Home သတင်း ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် PSDP ကိုယ်စားလှယ်‌လောင်းများကို စိစစ်‌နေ

‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် PSDP ကိုယ်စားလှယ်‌လောင်းများကို စိစစ်‌နေ

1417

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီတစ်ခုဖြစ်‌သော ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများသည် ၎င်းတို့ပါတီအတွင်းရှိ စိစစ်‌ရေး ‌ကော်မတီထံသို့ ‌လျှောက်လွှာတင်ကာ စိစစ်မှုခံယူလျှက်ရှိသည်ဟု သိရသည်။

PSDP ဗဟိုသတင်းနှင့် ပြန်ကြား‌ရေး တာဝန်ခံ ‌စောခန့်ဝင်း‌အောင်က “ကျ‌နော်တို့ ကိုယ်စားလှယ်‌လောင်း‌တွေ ဟာ သတ်မှတ်ထားချက်နဲ့ ပြည့်စုံရမယ်။ နိုင်ငံသားဖြစ်ပြီး ပါတီဝင်လည်း ဖြစ်ရမယ်။ ဘွဲ့ရ၊ ဆယ်တန်း‌အောင် အကျင့်စာရိတ္တ‌ကောင်းသူ၊ စီးပွား‌ရေး အသင့်တင့်ရှိထားသူ၊ အသက် မကြီးလွန်း မငယ်လွန်းတဲ့သူ ဖြစ်ရမယ်။ ‌ရွေး‌ကောက်ပွဲစရိတ်နဲ့ အာမခံ‌ကြေးလည်း အကုန်ကျခံနိုင်သူ ဖြစ်ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများအား ‌လျှောက်လွှာဖြင့် အမည်စာရင်း‌ခေါ်ယူရာ၌ ဇန်နဝါရီ ၂၆ မှ ‌ဖေ‌ဖော်ဝါရီ ၁၅ ရက်‌နေ့အထိဖြစ်ပြီး လတ်တ‌လောတွင် ကိုယ်စားလှယ်‌လောင်း အမည်စာရင်း များကို ပါတီစိစစ်‌ရေး‌ကော်မတီက စိစစ်မှု ပြုလုပ်လျှက်ရှိ‌ကြောင်းနှင့် လာမည့် ဧပြီလတွင် တရားဝင်စာရင်း ထုတ်ပြန်‌ကြေညာသွားဖွယ်ရှိ‌ကြောင်း ‌စောခန့်ဝင်း‌အောင်က ဆက်‌ပြောသည်။

ထို့အပြင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ရန် ‌ရွေး‌ကောက်တင်‌မြှောက်မည့် ကိုယ်စားလှယ်‌လောင်းများ အမည်စာရင်းကို တစ်မြို့နယ်လျှင် ၅ ဦးနှုန်းဖြင့် မြို့နယ် ၇ မြို့နယ်တွင် စုစု‌ပေါင်း ၃၅ ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ပါတီစည်းကမ်းချက် အချက် (၁၁)ချက်နှင့်အညီ စိစစ်‌ရေး‌ကော်မတီမှ ‌ရွေးချယ်သွားမည်ဖြစ်သည်ဟု PSDP က ဆိုသည်။

‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်‌လောင်းတစ်ဦးဖြစ်သူ ‌စောသက်နိုင်က “ကျ‌နော်တို့ ဝင်ပြိုင်မယ့်‌နေရာက‌တော့ ကိုယ်တိုင်‌ရွေးချယ်လို့ မရဘူး။ စိစစ်‌ရေး‌ကော်မတီကပဲ ဘယ်သူဘယ်ဝါ၊ ဘယ်‌နေရာကို စီစဉ်‌နေရာချ‌ပေးမယ်။ ကျ‌နော် ဝင်ပြိုင်ချင်တဲ့‌နေရာက ပြည်နယ်လွှတ်‌တော် ‌နေရာမှာပဲ”ဟု ‌ပြောသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်‌ရွေး‌ကောက်ခံမည့် ကိုယ်စားလှယ်များအတွက် စိစစ်‌ရေးနှင့်ပတ်သက်၍ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကလည်း ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့က အ‌ခြေခံမူ ၁ဝ ချက် ထုတ်ပြန်ကာ ထိုမူထဲတွင် ကိုယ်စားလှယ်‌လောင်းအဖြစ် တင်သွင်းသူသည် ပါတီဝင်သက်တမ်း အနည်းဆုံး ‌ခြောက်လ ပြည့်ပြီးသူ၊ မိသားစုစားဝတ်‌နေ‌ရေး အဆင်‌ပြေသူ၊ ‌ရွေး‌ကောက်ပွဲဝင်‌ကြေးနှင့် မဲဆွယ်အသုံးစရိတ် ကုန်ကျခံနိုင်သူ စသည့်အချက်များ ပါရှိသည်။

‌ရွေး‌ကောက်ပွဲဝင်ရန် ‌ရွေးချယ်ခံရ‌သော ကိုယ်စားလှယ်‌လောင်းများသည် ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး ဘဏ္ဍာ ‌ရေးမှူးထံသို့ သိန်း ၂ဝ ကျပ် ကြိုတင်‌ပေးသွင်းရမည်ဖြစ်ပြီး ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရန် မြို့နယ် တစ်မြို့နယ်လျှင် ‌လျှောက်လွှာ ၁ဝ ‌စောင်စီ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ဖြန့်‌ဝေသွားရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

PSDP သည် လာမည့် ‌ရွေး‌ကောက်ပွဲသို့ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ၎င်းတို့၏ ကိုယ်စားလှယ်‌လောင်းများကို စိစစ်ရန် ပါတီနာယက ၅ဦးနှင့် ပါတီမြို့နယ်ဥက္ကဌ ၇ ဦး ပါဝင်‌သော စိစစ်‌ရေး‌ကော်မတီကို ဇန်နဝါရီလ အတွင်းက ဖွဲ့စည်းခဲ့သည်။ PSDP သည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲက ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၁၆ ‌နေရာကို ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၈ ‌နေရာ အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။