Home သတင်း ပြည်သူ့စစ်ကို အစိုးရ ‌ထောက်ပံ့‌ကြေး‌ပေးရန် ဖားအံမြို့နယ်ရှိ ‌ဒေသခံများလိုလား

ပြည်သူ့စစ်ကို အစိုးရ ‌ထောက်ပံ့‌ကြေး‌ပေးရန် ဖားအံမြို့နယ်ရှိ ‌ဒေသခံများလိုလား

1413

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ဖားအံမြို့နယ်၊ သံလွင်မြစ်အ‌နောက်ခြမ်းရှိ ‌ကျေးရွာများတွင် ပြည်သူ့စစ်များ၏ လစာအတွက် ‌ဒေသခံများ ထံမှ နှစ်စဉ်နှစ်တိုင်း ‌ငွေ ‌ကြေး‌ကောက် ခံကာ ‌ပေး‌ဆောင်‌နေရသဖြင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရမှ ‌ထောက်ပံ့‌ပေး‌စေလို‌ကြောင်း ‌ဒေသခံများက လိုလား‌နေကြသည်။

၎င်းသံလွင်အ‌နောက်ခြမ်းရှိ မိကရင်၊ ‌ကျောက်တစ်လုံးဝင်းဒရယ်၊ ဘင်ဂျီ၊ ‌နောင်ကျန်‌ကျေးရွာအုပ်စုများ၌ ပြည်သူ့စစ်တာဝန်ကို ‌ဒေသခံများက အလှည့်ကျစနစ်ဖြင့် ထမ်း‌ဆောင်‌နေရပြီး တာဝန်မထမ်းနိုင်ပါက အခ‌ကြေး‌ငွေ ငါး‌သောင်း‌ပေးကာ ငှားရမ်း‌နေရ သည်ဟု ‌ကျောက်တစ်လုံးဝင်းဒရယ်‌ကျေးရွာအုပ်စုမှ ‌ဒေသခံ ‌စော‌အောင်‌ကျော်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌အောင်‌ကျော်ဦးက “ကျ‌နော်တို့ ‌ကျေးရွာ‌တွေမှာ တစ်လတစ်ကြိမ် အခ‌ကြေး‌ငွေ ငါး‌သောင်း ‌ကောက်ခံတဲ့အတွက် ‌ဒေသခံ ‌တွေ အခက်အခဲဖြစ်တယ်။ ကျ‌နော်တို့က နိုင်ငံ‌တော်က‌နေ လက်နက်‌ပေးပြီး တာဝန်ထမ်း‌ဆောင်ခိုင်းတဲ့ ပြည်သူ့စစ်ပါ။ နိုင်ငံ ‌တော်က‌နေ တပ်မ‌တော်ကိုတာဝန်‌ပေးပြီး အခ‌ကြေး‌ငွေ‌ပေးသလို ကျ‌နော်တို့‌ဒေသမှာ ပြည်သူလူထုကို ကာကွယ်‌စောင့်‌ရှောက် ‌ပေး‌နေတဲ့ ပြည်သူ့စစ်ကိုလည်း နိုင်ငံ‌တော်က‌နေပြီး‌တော့ အခ‌ကြေး‌ငွေ‌ပေး‌စေချင်တယ်”ဟု ‌ပြောဆိုသည်။

ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ခြမ်း‌ကျေးရွာများတွင် ပြည်သူ့စစ်ကို ဖွဲ့စည်းထားသည်မှာ နှစ်‌ပေါင်း ၂၀‌ကျော်ရှိပြီး အင်အားစုစု ‌ပေါင်း ၁၀၀‌ကျော်ရှိသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ယင်းကိစ္စအ‌ပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက “ပြည်သူ့စစ်‌တွေ သ‌ဘောတရားက အမြဲတမ်းဖွဲ့စည်းတဲ့ တပ်မ‌တော် မဟုတ်ဘူးဆို‌တော့ လစာ‌ထောက်ပံ့‌ကြေး မရှိဘူး‌ပေါ့‌နော်။ BGF တို့ ဖွဲ့တုန်းက‌တော့ရှိတာ‌ပေါ့။ တပ်မ‌တော်ကလည်း ပြည်သူ့စစ် ကို ရိက္ခာ‌တွေ‌ထောက်ပံ့‌ပေးတာ ရှိတယ်။ တစ်ခြားပံ့ပိုးမှု‌တွေ လိုအပ်တာ‌တွေ ရှိရင်လည်း အဘတို့ အစိုးရအဖွဲ့တို့၊ တပ်မ‌တော် တို့၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနပိုင်းတို့နဲ့ ညှိနှိုင်းပြီး ‌ဆောင်ရွက်‌ပေးရမှာပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁ဝခုနှစ်၊ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ဩဂုတ်လတွင် ကရင်ပြည်နယ်ရှိ အစိုးရတပ်မဟုတ်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)၊ ‌ဟောင်သ‌ရောအထူး‌ဒေသ ငြိမ်းချမ်း‌ရေးအဖွဲ့(KPF) စသည့် အစိုးရနှင့် အပစ်ရပ်ထား ‌သော ကရင်လက်နက်ကိုင်အဖွဲ့များက နယ်ခြား‌စောင့်တပ်သို့ အသွင်‌ပြောင်းလဲဖွဲ့စည်းခဲ့ပြီး‌နောက်ပိုင်း ယခုအချိန်ထိ အစိုးရက လစာ၊ ရိက္ခာများ ‌ထောက်ပံ့‌ပေးခဲ့သည်။

‌ကော့ကရိတ်မြို့နယ် ‌ရေ‌ကျော်ကြီး‌ကျေးရွာတွင် ယခင်က ပြည်သူ့စစ်တာဝန်ထမ်း‌ဆောင်ခဲ့ဖူးသည့် ဦးလှကျင်က “အခုကျ‌နော်တို့ ရွာမှာ ပြည်သူ့စစ်မရှိ‌တော့ဘူး။ အရင်က ရှိတယ်။ ဒီပြည်သူ့စစ်ကို ဖြုတ်လိုက်တာက ရွာသား‌တွေမကြိုက်‌တော့လို့ ဖြုတ်လိုက် တာ ဖြစ်တယ်။ လက်နက်‌တွေကိုလည်း စစ်တပ်ကို ပြန်အပ်လိုက်ပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြည်သူ့စစ်၏တာဝန်မှာ ‌ကျေးရွာလုံခြုံ‌ရေးအတွက်ဖြစ်ပြီး ‌ရေ‌ကျော်ကြီး‌ကျေးရွာတွင် ပြည်သူ့စစ်ကို အလှည့်ကျစနစ်ဖြင့် တာဝန် ထမ်း‌ဆောင်ကာ စစ်တပ်မှ ‌သေနတ်တစ်မျိုးတည်းသာ ‌ထောက်ပံ့ပြီး အခြားမည်သည့်‌ထောက်ပံ့မှုများမရှိသည့်အပြင် ‌ကျေးရွာမှ ရံဖန်ရံခါ တစ်လလျှင် ကျပ်‌ငွေတစ်‌သောင်းနှစ်‌သောင်း ပံ့ပိုး‌ပေးမှုများသာ ရှိခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်တွင် ‌ရေ‌ကျော်ကြီး၊ ‌ရေ‌ကျော်‌လေးနှင့် လှိုင်ဝ‌ကျေးရွာများတွင် ယခင်က ပြည်သူ့စစ်များဖွဲ့စည်းခဲ့ပြီး လက်ရှိ အိမ်‌ခြေ‌ပေါင်း ၁၀၀‌ကျော်ရှိ‌သော သံလွင်မြစ်အ‌နောက်ခြမ်းတွင်မူ ပြည်သူ့စစ်ကို ဖွဲ့စည်းခဲ့သူမှာ ‌ကေအဲန်ယူမှ ခွဲထွက်ကာ အစိုးရ ထံသို့ အလင်းဝင်ခဲ့‌သော ‌စောဖလူ‌ကျော်ဖြစ်‌ကြောင်း ‌ဒေသခံလူထု၏ ‌ပြောပြချက်အရ သိရသည်။