Home သတင်း အ‌မေရိကန်သံရုံးပံ့ပိုးမှုဖြင့် ပထမဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း ဖားအံ၌ ဖွင့်လှစ်

အ‌မေရိကန်သံရုံးပံ့ပိုးမှုဖြင့် ပထမဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း ဖားအံ၌ ဖွင့်လှစ်

1450

ဒီဇင်ဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံရုံး၏ ပံ့ပိုးမှုဖြင့် အချိန် ၂နှစ် ကြာမြင့်မည့် ပထမဦးဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း(English Access Micro scholarship Program)တစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ဒီဇင်ဘာ ၄ရက်‌နေ့က ဖွင့်လှစ်ခဲ့သည်။

သင်တန်းတာဝန်ခံ ဆရာမ နန်းရင်းရင်းက “သင်တန်းရဲ့ရည်ရွယ်ချက်က‌တော့ အဂင်္လိပ်စာနှင့် ပတ်သက်ပြီး က‌လေး‌တွေ မရ လိုက်တဲ့ အခွင့်အ‌ရေး‌တွေရဖို့၊ အထူးသဖြင့် ထူးချွန်ပြီး‌တော့ အခွင့်အ‌ရေးမရတဲ့ က‌လေး‌တွေကို ဦးစား‌ပေးတယ်။ ဒီသင်တန်းထဲ မှာ‌တော့ လူမျိုးစုံတယ်။ ဘာသာစုံတယ်။ သင်တန်း‌ကြေး‌ပေးစရာ မလိုဘူး၊ အခမဲ့ပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အပတ်စဉ် စ‌နေနှင့် တနဂင်္‌နွေ‌နေ့တိုင်း သင်ကြားသွားမည့် ၎င်းသင်တန်းကို တက်‌ရောက်ခြင်းအားဖြင့် သင်တန်းသူ သင်တန်း သားများအတွက် လုပ်ငန်းခွင်သို့ ဝင်‌ရောက်လုပ်ကိုင်ရန်နှင့် ပညာဆက်လက်သင်ယူရန် များစွာအကျိုးရှိနိုင်သည်ဟု ဆရာမ နန်းရင်းရင်းက ဆက်‌ပြောသည်။

၎င်းသင်တန်းတွင် အဂင်္လိပ်စာအပြင် လူမှုဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ အ‌မေရိကန်ယဉ်‌ကျေးမှုများကို တစ်ရက်လျှင် နှစ်နာရီကြာ သင် ကြား‌ပေးသွားမည်ဖြစ်ပြီး မည်သည့်တိုင်းရင်းသားမဆို ‌လျှောက်ထားနိုင်ကာ သင်တန်း၌ ထူးချွန်သူများကို အ‌မေရိကန်အစိုးရ၏ ပညာသင်ဆုဖြင့် အ‌မေရိကန်နိုင်ငံသို့ ပညာ‌ရေးနှီး‌နှောဖလှယ်ပွဲများ တက်‌ရောက်ခွင့်ရမည်ဟု သိရသည်။

အ‌မေရိကန်သံရုံး ပြည်သူ့‌ရေးရာအရာရှိ မစ္စတာဆာထရာဂျစ်(ဂျီတူး)ဆာဒါရ်က “အဂင်္လိပ်စာသင်တန်းက ဒီနိုင်ငံအတွက်‌ရော၊ အခြားနိုင်ငံအတွက်ပါ သိပ်အ‌ရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကမာ္ဘ‌ပေါ်မှာရှိတဲ့ လူ‌တွေဟာ အဂင်္လိပ်ကို သုံးကြတယ်။ သင်တန်းတက်‌ရောက်တဲ့သူ‌တွေအတွက် အခွင့်အလမ်း‌တွေ အများကြီးရမယ်။ ဒါ‌ကြောင့် ဒီအစီအစဉ်ကို လုပ်ရတာ ဝမ်းသာ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်း၏ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရှိ အ‌မေရိကန်သံရုံးမှ ပြည်သူ့သံတမန်‌ရေးရာအရာရှိ မစ္စတာပီတာဖက်စ် နာ့ခ်၊ ပြည်သူ့‌ရေးရာအရာရှိ မစ္စတာဆာထရာဂျစ်(ဂျီတူး)ဆာဒါရ်၊ မစ္စတာဝစ်စတန်ဖူလ် (Cultural Affairs Specialist)နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည်စိုး၊ ဖားအံမြို့ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် သင်တန်းသူသင်တန်းသားများ စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၎င်းသင်တန်းသို့ တက်‌ရောက်ခွင့်ရသည့် အဂင်္လိပ်‌မေဂျာ တတိယနှစ်‌ကျောင်းသူ ‌နော်ပန်းဖြူဖြူ‌စေးက “ဒီသင်တန်းကို လာ တက်ရတာက ကျမက အဂင်္လိပ်စာကို အရမ်းစိတ်ဝင်စားလို့ပါ။ ဒီလိုသင်တန်းတက်ခြင်းအားဖြင့် အဂင်္လိပ်စာ တိုးတက်လာမယ် ထင်လို့ပါ။ ဒါ‌ကြောင့် ဒီသင်တန်း‌လျှောက်ခဲ့တာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံရုံးသည် အဂင်္လိပ်စာသင်တန်း(English Access Micro scholarship Program)ကို ဖားအံမြို့ အပြင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ကြီးနား၊ စစ်ကိုင်း၊ ‌ကျောက်ဆည်၊ ‌မော်လမြိုင်၊ မန္တ‌လေး၊ ဟိုပုံး၊ ပြည်၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ် သင်ကြားပို့ချလျှက်ရှိ‌ကြောင်း သိရှိရသည်။