Home သတင်း အစိုးရတပ်နှင့် ရင်ဆိုင်တိုက်ပွဲတွင် KNLA တပ်ဖွဲ့ဝင် ၁ဦး‌သေ ၁ဦးဒဏ်ရာရ

အစိုးရတပ်နှင့် ရင်ဆိုင်တိုက်ပွဲတွင် KNLA တပ်ဖွဲ့ဝင် ၁ဦး‌သေ ၁ဦးဒဏ်ရာရ

1384

မတ် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်၊ ‌ခေးပူအုပ်စုတွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် အစိုးရစစ်တပ်တို့ကြား ‌ဖေ‌ဖော်ဝါရီ ၂၇ရက်‌နေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

ခို့‌သောခိုစခန်း အ‌ခြေစိုက် အစိုးရစစ်တပ် စစ်ဆင်‌ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ-၅)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ -၅၄၃) အဖွဲ့ဝင်များသည် KNLA တပ်မဟာ(၅) သတ်မှတ်ရာနယ်‌မြေသို့ ဝင်လာသည့်အတွက် ‌ဖေ‌ဖော်ဝါရီ ၂၇ရက်‌နေ့၊ နံနက် ၁ဝ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅)မှ ပဒို‌စောဖါး‌ဝေါ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သတ်မှတ်ထားတာက ကားလမ်းနဲ့ ကိုက် ၁၀၀‌ကျော်ရင် ဝင်လာလို့မရဘူး။ အခု ဖြစ်တဲ့‌နေရာက ကိုက် ၃၀ဝ ‌ကျော်တဲ့‌နေရာဖြစ်တယ်။ မိနစ်ပိုင်းပဲ။ ကျ‌နော်တို့ဘက်က သုံး‌လေး‌ယောက်ပဲပါတယ်။ အဲဒီမှာ ၁‌ယောက်‌သေတယ်။ ၁‌ယောက် ဒဏ်ရာရတယ်။ ရန်သူဘက်က‌တော့ မသိရဘူး။ ‌ပြောချင်တာက အပစ်အခတ်ရပ်စဲ‌ရေးအတွက် ကြိုးပမ်းတဲ့အခါမှာ ပစ်ခတ်မှု ‌တွေ မဖြစ်သင့်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၅)မှ ဗဟိုသို့ တင်ပြထားကာ ‌ဖြေရှင်း‌ပေးရန် ‌ပြောဆိုထားပြီးဖြစ် သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်အ‌ပေါ် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က “ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကိုပဲ ကျ‌နော်‌ပြောနိုင်မယ်တူတယ်။ ဘာလို့လဲဆို‌တော့ ပွင့်ပွင့်လင်းလင်း‌ပြောရင် ကျ‌နော်လည်း သိပ်သတင်းမရဘူးဗျ။ ‌တောင် ပိုင်းနယ်‌မြေဆို‌တော့ ကျ‌နော်တို့နဲ့ နည်းနည်းလှမ်းတယ်။ ‌တောင်ပိုင်းတိုင်းနဲ့ ဦး‌ရောဂျာခင်(ပဒို‌စော‌ရောဂျာခင်)တို့ စကား‌ပြောဖြစ် တာ‌တော့ရှိတယ်။ ‌တောင်ပိုင်းတိုင်းနဲ့ ဖထီး‌ရောဂျာတို့ ဖုန်းချိတ်ကြတယ်လို့ ‌ပြောတယ်။ သူတို့ ‌ဖြေရှင်းလို့ ရမယ်နဲ့တူတယ်”ဟု ‌ပြောသည်။

ထို့အပြင် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်၊ ခိုမူပ‌လောအုပ်စု၊ ဝါ့က‌လေ့လုစခန်းရှိ စကခ(၈) လက်‌အောက်ခံ ခမရ(၄၁၀)တပ်ရင်းက လည်း ‌ဖေ‌ဖော်ဝါရီ ၁၇ရက်နှင့် ၂၂ရက်‌နေ့များတွင် ‌တောင်ယာခုတ်ထွင်ရှင်းလင်း‌နေသည့် ရွာသားများအား လက်နက်ကြီးများ ဖြင့် လှမ်းပစ်ခတ်မှုများ ဖြစ်ပွားခဲ့‌သေးသည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့အစည်း(KHRG)က ဆိုသည်။

‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့ကလည်း KNLA တပ်မဟာ(၆)နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်ရင်း မှ တပ်သားအချို့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ KNLA နှင့် BGF နှစ်ဖက်စလုံးမှ ကျဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သလို ‌ဖေ‌ဖော်ဝါရီ ၂၇ ရက်‌နေ့က ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း‌ကျေးရွာအနီးတွင် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)မှ တပ်မှူး ‌ဟောင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အဖွဲ့နှင့် မြန်မာအစိုးရတပ် စကခ(၁၃) လက်‌အောက်ခံတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့‌သေးသည်။