Home သတင်း KNU တပ်မဟာ(၇)နှင့် အစိုးရတပ် ချစ်ကြည်‌ရေး‌ဘောလုံးပွဲ တဖက် ၁ဂိုးစီ သ‌ရေကျ

KNU တပ်မဟာ(၇)နှင့် အစိုးရတပ် ချစ်ကြည်‌ရေး‌ဘောလုံးပွဲ တဖက် ၁ဂိုးစီ သ‌ရေကျ

2198

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့ ‌ဘောလုံးကွင်းတွင် ယ‌နေ့နံက် ကစားခဲ့‌သော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နှင့် အစိုးရတပ်ဖွဲ့ဝင်တို့ ချစ်ကြည်‌ရေး‌ဘောလုံးပွဲ ကစားခဲ့ရာတွင် တဖက် ၁ဂိုးစီဖြင့် သ‌ရေကျသွား သည်ဟု KNU မြဝတီမြို့ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးက ‌ပြောသည်။

နှစ်ဖက်တပ်ဖွဲ့ဝင်များ အချင်းချင်း ရင်းနှီး‌စေရန် KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော် (KNLA) တပ်မဟာ(၇)နှင့် အစိုးရစစ်တပ် စစ်ဆင်ကွပ်ကဲ‌ရေးဋ္ဌာနချုပ် စကခ(၄)လက်‌အောက်ခံ တပ်ဖွဲ့ ဝင်တို့ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ‌ဘောလုံးကွင်း၌ ယ‌နေ့ နံနက် ၈နာရီမှ ၉နာရီခွဲ‌ကျော်ထိ ချစ်ကြည်‌ရေး ‌ဘောလုံးကစားခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်မှူး‌စော‌ဇောရိုးက “ဒီချစ်ကြည်‌ရေး ‌ဘောလုံးပွဲဖြစ်ဖို့ ဒီဇင်ဘာလဆန်းပိုင်းက အစိုးရဘက်က စကခမှူး ‌သောင်းထိုက်‌ရွှေကိုယ်တိုင် ကမ်းလှမ်းတာပါ။ ဒီလို ကျ‌နော်တို့ နှစ်ဖက် တပ်မှူး‌တွေ အချင်းချင်း ထိ‌တွေ့ပြီး အတူတူ ‌ဘောလုံးကစားကြတဲ့အတွက် ချစ်ကြည်ရင်းနှီးမှု‌တွေ အများကြီးရ‌စေပါတယ်”ဟု ကရင်ဘာသာဖြင့် ‌ကေအိုင်စီသို့ ‌ပြောသည်။
KNU & Gov football match
ချစ်ကြည်‌ရေး‌ဘောလုံးပွဲသို့ KNU ဘက်မှ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ တပ်မဟာ(၇)ဗျူဟာမှူး ဗိုလ်မှူး ကြီး‌စော‌ဖောဒို၊ KNLA တပ်ရင်း-၂၄၊ ၂၁ တပ်ရင်းမှူးများနှင့် တပ်ဖက်ဆိုင်ရာ အရာရှိများ တက်‌ရောက်ခဲ့ကြပြီး အစိုးရစစ်တပ်ဘက်မှ စကခ(၄)မှူး ဗိုလ်မှူးချုပ်‌သောင်းထိုက်‌ရွှေ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးခိုင်၊ နယ်ခြား‌စောင့်တပ် (BGF) တပ်ရင်းမှူးများနှင့် မြဝတီခရိုင်ရဲမှူး အပါအဝင် စုစု‌ပေါင်း လူ ၃၀ဝခန့် တက်‌ရောက်အား‌ပေးခဲ့သည်။

၎င်း‌ဘောလုံးပွဲနှင့် ပတ်သက်၍ နိုင်ငံ‌ရေး‌လေ့လာသူ ကရင်အမျိုးသားတစ်ဦးက “ချစ်ကြည်‌ရေး ‌ဘောလုံးပွဲလို့ ဘယ်လိုပဲ‌ပြော‌ပြော ကျ‌နော့်အ‌နေနဲ့ မြင်တာက နိုင်ငံ‌ရေး အမြတ်ထုတ်မှုတစ်ခုပါ။ အခု KNU နဲ့ အစိုးရစစ်တပ် တို့ ရင်းနှီးကြတယ်။ ရှမ်း၊ ကချင်တို့ ‌ဒေသဘက်မှာကျ‌တော့ ထိုးစစ်ဆင်မှု‌တွေ အကြီးအကျယ် လုပ်‌နေတယ်။ ဒါဟာ မလုပ်သင့်တဲ့ ကိစ္စပါ”ဟု ‌ကေအိုင်စီသို့ သုံးသပ်‌ပြောဆိုသည်။

KNU နှင့် အစိုးရစစ်တပ်အကြား အလားတူ ချစ်ကြည်‌ရေး‌ဘောလုံးပွဲကို ယခင် KNU တပ်မဟာ(၇) တပ်မဟာမှူး ‌ဟောင်း ဗိုလ်ချုပ်ထင်‌မောင်(KNU/KNLA-PC ဥက္ကဋ္ဌ) မခွဲထွက်ခင် ၂၀၀၇ခုနှစ်၌ တပ်မဟာ(၇)ဌာနချုပ်‌ဟောင်း မယ်လထာ့တွင် ကျင်းပခဲ့ဖူး‌ကြောင်း သိရသည်။