Home သတင်း ‌တောင်ငူခရိုင်၌ ကျင်းပသည့် (၆၇)နှစ်‌မြောက်ကရင်အမျိုးသား‌နေ့ လူ ၆ ‌ထောင်‌ကျော် တက်‌ရောက်

‌တောင်ငူခရိုင်၌ ကျင်းပသည့် (၆၇)နှစ်‌မြောက်ကရင်အမျိုးသား‌နေ့ လူ ၆ ‌ထောင်‌ကျော် တက်‌ရောက်

2358

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က ကျ‌ရောက်သည့် (၆၇)နှစ်‌မြောက်ကရင်အမျိုးသား‌နေ့ကို ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ)၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း (NGO)များ၊ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံများ စု‌ပေါင်း၍ ‌ကေအဲန်ယူ ‌တောင်ငူခရိုင် သံ‌တောင်ကြီးမြို့နယ်၊ သံ‌တောင် မြို့သစ် အားကစားကွင်း၌ အခမ်းအနားကျင်းပရာတွင် လူ ၆‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလှထွန်း၊ ပဒို ‌စော‌ဒေါ့‌လေးမူ၊ KNLA တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် စရှာထု‌ဝေါ်၊ ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ရှိ ခရိုင်၊ မြို့နယ်‌ခေါင်း‌ဆောင်များ၊ ကရင်ဝန်ကြီးများ၊ ကရင်ပါတီများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံပြည်လူထုများက တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ ‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ကရင်အမျိုးသား‌နေ့ကို ကျင်းပတာ ကရင်‌တွေ မိမိရဲ့သမိုင်းအမှန်ကို သိရှိနိုင်ဖို့၊ လွန်ခဲ့တဲ့ ၆၇နှစ်မှာ ကရင်‌ခေါင်း‌ဆောင်‌တွေ ‌တောင်းဆိုတဲ့ အချက်အလက်‌တွေကို အမှတ်ရ‌စေဖို့နဲ့ ဒီအချက်‌တွေ ပြည့်ဝဖို့ ကရင်ပြည်သူနဲ့ကရင့်အ‌ရေး လုပ်‌ဆောင်‌နေတဲ့ လူ‌တွေက‌နေ ဒီသမိုင်းကို သိရှိပြီး ဆက်လက်အ‌ကောင်အထည်‌ဖော်နိုင်ဖို့ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အခမ်းအနား တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “၆၇နှစ်‌မြောက် ကရင့်အမျိုး သား‌နေ့မှာ ကရင်လူထု‌တွေကို ‌ပြောချင်တာက ကျမတို့ ကရင်အမျိုးသားလိုလားတဲ့ ငြိမ်းချမ်း‌ရေး၊ သာတူညီ မျှမှု အခွင့်အ‌ရေး‌တွေ ဒီမိုက‌ရေစီအခွင့်အ‌ရေး‌တွေနဲ့ လွတ်လပ်စွာ ‌နေထိုင်နိုင်ဖို့က ကရင်တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်ဖို့ ကရင်လူမျိုး‌တွေမှာ တာဝန်ရှိတယ်”ဟု ‌ပြောသည်။
67th Karen National Day
အခွင့်အ‌ရေးများ ပြည့်ပြည့်ဝဝ ရရှိနိုင်ရန် ကရင်လူထုများအားလုံး မိမိတတ်နိုင်သည့် ကဏ္ဍရှု‌ထောင့် အသီးသီးမှ ပါဝင်လုပ်‌ဆောင်ရန်နှင့် အားလုံးအတူလက်တွဲပြီး အခွင့်အ‌ရေးများရရှိသည်အထိ ပါဝင် လုပ်‌ဆောင်သွားရန် ကရင်ပြည်သူလူထုများကို ယခုနှစ် ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့တွင် တိုက်တွန်းလိုသည်ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်လက်‌ပြောဆိုသည်။

၎င်းကရင်အမျိုးသား‌နေ့ကျင်းပရာတွင် ‌ဖေ‌ဖော်ဝါရီ ၇ရက်‌နေ့မှစတင်ကာ အားကစား ပြိုင်ပွဲများ၊ ကရင် ဘာသာဖြင့် ကဗျာပြိုင်ပွဲနှင့် ‌ဆောင်ပါးပြိုင်ပွဲများကျင်းပခဲ့သလို ‌ဖေ‌ဖော်ဝါရီ ၁ဝရက်‌နေ့ည၌လည်း ကရင် မျိုးနွယ်စုများ၏ အကများ၊ ရိုးရာပြခန်းများ ခင်းကျင်းပြသခြင်းနှင့် ကရင်အဆို‌တော်များဖြစ်သည့် ‌စောဟက်ကက်၊ ‌စောဖိုးခွား၊ ‌စောမျိုး‌အောင်တို့အဖွဲ့လည်း တက်‌ရောက်‌ဖျော်‌ဖြေခဲ့ကြသည်။

သံ‌တောင်မြို့တွင် ‌နေထိုင်သည့် ‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်မူးဒီ‌စေးကြီးက “ဒီအခုကျင်းပပြုလုပ်တဲ့ ‌ကေအဲန် ယူ တပ်မဟာ(၂) ကရင်အမျိုးသား‌နေ့က‌တော့ ပထမဦးဆုံးအကြိမ်လည်း ဖြစ်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်။ ဆက်လက်ပြီး ကျင်းပနိုင်ဖို့လည်း ဖြစ်‌စေချင်တယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ကရင်အမျိုးသား‌နေ့ကို ကြိုဆို‌ထောက်ခံခြင်းအားဖြင့် ‌ဖေ‌ဖော်ဝါရီ ၁ဝရက်‌နေ့က ‌ကေအဲန်ယူမှ လူထုရှင်းလင်းပွဲတစ်ရပ်ကိုု ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သံ‌တောင်မြို့သစ် ပြည်သူ့အားကစား ကွင်းတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က မြန်မာနိုင်ငံ တစ်ပြည်လုံးရှိ ကရင်ပြည်သူ ၄ သိန်း‌ကျော် သည် ဖဆပလအစိုးရထံသို့ ကရင်ပြည်‌ပေးရန် ‌ကြွေး‌ကြော်သံ ၄ချက်ဖြင့် ‌တောင်းဆိုဆန္ဒပြမှုကို အစွဲပြု၍ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်‌နေ့မှ ၂၅ရက်‌နေ့အထိ ကျင်းပသည့် ‌ကော်သူး‌လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။