Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1810

စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီ မီဒီယာ‌လောက ‌ပေါ်ထွန်း‌စေလို

‌အောက်တိုဘာလ ၂၃ရက်ညတွင် မိတ်‌ဆွေသတင်း‌ထောက်တစ်ဦးက အလွတ်တန်းသတင်း‌ထောက် ကိုပါကြီး ဆုံးသွားပြီဟူ ‌သောသတင်းစကား‌ကြောင့် ထိုဖြစ်ရပ်အတွက် အ‌ခြေခံအရင်းအမြစ်ကို သိလိုစိတ်ပြင်းပြလာသလို ထိုကိစ္စကို လူအများက လည်း သိချင်စိတ်ရှိမည်ဟုလည်း ယုံကြည်လိုက်မိသည်။ ကိုပါကြီး ‌ခေါ် ကို‌အောင်‌ကျော်နိုင်သည် အလွတ်သတင်း‌ထောက်ဖြစ် ‌ကြောင်း သက်‌သေခံ‌ပြောဆိုသူ များစွာရှိသကဲ့သို့ မြန်မာအစိုးရ၏ တပ်မ‌တော်က ထုတ်ပြန်ချက်အရ ကိုပါကြီးမှာ KKO အဖွဲ့၏ ဗိုလ်ကြီးအဆင့်ရှိသူမှာ မဟုတ်မှန်‌ကြောင်းကိုလည်း သက်ဆိုင်ရာ KKO အပါအဝင် ဆက်စပ်သည့် DKBA အဖွဲ့ဝင်များကလည်း ‌ပြောဆိုထားပြီးဖြစ်သည်။

ထို့အပြင် ‌အောက်တိုဘာ ၁၆ရက်‌နေ့က Bi မွန်းတည့်‌နေဂျာနယ် ထုတ်‌ဝေသူနှင့် အယ်ဒီတာအဖွဲ့ဝင် ငါးဦးကို အစိုးရအကြည်ညို ပျက်‌စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားခဲ့ပြီး ပြစ်မှုထင်ရှားသည်ဟုဆိုကာ ‌ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရသည်။ စက်တင်ဘာ ၂၉ရက်က ဟားခါးမြို့အ‌ခြေစိုက် ဟားခါးပို့စ်နှင့် ‌အောက်တိုဘာ ၁၅ရက်တွင် ဖလမ်းအ‌ခြေစိုက် ဖလမ်းပို့စ်ကို မှတ်ပုံမတင်ထား၍ ချင်းပြည်နယ်အစိုးရက ထုတ်‌ဝေခွင့် ပိတ်ပင်ခဲ့သည်။ ၎င်း‌နောက် ‌အောက်တိုဘာ ၁၇ရက်တွင် ပြန်ကြား‌ရေးဝန်ကြီးဌာနမှ ပုံနှိပ် ခြင်းနှင့် ထုတ်‌ဝေခြင်း နည်းဥပ‌ဒေ ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီး‌နောက် ရက်ပိုင်းအတွင်း ချင်းပြည်နယ်အ‌ခြေစိုက် သတင်းစာ‌စောင် နှစ်ခုကိုလည်း အလားတူ အ‌ကြောင်းပြချက်ဖြင့် ဆက်လက် မထုတ်‌ဝေရန် ညွှန်ကြားခဲ့သည်မှာ တိုင်းရင်းသားပြည်သူလူထုကို သတင်းအ‌မှောင်ချလိုက်သည့် ရုတ်ချည်းလုပ်ရပ် ဖြစ်‌နေ‌ပေသည်။

၂၀၁ဝ ပါတီစုံ‌ရွေး‌ကောက်ပွဲပြီး‌နောက် စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီနိုင်ငံ‌တော်ဆီသို့ ချီတက်ရာတွင် ‌ကောင်းမွန်‌သော၊ သန့် ရှင်း‌သော အစိုးရတစ်ရပ်အဖြစ် ရပ်တည်လိုသည်ဟု ဦးသိန်းစိန် အစိုးရက ‌ပြောဆို‌နေခဲ့‌သော်လည်း ကိုပါကြီး၏ဖြစ်ရပ်မှာ အသက်‌ပေး ‌ရေတိမ်နှစ်ခံ၍ အ‌ခြေအ‌နေမှန်ကို ‌ပေါ်လွင်ထင်ရှားသွား‌စေခဲ့သည်။ နိုင်ငံတစ်ခုတွင် အ‌ရေးပါသည့် စတုတ္ထမဏ္ဍိုင် ‌အောက်မှ မီဒီယာသမားများကို ဥပ‌ဒေမဲ့၊ တရားမျှတမှု ကင်းမဲ့စွာ လက်လွတ်စပယ် လုပ်‌ဆောင်လိုက်ခြင်းပင်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ မဟုတ်သည့် အပြန်လမ်းတွင် တိတ်တဆိတ် အဖမ်းခံရခြင်း၊ မိသားစု၏ စုံစမ်းမှုကို ပွင့်လင်းမြင်သာစွာ မ‌ပြော ဆိုခြင်း၊ အချိန်လွန်မှ ထုတ်ပြန်သည့် စစ်တပ်၏‌ကြေညာချက်တွင် ယုတ္တိမရှိသည့် အ‌ကြောင်းပြချက်များကို ‌ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံတွင် သတင်းစာနယ်ဇင်းသမားများအတွက် လွတ်လပ်စွာ သတင်းရယူခွင့်မရှိခြင်းနှင့် ဘဝအာမခံချက် လုံခြုံမှုမရှိခြင်း ကို ထင်ဟပ်‌စေကာ မီး‌မောင်းထိုးပြလိုက်ခြင်းသာ ဖြစ်‌ပေသည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ‌ဒေသများတွင် အစိုးရလက် ‌အောက်ခံ လက်နက်ကိုင်အဖွဲ့များက သတင်းသမားများကို ကာကွယ်ရမည့်အစား အန္တရာယ်‌ပေး‌နေခြင်းမှာ လုပ်ငန်းခွင်တွင်းရှိ အနယ်နယ် အရပ်ရပ်မှ သတင်း‌ထောက်များအတွက် ခြိမ်း‌ခြောက်မှုတစ်ခုဖြစ်‌နေ‌ပေသည်။

သမ္မတဦးသိန်းစိန်နှင့် တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့အ‌နေဖြင့် မြန်မာနိုင်ငံမှာ လက်ရှိ အာဆီယံဥက္ကဌတာဝန်ကို ယူထားသည်ကိုလည်း‌ကောင်း၊ နိုင်ငံငြိမ်းချမ်း‌ရေးအတွက် အ‌ကောင်အထည်‌ဖော်‌နေဆဲဖြစ်သည်ကို လည်း‌ကောင်း ငဲ့ညှာ‌သောအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ သတင်းမီဒီယာသမားများ မီဒီယာကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ ဆက် လက် သတင်းရယူ‌ရေးသား‌ဖော်ထုတ်နိုင်‌ရေးနှင့် မည်သည့်ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများမဆို ဥပ‌ဒေ၏အထက်မှ ပြုမူလုပ်‌ဆောင် မ‌နေ‌စေ‌ရေးအတွက် တရားမျှတမှု ကင်းမဲ့သည့်လုပ်ရပ် ကျူးလွန်သူများကို လူသိရှင်ကြား လက်‌တွေ့ အ‌ရေးယူခြင်းကို အမြန် ‌ဆောင်ရွက်သင့်ပါ‌ကြောင်း တိုက်တွန်းလိုက်ရ‌ပေသည်။