Home သတင်း အသတ်ခံရသည့် ‌ကေအဲန်ယူတပ်သား အ‌လောင်းပြန်‌တွေ့

အသတ်ခံရသည့် ‌ကေအဲန်ယူတပ်သား အ‌လောင်းပြန်‌တွေ့

2265

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အမှတ်(၁၀၂၂)တပ်ရင်းမှ ‌ခေါ်ယူစစ်‌ဆေးခဲ့‌သော ကရင်အမျိုးသားအစည်းအရုံး -‌ကေအဲန်ယူ တပ်မဟာ(၆) KNU/KNLA ဌာနချုပ်အထူးစစ်‌ကြောင်းမှ တပ်သား ‌စောတာနို၏အ‌လောင်းကို ယ‌နေ့‌နေ့လည် ၁၁နာရီခန့်က ‌သောင်ရင်းမြစ် သံတံတားအနီးတွင် ပြန်လည်‌တွေ့ရှိ‌ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ရက်‌နေ့က အသက် ၂၃နှစ်ရှိ အဆိုပါ တပ်သား‌စောတာနိုမှာ မြဝတီမြို့သို့ အလည်သွားရာမှ ည ၇နာရီအချိန် ခန့်တွင် မြဝတီမြို့နှင့် ‌မေတ္တာလင်းမြိုင်‌ကျေးရွာအကြား BGF အမှတ်(၁၀၂၂)ရှိရာ မင်းခန့်ဂိတ်တွင် အခြားအရပ်သားနှစ်ဦးနှင့်အ တူ ဖမ်းဆီးစစ်‌ဆေးခံရပြီး‌နောက် ‌ပျောက်ဆုံးသွားခဲ့သည်။

KNU တပ်မဟာ(၆) KNU/KNLA ဌာနချုပ်အထူးစစ်‌ကြောင်းမှူး ဗိုလ်ကြီးလမင်းက “ကျ‌နော်တို့ရဲ‌ဘော်တစ်‌ယောက် ‌ပျောက်သွား လို့ သက်ဆိုင်ရာ BGF တပ်က လူ‌တွေနဲ့ ‌တွေ့ဆုံ‌မေးမြန်းမှု‌တွေလုပ်ပြီးပြီ။ သူတို့‌ပြောတာက‌တော့ ပြန်လွှတ်‌ပေးလိုက်တယ်ပဲ ‌ပြောတယ်။ ဒါ‌ပေမယ့် အခုအ‌လောင်းက အသတ်ခံရတဲ့ အ‌နေအထားနဲ့ ပြန်‌တွေ့တယ်။ တရားဥပ‌ဒေအတိုင်း အမှန်အကန် ဖြစ် ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေဆုံးသွားသူ ‌စောတာနိုကို အဆိုပါဂိတ်တွင် တာဝန်ကျ‌နေ‌သော BGF တပ်သား(၅)‌ယောက်က လက်ထိပ်ခတ်ကာ တစ်ဦး တည်းကို ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ညတွင်းချင်းပင် ပြန်လည်လွတ်‌မြောက်လာသည့် အရပ်သားနှစ်ဦး၏ ပြန်လည်‌ပြောပြ ချက်အရ သိရှိရ‌ကြောင်း ဗိုလ်ကြီးလမင်းက ‌ပြောသည်။

အ‌လောင်းကို ပြန်လည်‌တွေ့ရှိပြီး‌နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များ၊ စရဖ စသည့်တာဝန်ရှိသူများက KNLA တပ်မဟာ(၆) အထူးတပ်ရင်းမှ တာဝန်ရှိသူများကို ‌ခေါ်ယူပြီးမှသာ ‌သေဆုံးသူမှာ ‌ပျောက်ဆုံးသွားသည့် ‌စောတာနို ဖြစ်‌ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

“‌သေဆုံးသူက ရုပ်ပျက်သွား‌တော့ သူ့တပ်ရင်းကလူ‌တွေ‌ခေါ်ပြီး အတည်ပြု‌ပေးရတယ်။ ‌သေဆုံးသွားသူက လက်ထိပ်ခတ် ခံထား ရတယ်။ လည်ပင်းလှီးခံထားရတယ်။ ရဲ‌တွေ၊ ဆရာဝန်‌တွေ အတည်ပြုတာက ‌သေနတ်ဒဏ်ရာ ၂ချက်‌တွေ့တယ်”ဟု ‌ကေအဲန်ယူ မြဝတီဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းထား‌သော နယ်ခြား‌စောင့်တပ် BGF တွင် တာဝန်ထမ်း‌ဆောင်‌နေသူများမှာ ကရင်တိုင်းရင်းသား အများဆုံးဖြစ်ပြီး ယခုလက်ရှိ ဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်၍ BGF အမှတ်(၁၀၂၂) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး‌စောမုတ်သုန်ကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း၍ မရခဲ့‌ပေ။

ယခု ဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီ ဥက္ကဌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက” ဒီကိစ္စက‌တော့ ကရင်အဖွဲ့‌တွေ အချင်းချင်းဖြစ်တာ မဟုတ်ဘဲနဲ့ ‌အောက်‌ခြေမှာ ဖြစ်‌နေတာဖြစ်တဲ့အ တွက် တစ်ဖက်နဲ့တစ်ဖက် ထိန်းသိမ်းပြီး‌တော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်‌အောင် ‌ဖြေရှင်းသွားရမှာပဲဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခုနှစ် မတ်လ ၁၇ရက်‌နေ့ကလည်း KNLA တပ်မဟာ(၆)ဌာနချုပ် အထူးစစ်‌ကြောင်းမှ တပ်သားမုတ်ကြီးကို BGF တပ်ရင်း အမှတ်(၁၀၂၂)ကပင် အ‌ကြောင်းကြားခြင်းမရှိပဲ ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး သတ်ဖြတ်ခဲ့‌ကြောင်းလည်း သိရသည်။