Home သတင်း ငြိမ်းချမ်း‌ရေးစားပွဲဝိုင်းများ၌ လူထုအသံ ပါဝင်‌ရေး ဖားအံမြို့တွင် ‌ဆွေး‌နွေးပွဲတစ်ရပ်ပြုလုပ်

ငြိမ်းချမ်း‌ရေးစားပွဲဝိုင်းများ၌ လူထုအသံ ပါဝင်‌ရေး ဖားအံမြို့တွင် ‌ဆွေး‌နွေးပွဲတစ်ရပ်ပြုလုပ်

1523

ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အ‌ခြေစိုက် ငြိမ်း‌ဖောင်‌ဒေးရှင်းနှင့် ကရင်ငြိမ်းချမ်း‌ရေးနှင့် စည်းလုံးညီညွတ်‌ရေး‌ကော်မတီ (KUPC)တို့မှ ကြီးမှူး၍ ငြိမ်းချမ်း‌ရေးစားပွဲဝိုင်းများ၌ ပြည်သူလူထုအသံ ပါဝင်‌အောင် ရည်ရွယ်ချက်ဖြင့် “ငြိမ်းချမ်း‌ရေးဆိုင်ရာ ပြည်သူ့အမြင်စကားဝိုင်း”အမည်ရှိ ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် ‌ဖေ‌ဖော်ဝါရီ ၁၄ မှ ၁၅ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်ပါဝင်ခဲ့သည့် ငြိမ်း‌ဖောင်း‌ဒေးရှင်း၏ ငြိမ်းချမ်း‌ရေးအတွက် ပြည်သူအသံ၊ အကြံဉာဏ်ရယူခြင်း စီမံကိန်းတာဝန်ခံ ‌စောထက်‌ဝေယံ‌ကျော်က “ကျ‌နော်တို့ အဖွဲ့က ‌ကောက်ခံရရှိတဲ့ ပြည်သူ‌တွေရဲ့အသံ၊ ပြည်သူလူထုရဲ့ ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်အမြင်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်တာ ဖြစ်ဖြစ်၊ ပြည်သူလူထု‌တွေခံစား‌နေရတဲ့ အခက်အခဲဖြစ်ဖြစ် အဲဒါ‌တွေကို ငြိမ်းချမ်း‌ရေးစကားဝိုင်းမှာ ‌ရောက်သွား‌စေချင်လို့ပါ”ဟု ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတွင် ငြိမ်းချမ်ဖြစ်စဉ် ဖြစ်ထွန်းတိုးတက်မှု၊ ‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေးအတွက် လူထုထံမှ အမြင်သ‌ဘောထားများ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုအခန်းကဏ္ဍ၊ ‌ဒေသန္တရအုပ်ချုပ်‌ရေး၊ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ စီးပွား‌ရေးပြုပြင်‌ပြောင်းလဲမှုများ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဆက်စပ် မှုများကို တင်ပြ‌ဆွေး‌နွေးခဲ့ကြပြီး ရလဒ်များကို အစိုးရ၊ လွှတ်‌တော်၊ လက်နက်ကိုင်အဖွဲ့အစည်းများသို့ ‌ပေးပို့သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ၌ တိုင်းရင်းရင်းလက်နက်ကိုင်အဖွဲ့တို့နှင့် အစိုးရတို့အကြား ရရှိ‌သော ဆုံးဖြတ်ချက်များခိုင်မာမှုရှိရန် ပြည်သူလူထု၏ အသံပါဝင်ခြင်းအားဖြင့် ပိုမိုခိုင်မာလာနိုင်သလို ပြည်သူလူထု ၏ အသံကို နား‌ထောင်၍ ‌ဆွေး‌နွေးပါက ယုံကြည်မှုအပြင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကိုလည်း ပိုမိုအ‌ထောက်အကူ ပြုမည်ဖြစ်သည်ဟု ငြိမ်း‌ဖောင်‌ဒေးရှင်းအဖွဲ့က ဆိုသည်။

လူထုအသံပါဝင်‌ရေး‌ဆွေး‌နွေးပွဲသို့ KUPC ‌ကော်မတီဝင်များ၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်၊ ဒီ‌ကေဘီ‌အေ၊ နိုင်ငံ‌ရေးပါတီနှင့် ပြည်နယ်အစိုးရ စသည့် သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ ကရင်ပြည်နယ်ရှိ ‌ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၉ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KUPC ‌ကော်မတီဝင် သု‌မေဓာရာမကြား‌တောရ‌ကျောင်း ဆရာ‌တော်အရှင်စန္ဒာဝရက “ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ် မှာ ပြည်သူ‌တွေ သူလည်းသူ အခန်းက‌တော့ ပါဝင်ရတာ ဖြစ်တယ်။ ပြည်သူမပါတဲ့ တိုင်းပြည်ဟာ တိုင်းပြည် ‌ကောင်း မဖြစ်သလို ငြိမ်းချမ်း‌ရေးမှာလည်း ပြည်သူမပါရင် စစ်မှန်ပြီး ‌ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း‌ရေးဆိုတာ မဖြစ်နိုင်တဲ့အတွက် ပြည်သူရဲ့အခန်းကဏ္ဍဟာ အဓိက ပါတယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်သည့် သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ယက်မှ မန်း‌ဒေါင်ပိုင်ကလည်း “အခုလို လုပ်‌ပေးတာ ကျ‌နော်သ‌ဘောကျတယ်။ မဟုတ်ရင် လက်ရှိအစိုးရဟာ ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး ဒီလိုလုပ်‌ပေးတာ မရှိဘူး။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပြည်သူရဲ့သ‌ဘောထားအမှန်က ထာဝရသာယာ‌အေးချမ်း စွာ ဖြစ်‌စေချင်တယ်”ဟု ‌ပြောဆိုသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် ငြိမ်း‌ဖောင်‌ဒေးရှင်းသည် ၂၀၁၃ခုနှစ် ဩဂုတ်လမှ ၂၀၁၄ခုနှစ် နိုဝင်ဘာလအထိ ၏ ငြိမ်းချမ်း‌ရေးအတွက် စစ်တမ်း‌ကောက်ယူခဲ့ရာ၌ ကရင်ပြည်နယ်အတွင်းရှိ လူထုများကို အုပ်စုလိုက် ‌သော်လည်း‌ကောင်း၊ တစ်ဦးချင်းစီ ‌သော်လည်း‌ကောင်း အမြင်သ‌ဘောထားများ‌ကောက်ယူခဲ့ပြီး‌နောက် KUPC နှင့် ပူး‌ပေါင်းကာ ယခုလို ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။