Home သတင်း ‌ချောင်း‌မြောင်းပစ်ခတ်ခံရ၍ နယ်ခြား‌စောင့်တပ်ဗိုလ်တစ်ဦးဒဏ်ရာရ၊ တပ်သားတစ်ဦး‌သေဆုံး

‌ချောင်း‌မြောင်းပစ်ခတ်ခံရ၍ နယ်ခြား‌စောင့်တပ်ဗိုလ်တစ်ဦးဒဏ်ရာရ၊ တပ်သားတစ်ဦး‌သေဆုံး

1993

‌အောက်တိုဘာ ၂၁ရက်၊၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမ‌မောင်းမြို့နယ်ခွဲအတွင်း ‌အောက်တိုဘာလ ၁၉ရက်‌နေ့က နယ်ခြား‌စောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်းလာ‌သော ကားတစ်စီးသည် မဲသနခီးရွာနှင့် ‌ပေပင်ဆိပ်‌ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ်ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာရရှိပြီး တပ်သား ၁ဦး ‌သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းအမည်မသိ လက်နက်ကိုင်အဖွဲ့သည် BGF (၁၀၁၄)တပ်ရင်းမှ ဗိုလ်ကြီးတင်ဝင်း စီးနင်းလာ‌သောကားကို ‌စောင့်ကြိုကာ ‌ချောင်း‌မြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့တပ်သားတစ်ဦးဖြစ်သူ ‌စောချစ်‌ဆွေ (ခ) သန်းထွန်းလင်း၏ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး ‌သေဆုံးခဲ့ကာ ဗိုလ်ကြီး‌စောတင်ဝင်းမှာ ညာဘက်လက်‌မောင်းကို ‌သေနတ်ကျည်ဆံ ရှပ်ထိသွားခဲ့သည်ဟု နယ်ခြား‌စောင့်တပ် ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖြစ်စဉ်က ‌အောက်တိုဘာလ ၁၉ရက် ‌နေ့လည် ၂နာရီခွဲအချိန်မှာ မဲသနခီးရွာအပြန်မှာ ဗိုလ်ကြီးတင်ဝင်း စီးလာတဲ့ကားကို လမ်း ‌ဘေးက‌နေ ‌ချောင်းပစ်ခံရတာပါ။ အဲဒီမှာ ‌သေနတ်နဲ့ အချက်‌ပေါင်းများစွာ အပစ်ခံရပြီး ကိုယ်တို့ဆီက တပ်သားတစ်‌ယောက် ကျ သွားတယ်။ ဗိုလ်ကြီးတင်ဝင်းလည်း ညာဘက်လက်‌မောင်း‌သေနတ် ရှပ်ထိသွားတယ်”ဟု ဗိုလ်မှူးနိုင်‌မောင်‌ဇော်က အတည်ပြု ‌ပြောဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်‌ဆေးမှုများ စတင်ပြုလုပ်‌နေပြီး အ‌သေးစိတ် ဆက်လက် စုံစမ်းသွားမည်ဖြစ်သလို အကယ်၍ ‌ဖော် ထုတ်နိုင်ပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ‌ခေါင်း‌ဆောင်များအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ‌ဆွေး‌နွေး‌ဖြေရှင်းသွား မည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

‌အောက်တိုဘာလ ၅ရက်‌နေ့၌လည်း ဖားအံမြို့နယ်ရှိ လှာက‌ဒေါင်‌ကျေးရွာအုပ်စု လှိုင်းပုံရွာတွင် အသက် ၃ဝခန့်အရွယ် လူငယ် တစ်ဦး ‌သေနတ်ဒဏ်ရာဖြင့် ‌သေဆုံး‌နေသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့‌သော်လည်း မည်သူပစ်သတ်သွားခဲ့သည်ကိုမူ မသိရှိခဲ့ရ‌ပေ။