်းဆောင်တွေနဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုရတဲ့ အစီအစဉ် ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အထူးသဖြင့်ပေါ့နော်။ ကျမတို့ အမျိုးသမီးတွေက ကျမတို့လူထုတွေကို အမျိုးသားအရေးကို ဘယ်လောက်ပဲ အလုပ် အကျွေးပြုနေပါစေ။ ဘယ်လောက်ပဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားနေပါစေ။ ဘယ်လောက်ပဲ လူထုတွေကို ဦးဆောင်ဦးရွက်ပြု နေပါစေ။ ဘယ်သူကမှ ဒီလိုမျိုး သူတို့ရဲ့ လုပ်နိုင်ရည်စွမ်းအား၊ သတ္တိစွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုမှုက မရှိသလောက် ဖြစ်တယ်။ ကျမတို့ KWO ကဆိုရင် အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အဖွဲ့ဖြစ်တယ်။ အမျိုးသမီးတွေကို မြှင့်တင်တဲ့အဖွဲ့ဖြစ် တယ်။ ဒီလိုမျိုး ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတွေကို ကျမတို့က လုပ်ရခြင်းဖြစ်တယ်။ ဒါက အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို အသိအမှတ်ပြုတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို မြှင့်တင်တဲ့သဘောနဲ့ ဂုဏ်ပြုရခြင်းဖြစ်တယ်။
မေး။ ။ နှစ်ပေါင်း ၃ဝအတွင်းမှာ KWO က အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ တာလေးတွေကို ပြောပြပေးပါလား။
ဖြေ။ ။ နှစ်ပေါင်း ၃ဝအတွင်းကာလမှာ ကျမတို့ KWO ဟာဆိုရင် လူမှုရေးလုပ်ငန်း ကျန်းမာရေး၊ ပညာရေး၊ အသိပညာပေး ရေးတွေ ကရင်အမျိုးသားရေး သူတို့လိုချင်တဲ့ တည်ဆောက်ချင်တဲ့ ကရင်အမျိုးသားလူနေမှုဘဝ တည်ဆောက်ချင်တဲ့ပုံစံနဲ့ နောက်ပြီး တန်းတူရေးတွေကို ကျမတို့က အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း ၃ဝအတွင်းမှာဆိုလို့ရှိရင် အထူးသဖြင့် ကျမတို့က အမျိုးသမီးနဲ့ ကလေးတွေအတွက် ဘာတွေလုပ်နိုင်လဲဆိုရင် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်နိုင် တယ်။ ကျမတို့ KWO ကနေပြီးတော့မှ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးမှာ ပူးပေါင်းပါဝင်နိုင်တယ်။ တချို့ အမျိုးသမီးတွေဆိုရင်လည်း ခရိုင်အဆင့် ခရိုင်အမြဲတမ်းဗဟိုကော်မတီဝင်မှာ ဝင်နိုင်တယ်။ အထူးသဖြင့် KWO က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုနော်စီဖိုးရာ စိန်ပေါ့နော်။ အခုဆိုရင် သူလည်းပဲ ကရင်အမျိုးသားအစည်းအရုံးမှာ ဒုဥက္ကဌနေရာမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဒါဟာ ကျမတို့က အမျိုးသမီးတွေရဲ့ဘဝကို လူနေမှုအဆင့်အတန်းနဲ့ ဒီနိုင်ငံရေးမှာ ပူးပေါင်းပါဝင်နိုင်ဖို့ ဆုံးဖြတ်ချက်နေရာမှာ ပါဝင်နိုင်ဖို့ ကို ကျမတို့က တဆင့်ချင်းဆီ တက်လှမ်းနိုင်တဲ့ မှတ်မှတ်ရရ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။
နောက်တစ်ခုက ကျမတို့ KWO စတင်ခဲ့စဉ်ကာလတွေတုန်းက အများအားဖြင့်သိကြတာက အသက်ကြီးအမျိုးသမီး တွေလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကို ကျမတို့က ပြန်ပြီးတော့ အသက်ကြီးအမျိုးသမီးတွေ၊ မိခင်အမျိုးသမီးတွေချည်းပဲ တာဝန်ရှိတာ မဟုတ်ဘူး။ အမျိုးသမီးတိုင်းမှာ အထူးသဖြင့် ကျမတို့ မျိုးဆက်တွေ မပြတ်သွားအောင် သမိုင်းပေးတာဝန်ကို ထမ်း ဆောင်သွားဖို့ဆိုရင် ဒါလည်းပဲ အမျိုးသမီးတွေကို လုပ်ပေးနိုင်တာ နှစ်စဉ်ပေါ့။ အခုဆိုရင် ၁ဝနှစ်ကျော် ကရင်အမျိုးသမီးလူငယ် ကျောင်းကို ကျမတို့ ဖွင့်နိုင်ခဲ့တယ်။ အဲဒီကနေပြီးတော့ မွေးထုတ်ခဲ့တဲ့ ကရင်အမျိုးသမီးငယ် ၁၀၀ကျော်ထဲမှာ ၈ဝရာခိုင်နှုန်း ကျော်က သူတို့ရဲ့ဒေသတွေမှာ တာဝန်ပြန်ထမ်းဆောင်တယ်။ ဒါ့အပြင် တချို့ဆိုရင် ခရိုင်အမျိုးသမီးဥက္ကဌတင်မကဘူး။ ကရင်အ မျိုးသမီးကျောင်းဆင်းတွေ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ တာဝန်ထမ်းဆောင်နိုင်တယ်။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု တွေ ဖြစ်တယ်။
ကျမတို့က ကလေးတွေရဲ့ အခွင့်အရေး ကလေးတွေရဲ့ ရပိုင်ခွင့်တွေကို တစိုက်မတ်မတ်လုပ်တယ်။ နောက် သူတို့ရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခြေခံပညာရေးတွေ သင်ကြားနိုင်အောင်လည်း ကျောင်းတွေ ဖွင့်နိုင်ခဲ့တယ်။ အခုဆို ရင် ကလေးငယ်တွေက သူတို့ရဲ့ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ဘယ်လိုစောင့် ရှောက်ရမလဲဆိုတာ ကျမတို့ခရိုင် ၇ခုစလုံးနဲ့ ဒုက္ခသည်စခန်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့တယ်။
မေး။ ။ နယ်စပ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ အမျိုးသမီးအစည်းအရုံးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ၊ စိန်ခေါ် မှုတွေ ရင်ဆိုင်ကြုံတွေ့မှုတွေရှိရင် ပြောပြပေးပါလား။ အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကျော်ဖြတ်ခဲ့ပါသလဲ။
ဖြေ။ ။ အဓိက ကျမတို့ စိန်ခေါ်မှုတွေက အများကြီးပဲ။ ကျမတို့ ဘာတွေရင်ဆိုင်ရလဲဆိုရင် အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင် တဲ့စွမ်းအား၊ ကျမတို့အမျိုးသမီးတွေဟာ ဦးဆောင်ဦးရွက်နိုင်မှုနဲ့ အသိအမှတ်ပြုမှုက တအားကို အားနည်းနေတယ်။ ဖြစ်စဉ်တစ် ခုလုံးမှာ တစ်ခုခုလုပ်ရင် ကျမတို့ အမျိုးသမီးပါဝင်ရမယ်။ စပြီး ဆွေးနွေးတာကနေပြီးတော့မှ ဆုံးဖြတ်ချက်ချတဲ့နေရာအထိ အမျိုးသမီးတွေ ပါဝင်ရမယ်။ အဲဒီအခါမှာ ကျမတို့ အဓိကအားဖြင့် ဘာတွေတွေ့ရလဲဆိုတော့ ဆွေးနွေးပွဲမှာဆိုရင် ကျမတို့က တစ်စုတစ်ယောက်နဲ့ ဖိတ်ကြားခံရတာရှိသလို တခါတရံမှာ ဘေးဖယ်ထားတာတွေ ရှိတယ်။ သို့သော် ကျမတို့က ပါသင့် တယ်ဆိုရင် သူတို့နဲ့ ပွင့်ပွင့်လင်းလင်းကို ဆွေးနွေးတယ်။ တောင်းဆိုပြီးတော့မှ ကျမတို့ ကူညီခဲ့တယ်။ အခုဆိုရင် ကျမတို့ အကြီးဆုံးစိန်ခေါ်မှုက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျမတို့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှုက မရှိသလောက်ဖြစ်နေတယ်။ အနည်း ဆုံး ကျမတို့ တောင်းဆိုတာက စကားဝိုင်းတွေမှာ ကျမတို့ကို ပါဝင်ခွင့်ပြုပါ။ နောက်ပြီး လူထုနဲ့ ဆွေးနွေးတဲ့အခါ၊ အသိပညာပေး တဲ့အခါမှာ ကျမတို့ကို ဖိတ်ခေါ်ပါ။ အဲဒါ ခုထက်ထိ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မပြောနဲ့။ ဒီနေရာတွေရဖို့ အခက်အခဲတွေ စိန်ခေါ် မှုတွေက အများကြီးရှိတယ်။
ဒါကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတော့ ဒီလိုဆွေးနွေးပွဲတွေရှိတယ်လို့ သိတယ်ဆိုရင် သက်ဆိုင်ရာကို ချည်းကပ် ပြီးတော့ ပူးပေါင်းပါဝင်ခွင့်ပေးဖို့ကို ကျမတို့က တောင်းဆိုတယ်။ တောင်းဆိုချက်အရ ကျမတို့ ပူးပေါင်းပါဝင်လာနိုင်ခဲ့တယ်။ နောက်တစ်ခုက တခါတရံ ကျမတို့ရဲ့အမျိုးသမီး အသိပညာ ဗဟုသုတနည်းပါးတယ်။ စွမ်းရည်မရှိဘူးအကြောင်းပြချက်နဲ့ ချန် ထားခံရတဲ့အခါ ကျမတို့က အမျိုးသမီးတွေကို စဉ်ဆက်မပြတ် စွမ်းရည်မြှင့်တင်ရေးတွေ လုပ်ပေးတယ်။ တစ်ခါတည်း နိုင်ငံရေး အသိပညာတွေ မြင့်မားလာအောင် လုပ်ပေးတယ်။ အဲဒါက အင်မတန်မှ အခြေခံကျတယ်။
လောလောဆယ် KNU နဲ့ ဦးသိန်းစိန်အစိုးရ စကားပြောတဲ့အခါမှာ သူတို့တွေရဲ့ ပြောနေတဲ့ အချက်အလက်တွေ၊ အဆင့်တွေ အဲဒါကို ကျမတို့က သူတို့ကို ချပြတယ်။ သူတို့နဲ့ ဆွေးနွေးတယ်၊ အမြင်တွေကို ယူတယ်၊ ဖလှယ်တယ်။ ပြီးတော့ သူတို့အမြင်တွေကို စုစည်းပြီးတော့ သက်ဆိုင်ရာကို တင်ပြတာပေါ့နော်။ အဲဒီကနေတဆင့် ကျမတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသခြင်းအားဖြင့် တကယ်ပဲ လုပ်နိုင်တယ်ဆိုတာကို ကျမတို့က ပြရတယ်။ အဲဒါက ဘေးဖယ်ထားခြင်းတွေကို မခံရအောင် ကြိုး စားနေတဲ့အရာတွေဖြစ်တယ်။
မေး။ ။ အခုဆိုရင် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်နေတဲ့ကာလ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး KWO အနေနဲ့ အထူးတလည် ဆောင်ရွက်ခဲ့မှုတွေ ဘာတွေပါလဲ။
ဖြေ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်နေတဲ့ကာလမှာ အထူးသဖြင့် ကျမတို့လုပ်တာက လူထုတွေက ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရပဲဖြစ်ဖြစ်၊ ကေအဲန်ယူပဲဖြစ်ဖြစ် အမြဲတမ်းပြောတာက လူထုတွေ ပူးပေါင်းပါဝင်ရမယ်။ အဲဒီအခါမှာ လူထုတွေ ဘယ်လိုပူးပေါင်းပါဝင်နိုင်လဲဆိုတာ သူတို့တွေ ချပြခြင်းမရှိပေမယ့် ကျမတို့ KWO အနေနဲ့ အဲဒီသတင်းအချက်အလက်တွေကို သူတို့ကို ဖြန့်ပေးတယ်။ တကယ်လို့ မရှင်းတာတွေရှိရင် ကျမတို့စကားဝိုင်းနဲ့ သူတို့ကို ဆွေးနွေးတာတွေရှိတယ်။ ဒါဟာ ကျမတို့ ရဲ့ တစိတ်တပိုင်း ပါဝင်မှုပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆိုပါစို့။ ဒီအပစ်အခတ်ရပ်စဲရေးမှာ စစ်သည်တော်များ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ ဒါတွေကို သူတို့ မူကြမ်းရေးတဲ့အခါ အဲဒီမူကြမ်းကို ကျမတို့တောင်းတယ်။ အဲဒီမှာ ကျင့်ဝတ်တွေကို ဘယ်လိုဖြစ်စေချင်လဲဆိုတာကို အဲဒီမှာ Input တွေကို ပေးခဲ့တယ်။ အဲဒါတော့ ကျမတို့ရဲ့ တစိတ်တပိုင်း ပါဝင်မှုပေါ့နော်။
တစ်ခြားဥပမာတွေလည်း ရှိတယ်။ ဒီအပစ်အခတ်ရပ်စဲရေးကို ကျမတို့က စောင့်မနေဘူး။ ကျမတို့ကိုယ်တိုင်က တကယ်လို့ တချိန်ချိန်မှာ ဖြစ်လာတယ်ဆိုရင် ဘယ်လိုစောင့်ကြည့်မလဲ။ အဲလိုမျိုးစောင့်ကြည့်နိုင်အောင် ကျမတို့ အသိပညာ ပိုင်းဆိုင်ရာတွေ ရရှိဖို့ သင်တန်းတွေ လုပ်နေတာတွေရှိတယ်။
မေး။ ။ KWO အနေနဲ့ အခုလို အပြောင်းအလဲကာလမှာ ရပ်တည်ချက် ဘယ်လိုရှိပါလဲ။ ငြိမ်းချမ်းရေးဟာ အမျိုးသမီးတွေအ တွက် ဘယ်လောက်အထိ အရေးပါနေပါသလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ကျမတို့ ရပ်တည်ချက်က ကရင်အမျိုးသားတွေတောင်းဆိုတဲ့ တန်းတူရေး၊ လူ့အခွင့်အရေး။ ဒါတွေ ကျမတို့ အဓိက ထားတယ်။ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေက အများကြီး နေထိုင်တဲ့အပေါ်မှာ မတူကွဲပြားမှုနဲ့ ကျမတို့က တိုင်း ပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်လိုတည်ဆောက်သွားမလဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ လူ့အခွင့်အရေးတွေ ကို အကာအကွယ်ပေးတဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကျမတို့က သွားမယ်။ နောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ် ဆိုတာကိုပဲ ကျမတို့ ခံယူထားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ အဓိကအချက်တွေဖြစ်တဲ့ ဒီဖက်ဒရယ်ကို ကျမတို့ဘယ်လိုသွားမလဲ။ လူ့အခွင့်အရေးတွေကို ဘယ်လိုတန်ဖိုးထားပြီး လေးစားလိုက်နာတဲ့တိုင်းပြည်ကို တည်ဆောက်သွား မလဲ။ နောက်တစ်ခုက တန်းတူရေးတွေကို ကျမတို့က ဘယ်လိုသွားမလဲဆိုတဲ့ဟာကို ကျမတို့ အဓိကပစ်မှတ်ထားတယ်။
ငြိမ်းချမ်းရေးဟာ အမျိုးသမီးအတွက် ဘယ်လောက်အထိ အရေးပါနေသလဲဆိုတော့ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ ငြိမ်းချမ်းရေးဆိုတာ ဒီသေနတ်သံ ကျည်ဆံတွေ မပေါက်တော့ဘူး။ အဲဒါက ငြိမ်းချမ်းတယ်လို့ ကျမတို့ မမြင်ဘူး။ စစ်တပ်တွေက လည်းပဲ မတိုက်တော့တဲ့အခါမှာ ငြိမ်းချမ်းတယ်လို့ ကျမတို့ မမြင်ဘူး။ တကယ်ပဲ ငြိမ်းချမ်းရေး အစစ်အမှန် ကျမတို့အတွက် ပြောရမယ်ဆိုရင် ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်မြောက်ပြီးတော့ ကျမတို့ တန်းတူတယ်ဆိုရင် ဒါဟာ ကျမတို့နိုင်ငံငြိမ်းချမ်း တယ်။ ကျမတို့ လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းတယ်။ တကယ်လို့သာ ကျမတို့ အမျိုးသမီးတစ်ဦးတစ်ယောက်က ဖိနှိပ်ချုပ်ချယ် ခြင်းဘဝမှ မလွတ်မြောက်နေသေးဘူးဆိုရင် ဒါဟာ မငြိမ်းချမ်းသေးဘူးလို့ ကျမတို့ မြင်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ အခါမှာ အဓိက နိုင်ငံရေးတွေကိုပဲ ဆွေးနွေးတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း ကျမတို့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုး သမီးတွေရဲ့ ဘဝလိုအပ်ချက်တွေနဲ့ အမျိုးသားတွေရဲ့ လိုအပ်ချက်က မတူနေတာတွေ ရှိတယ်။ ကျမတို့ အပေါ်ယံကြောနဲ့ကြည့် လိုက်ရင် ငြိမ်းချမ်းရေးမှာ ပြီးပြည့်စုံမှု မရှိနိုင်ဘူး။ အမျိုးသမီးတွေ ပါဝင်မှုမရှိရင် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကိုရရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကိုလိုချင်ရင် ကျမတို့ အမျိုးသမီးရှုထောင့်ကနေပြီးတော့ ငြိမ်းချမ်းရေးအမြင်တွေ ယူရ မယ်။ ကျမတို့ရဲ့ အမျိုးသမီးကဏ္ဍက အရေးကြီးတယ်။ အမျိုးသမီးအသံ၊ လိုအပ်ချက်က ကျမတို့ကိုယ်တိုင်ပြောမှ ပြည့်စုံမယ်လို့ ကျမ ယုံကြည်ထားတယ်။
မေး။ ။ လာမယ့် အနာဂတ်မှာ ကရင်အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေရရှိဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျမတို့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ အခွင့်အလမ်းဆိုတာက ခုနက စကားဝိုင်းကနေ စတယ်ပေါ့နော်။ တကယ်လို့ တစုံတခု သတင်းကြားတယ်ဆိုရင် အနည်းဆုံး ဒီစကားဝိုင်းကနေစပြီး ကျမတို့ တောင်းဆိုမှုနဲ့ သွား မယ်။ ပြီးလို့ရှိရင် လူထုတွေရဲ့ အသံတွေကို ဒီစကားဝိုင်းထဲက စုစည်းပြီးတော့မှ ရတဲ့ဟာတွေကို ကျမတို့က ကိုယ်စားပြုပြီး အဲလို မျိုး အစည်းအဝေးတွေ တက်တဲ့အခါ ကျမတို့ရဲ့ အမျိုးသမီးပူးပေါင်းပါဝင်မှုတွေကို တဆင့်ချင်း သွားမယ်။ နောက်ပြီးတော့ ဒီဆုံး ဖြတ်ချက်နေရာတွေမှာ စကားဝိုင်းတွေအထိ ကျမတို့က ပူးပေါင်းပါဝင်ဖို့ စီစဉ်ထားတာတော့ ရှိတယ်။