Home သတင်း တပိုင်တနိုင် ‌ကျောက်‌ရောင်းချသူများကို NMSP မှ လုပ်ခွင့် ပိတ်ပင်လိုက်သည့်‌ပေါ် နစ်နာမှုရှိ

တပိုင်တနိုင် ‌ကျောက်‌ရောင်းချသူများကို NMSP မှ လုပ်ခွင့် ပိတ်ပင်လိုက်သည့်‌ပေါ် နစ်နာမှုရှိ

1611

ဇန်နဝါရီ ၁၄ရက်။ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း အာရှလမ်းမ‌ဖောက်လုပ်‌ရေး အတွက် အသုံးပြုသည့် လမ်းခင်း‌ကျောက်များကို ‌ရောင်းချ‌သော တပိုင်တနိုင် ‌ကျောက်တူး‌ရောင်းချ ‌နေသူများအား မွန်ပြည်သစ်ပါတီ(NMSP)မှ ယခုလ ဇန်နဝါရီ ၈ရက်‌နေ့က ပိတ်ပင်လိုက်သဖြင့် နစ်နာဆုံးရှုံးမှုများရှိသည်ဟု တပိုင်တနိုင် ‌ကျောက်‌ရောင်းချသူ ခြံပိုင်ရှင်များက ‌ပြောသည်။

တပိုင်တနိုင် ‌ကျောက်‌ရောင်းချသူ ခြံပိုင်ရှင်တစ်ဦးဖြစ်သူ မိ‌အေးခိုင်က“‌ကျောက်တူးတဲ့‌နေရာက ပိုင်ရှင်ရှိ တဲ့သူ ‌နေရာသက်သက်ပဲ။ ‌ကျောက်လာဝယ်တဲ့ ကုမ္ပဏီ‌တွေနဲ့ သ‌ဘောတူစာချုပ် ချုပ်ပြီး အပြီးအပိုင် ‌ရောင်းတာရှိတယ်။ ဆယ်ဘီးကား တစ်စီးစာကို ဘတ် ၁၂ဝ နဲ့ ‌ရောင်းတယ်။ အခု ကျမတို့ရဲ့ ‌ကျောက် ‌ရောင်းတဲ့ ‌နေရာမှာဆိုရင် ရာဘာ၊ ငှက်‌ပျော‌တွေရှိတယ်။ အိမ်‌ဆောက်ဖို့လည်း ရှိတယ်။ အခု မွန်ပြည်သစ်က လုပ်လိုက်‌တော့ ကျမတို့အတွက် နစ်နာရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လုပ်ကိုင်ရာတွင် မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ရုံးမှ တာဝန်ရှိသူများက ‌ကျောက်‌ရောင်းချသူ တပိုင်တနိုင် ခြံပိုင်ရှင်များကို ဆင့်‌ခေါ်ပြီး ‌ကျောက်ထုတ်‌ရောင်းချ‌နေမှုများကို ပိတ်ပင်ကာ မွန်ပြည်သစ်ပါတီ အ‌နေဖြင့် ဆက်လုပ်ကိုင်သွားမည်ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏ ဘုရားသုံမြို့နယ်ဥက္ကဋ္ဌ နိုင်ချမ်းတိန်းမွန်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ အဆိုပါ နယ်‌မြေအတွင်းရှိ ‌မြေ‌ပေါ် ‌မြေ‌အောက်ထွက် သယံဇာတများအားလုံးသည် ၎င်းတို့ပါတီ၏ ချမှတ်ချက်အရ ပိုင်ဆိုင်သည်ဟု ‌ပြောသည်။
Photo Resident
၎င်းက “သယံဇာတဆိုတဲ့ ပစ္စည်းသိမ်းတာက ဗဟိုက ချမှတ်ထားတာပဲ‌လေ။ သယံဇာတပစ္စည်းဆိုတာ ကျ‌နော်တို့ ဘက်ကကြည့်ရင် အာဏာပိုင်တို့ ပိုင်ဆိုင်ရမယ်။ ကျ‌နော်တို့နယ်‌မြေမှာရှိတဲ့ သဲတို့၊ ‌ကျောက်တို့ အကုန်းလုံး ပုဂ္ဂိုလ်‌ရေးအရ ပိုင်လို့မရဘူး‌နော်။ သူတို့(ခြံပိုင်ရှင်)လည်း တစ်နှစ်‌လောက်လုပ်ပြီး အကျိုးခံစားပြီးပြီ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနယ်စပ် စံခလပူရီမှ မြန်မာဘက်ခြမ်း သံဖြူဇရပ်အထိ ‌ဖောက်လုပ်‌နေသည့် အာရှလမ်းမကြီး အတွက် ၂၀၁၄ခုနှစ်မှ စ၍ ‌ဒေသခံအချို့က တပိုင်တနိုင်ဖြင့် ‌ကျောက်ထုတ်လုပ်‌ရောင်းချမှုများရှိသလို လုပ်ကွက်တစ်ကွက်ကို ဘတ်‌ငွေ ၁သိန်းမှ ၂သိန်းအထိ ‌ကျောက်တူးသည့် ကုမ္ပဏီများထံသို့ အပြီးပိုင် ‌ရောင်းချ‌နေသူများလည်းရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီမှ နိုင်သိန်း‌ဇော်ကလည်း “ဒီကိစ္စက ကျ‌နော်တို့ကို ခြံပိုင်ရှင်ဘက် လာပြီး‌ပြောပြတာရှိတယ်။ ကျ‌နော်တို့က ပြည်သူကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တာ‌ကြောင့် ပြည်သူ‌တွေဘက်က သက်‌သေအ‌ထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်မယ်ဆိုရင် ပထမဦးဆုံး လုပ်သင့် လိုက်ထိုက်တာကိုပဲ လုပ်မယ်။ မွန်ပြည်သစ်ပါတီနဲ့ညှိနှိုင်းမယ်။ လိုအပ်ရင် လွှတ်‌တော်ကိုယ်စား‌တွေ ကိုလည်း တင်ပြမယ်။ မှန်တဲ့ဘက်ကိုပဲ ကျ‌နော်တို့ ရပ်တည်မှာပါ”ဟု ‌ပြောသည်။

မွန်ပြည်သစ်ပါတီသည် ‌ကျောက်ထုတ်လုပ်‌ရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က သတ္တုတွင်းဝန်ကြီးဋ္ဌာန ထံမှ လုပ်ခွင့်ရရှိထားပြီး‌နောက် ဘုရားသုံးဆူမြို့နယ်ရှိ ကြံ‌တော၊ ဂျပန်‌ရေတွင်း၊ တပ်ရင်းသုံးနှင့် ကျုံကွီး စသည့်‌ကျေးရွာတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ‌ဒေသခံရွာသားအချို့အား ၁ ဧက အကျယ်ဝန်းရှိ ‌ကျောက်တူးကွက် ၅ကွက်ထက်မနည်း ‌ကျောက်တူးခွင့်‌ပေးပြီး အ‌ကောက်အခွန်ကိုသာ ‌ကောက်ယူ လျှက်ရှိသည်ဟု မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူများက ‌ပြောသည်။