Home သတင်း ‌ကော့ကရိတ်-မြဝတီကားလမ်းတွင် လက်နက်ကြီးကျ‌ရောက်‌ပေါက်ကွဲ၍ ခရီးသည် ၄ဦး‌သေ၊ ၉ဦး ဒဏ်ရာရ

‌ကော့ကရိတ်-မြဝတီကားလမ်းတွင် လက်နက်ကြီးကျ‌ရောက်‌ပေါက်ကွဲ၍ ခရီးသည် ၄ဦး‌သေ၊ ၉ဦး ဒဏ်ရာရ

1510

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အတွင်းရှိ ‌ကော့ကရိတ်-မြဝတီကားလမ်း အလယ်ဘိုတဲ၌ ယ‌နေ့ ‌နေ့လည် ၁၁နာရီ‌ကျော်တွင် လက်နက်ကြီး တစ်လုံး ကျ‌ရောက်‌ပေါက်ကွဲမှု‌ကြောင့် ခရီးသည် ၄ဦး‌သေဆုံးပြီး ၉ဦး ဒဏ်ရာရှိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ထို‌ပေါက်ကွဲမှုနှင့်ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ်ရှိ အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးက “မြဝတီ ‌တောင်‌ပေါ်ကားလမ်းမှာ လက်နက်ကြီးကျတယ်။ ဆိုင်မှာ ထမင်းစားပြီး ထွက်လာတဲ့ ခရီးသည်‌တွေကို ထိတယ်။ ဆိုင်ပိုင်ရှင် အမျိုးသားနဲ့ က‌လေး ၂‌ယောက်လည်း ထိတယ်။ လက်နက်ကြီးကျတဲ့‌နေရာမှာပဲ အမျိုးသား ၃ဦး ပွဲချင်းပြီး ‌သေဆုံးသွားတယ်။ တစ်ဦးက‌တော့ ‌ကော့ကရိတ်‌ဆေးရုံမှာ ‌သေဆုံးသွားတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

‌သေဆုံးသွားသူများမှာ ရန်ကုန် ‌တောင်ဥက္ကလာပမြို့နယ်မှ ကိုမြင့်သိန်း၊ ‌ကော့ကရိတ်မြို့နယ် တံတားဦးမှ ကို‌အေးသိန်း၊ ဖားအံ မြို့နယ်မှ ၁၁နှစ်အရွယ် ‌စောဒါးဖိုးနှင့် ကျန်အမည်မသိ‌သေးသူ အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ က‌လေး အပါ အဝင် အမျိုးသားနှင့် အမျိုးသမီး ၉ဦးတို့ဖြစ်‌ကြောင်း သိရသည်။
10405264_553681194762877_2548280869537790665_n
ကျ‌ရောက်‌ပေါက်ကွဲသွားသည့် လက်နက်ကြီးမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သည်ကို မသိရှိရ‌သေးဘဲ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသွားသူများမှာ ‌ကော့ကရိတ်၊ ဖားအံမြို့နယ်နှင့် ရန်ကုန်တိုင်းများမှ ခရီးသည်များဖြစ်‌ကြောင်း၊ ၎င်း တို့ကို ‌ကော့ကရိတ်‌ဆေးရုံသို့ ပို့‌ဆောင်ကုသထား‌ကြောင်း အဆိုပါရဲအရာရှိက ဆက်‌ပြောသည်။

ထို့အပြင် ‌ကော့ကရိတ်‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရသည့် လူနာများကို ‌ကော့ကရိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ‌သွေးအကူအညီ‌ပေး‌ရေးအဖွဲ့၊ ဂရုဏာ‌ဖောင်‌ဒေးရှင်းအဖွဲ့၊ ရပ်ကွက်နာ‌ရေးအသင်းမှ တာဝန်ရှိသူများက သွား‌ရောက် ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့ခံ ဦး‌အောင်တိုးက “အခုလိုမျိုး လက်နက်ကြီးကျတာ ကျ‌နော်တို့‌ဒေသခံအ‌နေနဲ့က‌တော့ စိတ်မချမ်းသာဘူး။ သူတို့ဟာသူတို့ ပစ်ကြမယ်ဆိုရင် ပြည်သူလူထု‌တွေနဲ့ ‌ဝေးတဲ့‌နေရာကို သွားပစ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်‌နေ့ကလည်း ကရင်ပြည်နယ် ‌ကော့ကရိတ်မှ ဖားအံမြို့သို့ ‌ပြေးဆွဲ‌သော ပြည့်အားမာန် ခရီး သည်တင်ယာဉ်တစ်စီးကို ဖားအံ-‌ကော့ကရိတ်ကားလမ်း‌ပေါ်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်စု၏ ပစ်ခတ်မှု‌ကြောင့် ကား‌ပေါ်မှ ခရီးသည်တစ်ဦး ဒဏ်ရာရရှိသွားခဲ့‌သေးသည်။