Home သတင်း ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးဖြစ်စဉ်အတွင်း လူထုအသံ ပါဝင်လာရန် ဖားအံမြို့၌ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးဖြစ်စဉ်အတွင်း လူထုအသံ ပါဝင်လာရန် ဖားအံမြို့၌ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

1655

‌ဖေ‌ဖော်ဝါရီ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် လူထုအသံများရရှိရန်နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ လုပ်ငန်းစဉ်အတွင်း လူထုပါဝင်မှုရရှိရန် ရည်ရွယ်၍ Research Institute for Society and Ecology (RISE) အဖွဲ့က ဦး‌ဆောင်ကာ ‌ဖေ‌ဖော်ဝါရီ ၁၇ မှ ၁၉ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ Grand Hill ဟိုတယ်တွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

RISE အဖွဲ့မှ အစီအစဉ် ညွှန်ကြား‌ရေးမှူး နန်းမြသီတာက “လက်ရှိ ငြိမ်းချမ်း‌ရေးနှနဲ့ နိုင်ငံ‌တော်တည်‌ဆောက်‌ရေး ဖြစ်စဉ်မှာ ‌ဒေသခံလူထုရဲ့ လိုအပ်ချက်များ ပိုမိုထင်ဟပ်‌စေရန် လူထုနဲ့ အဖွဲ့အစည်းကြားအချိတ်အဆက်ရရှိပြီး ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုမြင့်မားလာ‌စေရန် ရည်ရွယ်ချက်နဲ့ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို လုပ်ရတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် RISE အဖွဲ့အား စတင်မိတ်ဆက်ရန်နှင့် ‌ဒေသအ‌ခြေပြု (ဘက်မလိုက်‌သောကြား‌နေ) ‌တွေ့ဆုံနိုင်မည့် ‌နေရာတစ်‌နေရာ RISE အဖွဲ့မှ အ‌ကောင်အထည်‌ဖော်‌ဆောင်မည့်ကိစ္စကို ချပြရန် အလုပ်ရုံ‌ဆွေး‌ဆွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု နန်းမြသီတာက ဆက်‌ပြောသည်။

သုံးရက်ကြာပြုလုပ်သည့် ၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း လူထုနှင့် အဖွဲ့အစည်းအကြား ပူး‌ပေါင်း‌ဆောင်ရွက်မှုအခန်းကဏ္ဍ၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သည့်ဖြစ်စဉ်တွင် ‌ဒေသအ‌ခြေပြုအဖွဲ့များ ‌တွေ့ဆုံ ‌ဆွေး‌နွေးနိုင်မည့်‌နေရာ(Space)တစ်ခု အ‌ကောင်အထည်‌ဖော်‌ဆောင်သွားရန်၊ RISE အဖွဲ့စတင်ဖြစ်‌ပေါ်လာပုံ၊ ရည်ရွယ်ချက်နှင့် ‌ရှေးဆက်လုပ်ငန်းစဉ်များကိုလည်း ချပြ‌ဆွေး‌နွေးကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ RISE အဖွဲ့ဝင် ၂၀‌ကျော်အပါအဝင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)၊ ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်လွှတ်‌တော်ကိုယ်စားလှယ်၊ ကရင်လူငယ်အဖွဲ့နှင့် ကရင်လူမှုအဖွဲ့တို့မှ ကိုယ်စားလှယ် ၃၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအဲန်ယူ ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ကိုယ်‌ရေးအတွင်း‌ရေးမှူး ‌စောအယ်ထူးက “နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးတဲ့အခါကျရင် ပြည်သူလူထုရဲ့ အသံ‌တွေ ပါလာ‌အောင် ပြည်သူ လူထုရဲ့တကယ်လိုအပ်မှု‌တွေက အမြင်သ‌ဘောထား မဟုတ်ဘဲနဲ့ တကယ့် လိုအပ်ချက်‌တွေဖြစ်ဖို့လိုတယ်။ လူထုအသံပါမှ ဖွဲ့စည်းပုံ‌ရေးဆွဲတဲ့အခါမှာ အကျိုးရှိလာမယ်။ ‌ကောင်း‌ကောင်းလုပ်နိုင်မယ်ဆိုရင် ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ်”ဟု ‌ပြောသည်။

လူငယ်များဖြင့် ဖွဲ့စည်းထားသည့် RISE အဖွဲ့သည် ငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ‌တော်တည်‌ဆောက်‌ရေးလုပ်ငန်းစဉ် အတွင်း ‌ဒေသခံလူထုအသံရရှိရန်၊ လူထုနှင့် အဖွဲ့အစည်းများအကြား အလွယ်တကူ ‌တွေ့ဆုံနိုင်မည့် စားပွဲဝိုင်း ‌နေရာတစ်ခု ‌ပေါ်ထွန်းလာရန် ရည်ရွယ်၍ ၂၀၀၇ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၅ခုနှစ်၊ မတ်လတွင် တရားဝင်မှတ်ပုံတင်‌တော့မည်ဖြစ်သည်ဟု သိရသည်။