Home သတင်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပျက်ပြားနိုင်မည်မဟုတ်ဟု ဖလုံ-စ‌ဝေါ်ပါတီ ‌ပြော

၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပျက်ပြားနိုင်မည်မဟုတ်ဟု ဖလုံ-စ‌ဝေါ်ပါတီ ‌ပြော

1794

‌အောက်တိုဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံအတွင်း နိုင်ငံ‌ရေးတည်ငြိမ်မှု ဖြစ်မဖြစ် မမူတည်ဘဲ လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပျက်ပြားနိုင်မည် မဟုတ်ဟု ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၏ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“၂၀၁ဝ တုန်းက အ‌ခြေအ‌နေဆိုးတဲ့အထဲမှာ‌တောင်မှ ‌ရွေး‌ကောက်ပွဲကို ‌အောင်‌အောင်မြင်မြင် လုပ်နိုင်ခဲ့‌သေးတာပဲ။ ဒါ‌ကြောင့် နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ပျက်ပြားနိုင်မှာ မဟုတ်ပါဘူးလို့ ကျမ ယုံကြည်တယ်”ဟု နန်း‌စေးအွာက ‌ပြောဆိုသည်။

ယခုလ ‌အောက်တိုဘာလ ၂ဝရက်‌နေ့က ရန်ကုန်မြို့၌ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ရန်ကုန်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဌ ဦးကိုကိုကလည်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို လာမည့်နှစ် ‌အောက် တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပဖြစ်မည်ဟု ‌ပြောဆိုထားသည်။

‌အောက်တိုဘာ ၁ရက်‌နေ့က သမ္မတဦးသိန်းစိန်၏ လစဉ်မိန့်ခွန်းတွင် လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေး မ‌အောင်မြင်ပါ က ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဖြစ်‌မြောက်ရန် မ‌သေချာ‌ကြောင်း ပထမဦးဆုံးအကြိမ် ထုတ်‌ဖော်‌ပြောဆိုပြီး မကြာမီမှာပင် ရန်ကုန် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဌ ဦးကိုကိုက ‌ရွေး‌ကောက်ပွဲဖြစ်‌မြောက်မည်ဟု ‌ပြောဆိုလာသည့်အ‌ပေါ် PSDP ကလည်း ၎င်းတို့ ပါတီအမြင်ကို ယခုလို ‌ပြောဆိုလာခြင်းဖြစ်သည်။

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောသန်းမြက လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ‌ရေး လက်မှတ်မထိုးနိုင်‌သေးသည့်အတွက် ‌ဒေသခံပြည်သူအချို့ စိုးရိမ်မှုများရှိ‌သော်လည်း နိုင်ငံ‌ရေးမတည်ငြိမ်မှုများသည် အ‌သေးအဖွဲသာဖြစ်ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို နိုင်ငံ‌တော်မှ ကျင်းပ‌ပေးနိုင်လိမ့်မည်ဟု ‌ပြောသည်။

‌စောသန်းမြက “ပြည်နယ်မှာဖြစ်တဲ့ အ‌ခြေအ‌နေ‌တွေ လူထု‌တွေက စိုးရိမ်မှု ရှိပါတယ်။ ဒါ‌ပေမယ့် အကြီးအကျယ်‌တော့ မဟုတ် ဘူး။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို‌တော့ လုပ်ဖြစ်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် စက်တင်ဘာလအတွင်း အစိုးရစစ်တပ်သည် ကရင်ပြည်နယ်ရှိ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA)အပြင် မြန်မာနိုင်ငံ‌မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်း(သျှမ်း)ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းအချို့ နှင့်လည်း တိုက်ပွဲအနည်းငယ် ပြန်လည်ဖြစ်ပွားသည့်အ‌ပေါ် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဖြစ်မဖြစ် နိုင်ငံ‌ရေးပါတီအချို့ စိုးရိမ်‌နေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဖြစ်‌မြောက်‌ရေး၊ မဖြစ်‌မြောက်‌ရေးကိစ္စနှင့်ပတ်သက်၍ PSDP အ‌နေဖြင့် ၎င်းတို့၏ အမြင်သ‌ဘောထားကို ထုတ်‌ဖော်‌ပြောဆိုခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။