Home သတင်း အစိုးရစစ်တပ် ပစ်ခတ်ခြင်းခံရ၍ KNDO တပ်သား ၁ဦး‌သေ၊ ၁ဦး ဒဏ်ရာရ

အစိုးရစစ်တပ် ပစ်ခတ်ခြင်းခံရ၍ KNDO တပ်သား ၁ဦး‌သေ၊ ၁ဦး ဒဏ်ရာရ

2547

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၀)၏ ‌ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသား ကာကွယ်‌ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦး‌သေဆုံးကာ ၁ဦး ဒဏ်ရာရရှိ‌ကြောင်း သိရသည်။

အစိုးရစစ်တပ်သည် ကြိုတင်အ‌ကြောင်းကြားခြင်းမရှိဘဲ သွားလာလှုပ်ရှားသဖြင့် စက်တင်ဘာ ၂၇ရက်‌နေ့က ‌ကျောက်ကြီးမြို့ နယ်၊ မူသယ်‌ကျေးရွာအနီးရှိ ‌ကေအဲန်ယူ တပ်မဟာ(၃)နယ်‌မြေ၏ KNDO ‌ရှေ့တန်း တပ်ခွဲစခန်း(ပလယ်‌ကော်ပ‌လောစခန်း)‌နေ ရာတွင် KNDO တပ်သား ၅ဦးပါအဖွဲ့ကို ပစ်ခတ်ကာ တစ်ဦး‌သေဆုံးပြီး တစ်ဦးမှာ ‌ခြေ‌ထောက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု KNU ‌ကျောက်ကြီးဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စော‌မောင်‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရန်သူ(အစိုးရစစ်တပ်)က ‌တောင်ယာခင်းတစ်ခုမှာ သွားပြီး အပြန်မှာ ကျ‌နော်တို့ ရဲ‌ဘော်‌တွေကို ပစ်တာ ဖြစ်ပါတယ်။ သူတို့က ပဲ အရင်ပစ်ပါတယ်။ အဲမှာ ကျ‌နော်တို့ဘက်က တစ်‌ယောက်‌သေ၊ တစ်‌ယောက် ဒဏ်ရာရသွားတယ်။ ‌သေသွားတဲ့ ရဲ‌ဘော်ရဲ့ အ‌လောင်းကို‌တော့ ပြန်သွားယူပြီး သၤဂြိုလ်လိုက်ပါပြီ”ဟု ‌စော‌မောင်‌အေးက ‌ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုအပြီးတွင် အစိုးရစစ်တပ်သည် KNDO ထံမှ အမ်-၁၆ တစ်လက် သိမ်းယူရရှိခဲ့‌ကြောင်း၊ ပစ်ခတ်မှုအ‌ပေါ် သက် ဆိုင်ရာ အစိုးရဗျူဟာအား ဖုန်းဖြင့် ဆက်သွယ်ခဲ့‌သော်လည်း ဖုန်းပိတ်ထား‌ကြောင်း၊ ဖြစ်စဉ်အားလုံးကို ‌ကေအဲန်ယူ ဗဟိုသို့ အ‌ကြောင်းကြားထား‌ကြောင်းနှင့် အထက်‌ခေါင်း‌ဆောင်များအ‌နေဖြင့် ညှိနှိုင်းမှုများပြုလုပ်ပြီး ‌ပြေလည်ရန် ‌မျှော်လင့်‌ကြောင်း လည်း ‌စော‌မောင်‌အေးက ဆက်‌ပြောသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားသည့်‌နေရာသည် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT)၏ ဟဲဒဲနယ်‌မြေ ဖြစ်ပြီး လက်ရှိ ထိခိုက်ဒဏ်ရာရသူ KNDO တပ်သားအား ‌ကေအဲန်ယူ တပ်မဟာ(၃) ဌာနချုပ်သို့ စက်တင်ဘာ ၂၈ရက်‌နေ့ ည‌နေက ပို့‌ဆောင်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ နယ်‌မြေခံ ‌ဆေးတပ်သားတစ်ဦးက “အစိုးရဘက်က စစ်‌ကြောင်းပုံစံ ဝင်လာတာကို စခန်းနား‌ရောက်မှ သိရတယ်။ အဲဒီမှာ ပစ်ခတ်ခံရတာပါ။ လတ်တ‌လော ဒဏ်ရာရတဲ့တစ်‌ယောက်ကို KNU တပ်မဟာ ၃ဌာနချုပ်ကို ပို့ထားပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဒေသရှိ အစိုးရစစ်တပ်သည် KNU သတ်မှတ်နယ်‌မြေအတွင်း ‌ကျော်လွန်ပြီး မကြာခဏ သွားလာလှုပ်ရှားမှုများ ပြုလုပ်လာ သည်နှင့်အမျှ ယခုလို ပစ်ခတ်မှု ဖြစ်ပွားသည်အထိ ဖြစ်လာရခြင်းဖြစ်သည်ဟု KNU ‌ကျောက်ကြီးဆက်ဆံ‌ရေးရုံးက ဆိုသည်။

စက်တင်ဘာလ ၁၆ရက်‌နေ့ကလည်း KNU တပ်မဟာ(၆) ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်သားတစ် ဦးဖြစ်သူ ‌စောတာနိုကို မြဝတီမြို့နှင့် ‌မေတ္တာလင်းမြိုင်အကြား နယ်ခြား‌စောင့်တပ် BGF အမှတ်(၁၀၂၂)တည်ရှိရာ မင်းခန့်ဂိတ်၌ ဖမ်းဆီး‌ခေါ်ယူစစ်‌ဆေးခံခဲ့ရပြီး စက်တင်ဘာ ၂၂ရက်‌နေ့တွင် အ‌လောင်းသာ ပြန်‌တွေ့ခဲ့‌ကြောင်း သိရသည်။