Home သတင်း ပစ်ခတ်ခံရ၍ ‌ကော့ကရိတ်-ဖားအံ ပြည့်အားမာန်လိုင်းကားမှ ခရီးသည်တစ်ဦးဒဏ်ရာရ

ပစ်ခတ်ခံရ၍ ‌ကော့ကရိတ်-ဖားအံ ပြည့်အားမာန်လိုင်းကားမှ ခရီးသည်တစ်ဦးဒဏ်ရာရ

1499

စက်တင်ဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ် ‌ကော့ကရိတ်မှ ဖားအံမြို့သို့ ‌ပြေးဆွဲ‌သော ပြည့်အားမာန်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည် စက်တင် ဘာ ၂၉ရက်‌နေ့၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်စု၏ ပစ်ခတ်မှု‌ကြောင့် ခရီးသည်တစ်ဦး ဒဏ် ရာရရှိသွားခဲ့‌ကြောင်း သိရသည်။

“ကျ‌နော်ကား ပစ်ခံရတာက‌တော့ သာမညအလွန် တပ်မ(၂၂) ရာဘာခြံနားမှာ အပစ်ခံရတယ်။ လက်နက်ကြီး‌တော့ မဟုတ်ဘူး။ ခြံဝင်းက‌နေပြီး‌တော့ ပစ်တာပဲ၊။ ပစ်တဲ့လူကို မ‌တွေ့ရဘူး။ ပစ်တာပဲ‌တွေ့ရတယ်”ဟု ယာဉ်‌မောင်းဦး‌အေးသွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်-ဖားအံသို့ ဒရိုင်ဘာ ဦး‌အေးသွင် ‌မောင်းနှင်လာ‌သော 3G 6513 နံပါတ်ပါ ကားမှာ နံနက်ပိုင်းတွင် ‌ကော့ကရိတ်မှ ဖားအံသို့ ဆင်းလာပြီး ‌နေ့လည်ပိုင်းတွင် ဖားအံမှ ခရီးသည် ၁ဝဦးဖြင့် ပြန်ထွက်လာရာ သာမညအလွန်၌ ပစ်ခံရခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ရာရသူခရီးသည်မှာ ‌ကော့ကရိတ်အနီးရှိ ‌ရေ‌ကျော်ကြီးရွာတွင် ‌နေထိုင်သူဖြစ်ပြီး ပစ်ခတ်ခံရပြီး‌နောက် ‌ရော်ဘာခြံမှ အနည်းငယ် ‌ကျော်လွန်လာသည့်အချိန်တွင် ကားငှားကာ ကျုံဒိုးတိုက်နယ်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ပြီး‌နောက် ထိုမှတဆင့် ‌ကော့က ရိတ်ပြည်သူ့‌ဆေးရုံသို့ ဆက်လက် ပို့‌ဆောင်ခဲ့သည်ဟု သိရသည်။