Home ဆောင်းပါး ပြိုးပြက်ဝင်းလက်‌နေ‌သော မှန်ကူကွက်များ (သို့) နှလုံးရည်‌တော်လှန်‌ရေးသမား ‌နော်အုန်းလှ

ပြိုးပြက်ဝင်းလက်‌နေ‌သော မှန်ကူကွက်များ (သို့) နှလုံးရည်‌တော်လှန်‌ရေးသမား ‌နော်အုန်းလှ

2159

(လူအယ်ရှာ)

“နိုင်ငံ‌ရေးတွင် ထာဝရရန်သူ မရှိ၊ ထာဝရမိတ်‌ဆွေ မရှိ၊ ထာဝရ အကျိုးစီးပွားသာလျှင် ရှိသည်”တဲ့။

သူမကို လုပ်‌ဖေါ်ကိုင်ဖက်များက မ‌နော်ဟု ‌ခေါ်ကြသည်။ သူမကို ‌လေးစား‌သော လူငယ်များက‌တော့ အန်တီ‌နော်ဟု ‌ခေါ်ကြ သည်။ ကြည်တည်‌သော မျက်လုံး၊ မျက်နှာဝိုင်းဝိုင်း၊ ဝဝပုပု ကိုယ်လုံးကိုယ်ထည် သာမန်လူသားတစ်ဦးကဲ့သို့ပင် ရိုးရိုးသားသား ‌နေထိုင်ကျင့်ကြံသူ ဖြစ်သည်။ မိမိယုံကြည်မှုကို‌တော့ ခိုင်မာပြတ်သားစွာ ရပ်ဝံ့သည်။ မျက်နှာ‌သွေးသပ် အထက်ကို ‌ဖေါ်လံဖား မလုပ်တတ်။ စိတ်ဓါတ် ခိုင်ကြည်သည်။ တစ်မျိုးသားလုံး ယုံကြည်‌လေးစား‌သော လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပင်လျှင် သူမနှင့် အယူအဆမတူပါက ပြန်‌ပြော‌မေးခွန်းထုတ်တတ်သူဖြစ်‌ကြောင်းလည်း ကြားရသည်။ Critical Thinker ဟု ‌ခေါ် ရ‌ပေမလား၊ ဒီမိုက‌ရေစီ နိုင်ငံ‌ရေးဟူကား အဖွဲ့အစည်းတစ်ခု (သို့) တစုံတ‌ယောက်‌သော သူတိုင်းတွင် လွတ်လပ်စွာ ‌တွေး‌ခေါ်ခွင့်၊ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိသည် မဟုတ်လား။ ငါနှင့်မတူ ငါ့ရန်သူဟူ‌သော ‌ခေတ်ဆိုး၏‌ရေစီး‌ကြောင်းထဲတွင် ကျွန်ုပ်တို့အားလုံး စီး‌မျှောလိုက်ပါလာခဲ့ကြသည်မှာ ကြာရှည်လှဘိ။

သူမကို စ‌တွေ့မိသည့် ‌နေ့ရက် အတိအကျကို‌တော့ မမှတ်မိ။ အ‌ပေါင်းအသင်းမိတ်‌ဆွေများ၏ ‌ကျေးဇူး‌ကြောင့်ဆိုလျှင် မမှား‌ပေ။ အဲ့သည်ကာလတုန်းက မြန်မာ့နိုင်ငံ‌ရေး ဆိုင်ကလုံးမုန်တိုင်း အနည်းငယ် အား‌လျော့စပြုသည် ထင်၏။ အနယ်နယ်အရပ်ရပ်ရှိ တက်ကြွလှုပ်ရှားသူများ၊ ‌ခေါင်း‌ဆောင်များကို နှစ်တို၊ နှစ်ရှည် ဘဝတက္ကသိုလ် အသီးသီးသို့ ‌ရောက်ရှိသွားရကာ နှစ်တိုသမားအ ချို့ ပြန်လွတ်လာကြ‌သော်လည်း နှစ်ရှည်သမားများ ‌ထောင်နန်းဆက်စံကြချိန်ဖြစ်သည်။ သူမကား ထိုပြန်လွတ်လာသူထဲတွင် တစ်ဦးအပါအဝင် ဖြစ်မည်။ အနယ်နယ် အရပ်ရပ်ရှိ NLD ဆိုင်းပုဒ်များ ဖြုတ်သိမ်းခြင်း၊ ရုံးများချိတ်ပိတ်ထားကြ‌သော်လည်း ရန် ကုန်၊ ‌ရွှေဂုံတိုင်ရှိ ပုပျပျ အဖွဲ့ချုပ်ရုံးက‌တော့ ရုံးဝန်ထမ်းနှင့် လူအနည်းစုက သက်ဝင်လှုပ်ရှား‌နေလျှက်ရှိသည်။ ၎င်း၏ မျက်နှာ ချင်းဆိုင် လမ်းတဖက်မှာ ‌ထောက်လှမ်း‌ရေးအဖွဲ့အင်အားက ပိုများ‌နေပြီး ကင်မရာ၊ လက်ကိုင်ဖုန်းများဖြင့် ‌နေ့စဉ်‌နေ့တိုင်း ‌စောင့် ကြည့်‌နေကြသည်။

အဲ့သည်မှာပင် သူမကို NLD ရုံး၏ အမျိုးသမီး‌ရေးရာစားပွဲတန်းတွင် စ‌တွေ့မိသည်။ ပင်နီအကျင်္ီ၊ ကရင်ထမီနှင့် စကား‌ပြော‌သော အခါ မာန်ပါပါနှင့် ပွင့်ပွင့်လင်းလင်း‌ပြောတတ်သည်။ လည်ပင်းတွင် ကျဉ်း‌ပေါင်းရှိသည်ထင့်။ လည်ပင်းခံ ‌ဖေါ့ကို ဝတ်ဆင်ထား သည်။ ပင်နီအကျင်္ီ‌ပေါ်တွင် NLD ရင်ထိုးကို‌တွေ့ရသည်။

မုန်တိုင်းအရှိန် ‌လျော့စပြုသည်ထင်ရ‌သော်လည်း ‌လေ‌ပြေကားအ‌ဝေးကြီးမှာပင်။ အာဏာရှင်အစိုးရသည် အ‌ရောင်စုံ မိမိနှင့် ဆန့်ကျင်ဖက်ယုံကြည်သူအ‌ပေါင်းတို့အား ‌ထောက်လှမ်း‌ရေးကွန်ယက်များဖြင့် အမျိုးမျိုး ‌နှောက်ယှက်ဟန့်တားရုံသာမက ၎င်းတို့ အား အလွှာလိုက် ကွာကျသွား‌အောင် မိမိတို့ အပိုင်စီရင်ထား‌သော ‌ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံကြားတို့တွင် အမျိုးမျိုး ပုတ် ခတ်‌ဝေဖန်‌သော ‌ဆောင်းပါးများ၊ လံကြုပ်သတင်းစာရှင်းလင်းပွဲများကို အဆက်မပြတ် လုပ်‌နေ‌တော့သည်။

တိမ်‌တောင်သဖွယ် မင်း‌ရေးကျယ် ဆိုဘိသကဲ့သို့ န.၀.တ တဖြစ်လည်း န.အ.ဖ စစ်‌ကောင်စီ၏ အတွင်း‌ရေးမှူး ဗိုလ်ချုပ်ခင်ညွန့် သည် နိုင်ငံ‌ရေးစာမျက်နှာသစ်ဖွင့်ပြီးဟုဆိုကာ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် န.အ.ဖ ‌ကောင်စီတို့ ‌တွေ့ဆုံကြသည်။ ပြည်သူအများ ‌မျှော်လင့်ချက်‌ရောင်ခြည် လင်းလာပြီးဟု အများက ‌မျှော်လင့်မိကြသည်။ သို့‌သော် အ‌ခြေအ‌နေ အရပ်ရပ်မှာ သိပ်ထူးခြားမလာ ‌ပေ။ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်တကွ NLD အဖွဲ့ဝင်များ အထက်ဗမာပြည် ခရီးစတင်လိုက်သည်။ သူတို့၏‌နောက်တွင် စစ် ‌ကောင်စီ၏ ‌ထောက်လှမ်း‌ရေး၊ ပြည်သူ့ရဲနှင့် ၎င်းတို့စုဖွဲ့ထား‌သော ကြံ့ခိုင်‌ရေးအဖွဲ့များက အမျိုးမျိုး‌နှောက်ယှက်ဟန့်တားမြဲပင်။ ‌နောက်ဆုံးတွင် ဒီပဲယင်းကဲ့သို့ နိုင်ငံ‌တော်လုပ်ကြံမှုမျိုးကို ဖန်တီးခဲ့ကြသည်။ အပြစ်မဲ့ပြည်သူများ ‌သေဆုံးခဲ့ကြသည်သာမက NLD အဖွဲ့ဝင်များ ဒဏ်ရာရသူရ၊ အသီးသီး ‌ထောင်ထဲပြန်‌ရောက်ကုန်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် ‌နေအိမ် အကျယ် ချုပ်အဖြစ် ပြန်‌ရောက်သွားသည်။

မြန်မာ့နိုင်ငံ‌ရေးမှာ ဒုံရင်းကဒုံရင်းသို့ ပြန်‌ရောက်ခဲ့ရသည်။ အနယ်နယ်အရပ်ရပ်က NLD အဖွဲ့ဝင်များ ခရီးသွားပါက ကားဂိတ်၊ သ‌ဘေင်္ာဆိပ်တို့တွင် လိုက်လံစစ်‌ဆေးမှုပြုသည်။ သာမန်ပြည်သူများမှာ ၎င်းအချိန်တွင် NLD ဆိုရင် ‌ခေါ်‌ပြောရန်ပင် ဝန်‌လေး တတ်ကြသည်။ အနယ်နယ်အရပ်ရပ်နှင့် ရန်ကုန်မြို့‌ပေါ်ရှိ NLD အဖွဲ့ဝင်များသည် အဖွဲ့ချုပ်ရုံးသို့ လာ‌ရောက်ကြသည့်အခါ ပင်နီ တိုက်ပုံကို အိတ်ထဲထည့်၍ ရုံး‌ရောက်မှသာ ဝတ်ဆင်တတ်ကြသည်။

သူမက‌တော့ အခြား NLD အဖွဲ့ဝင်များကဲ့သို့ မဟုတ်ဘဲ သူမ‌နေထိုင်ရာ ‌မှော်ဘီမှ အဖွဲ့ချုပ်ရုံးသို့ ပင်နီအကျင်္ီ၊ ရင်ထိုးတို့ကို ‌တောက်‌လျှောက်ဝတ်ဆင်သည်။ နိုင်ငံ‌ရေးရာသီဥတု အ‌မှောင်ဘက်ခြမ်း ပြန်‌ရောက်‌သော်လည်းပဲ သူမကား ရုံးသို့ လာမြဲတိုင်း ပင်။ အမျိုးသား‌နေ့၊ အာဇာနည်‌နေ့ အစရှိ‌သော ‌နေ့ထူး‌နေ့မြတ်များတွင် တက်ကြွစွာ သူမ ‌ရောက်လာစု‌ဝေးသည်သာ။

ထို့‌နောက် အနယ်နယ်အရပ်ရပ်မှ NLD အဖွဲ့ဝင်များအား အာဏာပိုင်များက ဖိအား‌ပေး၊ အကြပ်ကိုင်နှုတ်ထွက်ခိုင်းကာ တဖက်မှ အာဏာပိုင်များ ဖွဲ့စည်းထား‌သော ကြံ့ခိုင်‌ရေးအဖွဲ့မှာ ညီလာခံအမျိုးမျိုး ကျင်းပ၊ ပြည်သူလူထုအ‌ပေါင်း ဝိုင်းဝန်း‌ထောက်ခံသည့် ဇာတ်ကွက်ကို ခင်းပြလျှက်ရှိသည်။

ဤတွင် သူမသည် မိမိပါတီမှ ဆိုင်းဘုတ်မပြုတ်‌ရေးဟူ‌သော သူများနှင့်လမ်းခွဲကာ တစ်ကိုယ်‌တော် လှုပ်ရှား‌တော့သည်။ တက် ကြွလှုပ်ရှားသူ လူငယ်များနှင့်‌ပေါင်းကာ အာဇာနည်‌နေ့၊ အမျိုးသား‌နေ့လို အထင်ကရ‌နေ့များတွင် စီတန်းဆန္ဒပြခြင်းကို စတင် လှုပ်ရှားသည်။

သူမနှင့် စိတ်ဓါတ်တူ လူငယ်၊ အမျိုးသမီးများကို ဦး‌ဆောင်ကာ ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေးအတွက် အဂင်္ါ‌နေ့တိုင်း ‌ရွှေတိဂုံဘုရားတွင် ဝတ်ပြုဆု‌တောင်းပွဲလုပ်သည်။ ထုံးစံအတိုင်း အာဏာပိုင်များက အမျိုးမျိုး ဟန့်တားသည်။ တစ်ခါက သူမ၏ အကျင်္ီကို ဆွဲဖြဲအကြမ်းဖက်သည်အထိ ကျူးလွန်‌နှောက်ယှက်သည်။ သို့‌သော် သူမကား အဂင်္ါ‌နေ့တိုင်း အကြိမ်‌ပေါင်း ရာချီမက ဆု‌တောင်းမပျက်။

တစ်ခါက နိုင်ငံပိုင်သတင်းစာမှ သူမအား တာ‌မွေနတ်‌ချောင်းရှိ သံတံတား မပုနှင့် ခိုင်းနှိုင်း၍ အယုတ်တမာ ‌ရေးသားထိုးနှက်ခဲ့ သည်။ ဤတွင် သူမက နိုင်ငံပိုင်သတင်းစာကို တရားစွဲ‌တော့သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အ‌ရေး‌ကြေငြာစာတမ်းပါ ပဋိညာဉ် စာချုပ်အရ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း‌စေမှုနှင့် လူသားဂုဏ်ရည်ထိခိုက်နစ်နာမှု၊ တိုင်းရင်းသူအမျိုးသမီးတစ်ဦးအား ခွဲခြားဆက်ဆံ ဖိနှိပ်မှု (Racial discrimination)စ‌သော လူ့အခွင့်အ‌ရေးဆိုင်ရာပုဒ်မများနှင့်တကွ တရားရုံးကို ‌လျှောက်ထား‌တော့သည်။ သို့ ‌သော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်‌ရေးမှာ အဖွဲ့အစည်းတစ်ရပ်၏ လွှမ်းမိုးချုပ်ကိုင်မှု‌အောက်တွင် တည်ရှိကာ သူမ၏ တရားစွဲ မှုမှာ ပယ်ချခံရသည်။

ထို့‌နောက် ၈၈ မျိုးဆက်‌ကျောင်းသားများ ပြန်လည် လွတ်‌မြောက်လာ‌သောအခါ သူမလည်း ကြိုဆို‌ထောက်ခံခဲ့သည်။ အကျဉ်း သားများ ပြန်လွတ်‌မြောက်‌ရေး၊ လွတ်‌မြောက်လာ‌သော အကျဉ်းသားများအား ကူညီ‌ထောက်ပံ့‌ရေး၊ အကျဉ်းကျဆဲ နိုင်ငံ‌ရေးသ မားများအား လွတ်‌မြောက်‌ရေးနှင့် ၎င်းတို့မိသားစုဝင်များအား လိုက်လံအား‌ပေး၊ နှစ်သိမ့်‌ရေး စသည်တို့တွင် တက်ကြွစွာ ပူး ‌ပေါင်းပါဝင်လှုပ်ရှားခဲ့သည်။

ဓါတ်ဆီ‌ဈေးတိုးမြှင့်မှု‌ကြောင့် ၈၈ ‌ကျောင်းသားများ လမ်း‌ပေါ်ထွက်ဆန္ဒပြ‌သောအခါ သူမ ပူး‌ပေါင်းပါဝင်သည်သာမက ဆရာ ‌တော်အရှင်သူမြတ်များ၏ ‌ရွှေဝါ‌ရောင်သံဃာလှုပ်ရှားမှုများမှာလည်း ထိပ်ဆုံးက သူမ ပါဝင်ခဲ့သည်။

ဦးဝင်းတင် (NLD ဗဟိုအလုပ်အမှု‌ဆောင်)ကဲ့သို့ အထင်ကရ သတင်းစာဆရာကြီး ပြန်လွှတ်လာ‌သောအခါတွင်လည်း သူမကိုယ် တိုင် သွား‌ရောက်‌တွေ့ဆုံ ဂါရဝပြုခဲ့သည်။ ဦးဝင်းတင်ပြန်လွှတ်လာပြီး NLD ထုတ်ပြန်ခဲ့‌သော ‌ရွှေဂုံတိုင်‌ကြေငြာစာတမ်းကို သူမ အပြတ်အသတ် ‌ထောက်ခံခဲ့သည်။

သို့‌သော် လူထု‌ခေါင်း‌ဆောင်‌ဒေါ်‌အောင်ဆန်းစုကြည် ‌နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီး ၂၀၁၂ ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင် မည်ဟု ဆုံးဖြတ်‌သောအခါ သူမ မ‌ထောက်ခံ‌တော့။ အဘယ်‌ကြောင့်ဆို‌သော် ၂၀၀၈ ဖွဲ့စည်းပုံကို သူမ လုံးဝ လက်မခံ‌သော ‌ကြောင့် ဖြစ်သည်။

အစိုးရသစ် တက်လာခါစက ‌ကောင်းမွန်‌သောအစိုးရ၊ သန့်ရှင်း‌သောအစိုးရဖြစ်‌အောင် ကြိုးပမ်း‌နေပါသည်ဟု ‌ကြေညာပြီး ရန် ကုန်မြို့နှင့်တကွ အခြားမြို့ကြီးများတွင် မီးများ မကြာခဏ ပျက်‌တော့သည်။ သူမ ဦး‌ဆောင်တဲ့ ပြည်သူလူထု ‌တော်‌တော်များများ ရန်ကုန်ဆူး‌လေဘုရားလမ်းမှစပြီး ဖ‌ယောင်းတိုင်မီးထွန်း ဆန္ဒပြထုတ်‌ဖော်‌တော့သည်။ ထို့‌နောက် နယ်များသို့ပြန့်လာကာ အာ ဏာပိုင်များ မီးမှန်‌အောင် လုပ်‌ပေးရ‌တော့သည်။

မိုးထိမိုးမိ‌ရွှေလုပ်သားများ ဆန္ဒပြပွဲများတွင်လည်း သူမ ပါဝင်ပူး‌ပေါင်းအ‌ရေးဆိုခဲ့သည်။ အာဏာပိုင်များ ဖမ်းဆီးချုပ်‌နှောင်ခြင်း ကို ခံရပြီး ‌နောက်‌တော့ ပြန်လွှတ်လာခဲ့သည်။ အစိုးရပိုင် ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်‌ပေါင်ကုမ္ပဏီတို့က ‌ကြေးစင်‌တောင် (မုံရွာ၊ ဆားလင်းကြီး)တွင် သတ္တုတူး‌ဖေါ်ခြင်း၊ ဆာလဖျူရစ် အက်စစ်ထုတ်ယူခြင်းတို့တွင် ‌ဒေသခံပြည်သူများ၏ ယာ‌မြေများ သိမ်းခြင်း၊ ‌ရေညစ်ညမ်းမှုများ‌ကြောင့် ‌ဒေသခံများ မ‌ကျေမနပ်ဖြစ်ပြီး ‌တောင်းဆိုဆန္ဒပြရာ သူမလည်း ယင်းပြည်သူများနှင့် လက် တွဲကာ ထိပ်ဆုံးက ပါဝင်ခဲ့သည်။

ထို့‌နောက် မုံရွာ‌ကြေးစင်‌တောင် လူထုညီလာခံပွဲကြီးကျင်းပပြီး တိုင်းရင်းသားလူထုတစ်ရပ်လုံး ဆုံးဖြတ်ခဲ့‌သော ပြည်တွင်းငြိမ်း ချမ်း‌ရေး၊ လက်ပန်‌တောင်း‌တောင်‌ကြေးနီစီမံကိန်း ရပ်စဲ‌ရေး အပါအဝင် ဆုံးဖြတ်ချက်များကို သူမ ကိုယ်တိုင် မီဒီယာများသို့ ရှင်း လင်း‌ပြောကြားခဲ့သည်။

ထို့‌နောက် လက်ပန်‌တောင်း‌တောင်တွင် ဆန္ဒပြသပိတ်စခန်းဖွင့်ထား‌သော သံဃာ‌တော်များကို အာဏာပိုင်များက မီး‌လောင်ဗုံး ဖြင့် အကြမ်းဖက်ဖြိုခွင်းလိုက်‌သောအခါ သူမ ဦး‌ဆောင်‌သောအဖွဲ့က ရန်ကုန်မြို့လယ်တွင် ကန့်ကွက်ဆန္ဒပြ‌တော့သည်။

ဤသို့ဖြင့် သူမ၏ လွတ်လပ်စွာ‌တွေး‌ခေါ်မှု၊ လွတ်လပ်စွာ သူမ၏အယူအဆကို စွဲမြဲယုံကြည်မှုဖြင့် တစ်‌ဖြောင့်တည်း ‌လျှောက် လှမ်းလာခဲ့သည်။ သူမကို လိုလားသူရှိသလို မလိုလားသူလည်း ရှိသည်။ မုန်းသူရှိသလို သူမကို ချစ်‌သောသူများလည်း တပုံ တပင်။

ရန်ကုန်မြို့တွင် အိုးပိုင်အိမ်ပိုင်မရှိ။ သူမယုံကြည်ရာ အမှန်တရားကို စွဲမြဲဆုပ်ကိုင်ရဲဝံ့စွာ ‌လျှောက်ရဲသည်။ ရန်၊ ငါ စွဲကင်းသည်။ ရန်ကုန်ရှိ သူမကို စာနာအား‌ပေး‌သော မိတ်‌ဆွေတို့၏အိမ်တွင် ခိုကပ်‌နေထိုင်ရင်း တဖက်တလမ်းမှ ခရစ္စမတ်ပွဲ‌တော်၊ နှစ်သစ်ကူး ပွဲ‌တော်များတွင် ရိုးရာအကျင်္ီ၊ ထမီများကို လိုက်‌ရောင်းကာ တစ်ဝမ်းတစ်ခါး နိုင်ငံ‌ရေးအသက်ဆက်ခဲ့ရသည်။ ‌တော်‌တော်များများ ဖုန်းကိုင်နိုင်သည့်အချိန်ထိ သူမမှာဖုန်းမရှိ။ နိုင်ငံခြားက မိတ်‌ဆွေတစ်‌ယောက်က သူမ ဖုန်းနံပါတ်ကို လှမ်း‌တောင်းသည်။ သူမ ဖုန်းနံပါတ်ကိုရပြီး သူမဆီ လှမ်းဆက်‌တော့မရ။ ‌နောက်မှ သိရသည်။ သူမကိုင်‌သော ကဒ်(စင်ကဒ်မပါ)ဖုန်းမှာ ကုန်သွားလို့ ဖြစ်သည်။

၂၀၁၁ခုနှစ်တွင် မ‌မျှော်လင့်ဘဲ ပဒိုမန်းငြိမ်း‌မောင်တစ်‌ယောက် အင်းစိန်‌ထောင်ထဲ‌ရောက်သည်ဟု သတင်းမီဒီယာများမှ ကြားရ သည်။ ပဒိုမန်းငြိမ်း‌မောင်ကို သူမ မ‌တွေ့ဖူး‌သော်ငြား သူမ ယုံကြည်ရာ အကျဉ်းသား ကူညီ‌စောင့်‌ရှောက်‌ရေးလုပ်ငန်းအတွက် အသိမိတ်‌ဆွေများထံမှ အလှူ‌ငွေ‌ကောက်ခံပြီး ‌ထောင်ဝင်စာသွား‌တွေ့ကာ လိုအပ်‌သော အသုံးအ‌ဆောင်ပစ္စည်း၊ စား‌သောက်စရာ များကို ‌ပေးခဲ့သည်။ ၎င်း၏ ပန်းတ‌နော်ရှိ ‌ဆွေမျိုးသားချင်းများကို အဆက်အသွယ်လုပ်‌ပေးခဲ့သည်။ အခမဲ့ ‌ရှေ့‌နေလိုက်‌ပေး‌သော ‌ရှေ့‌နေကြီး ဦးကြီးမြင့်နှင့်‌တွေ့ဆုံကာ အစအဆုံး ကူညီ‌ပေးခဲ့သည်။

ပန်းတ‌နော်‌တော‌ကျောင်း ကရင်စာ‌ပေယဉ်‌ကျေးမှုသင်တန်းဆင်းပွဲသို့ အာလိန်ငါးဆင့် နှစ်သစ်ကူးကျင်းပ‌ရေး ဗဟိုအဖွဲ့နှင့် လိုက် ပါသွား‌သောအ‌ခေါက်တွင် သူမနှင့် ‌တွေ့သည်။ “မ‌နော်‌ရေ မန်းငြိမ်းလွတ်လာပြီး သွား‌တွေ့သလားဟု ‌မေး‌တော့ ဟဲ့… ငါက ‌တွေ့ ရမှာလား၊ ‌တွေ့ချင်‌တွေ့ သူက ငါ့ကို လာ‌တွေ့ရမှာ”တဲ့။ သူမကား ဤသို့ သူတည်း။ အပိုမ‌ပြော၊ လုပ်စရာရှိသည်တို့ကို လူမျိုး၊ ဘာသာမခွဲခြား အစအဆုံး ကူညီလုပ်ကိုင်တတ်သည်။

သူမကို နားလည်သူများက သူမ၏နှလုံးရည်၊ သတိ္တ၊ စွန့်လွှတ်အနစ်နာခံမှုများကို ချီးကျူးအသိအမှတ်ပြုကြသည်။ စာနာသနား ကြသည်။ သူမအား မနှစ်မြို့သူများက‌တော့ သူမတွင် နိုင်ငံ‌ရေးမရှိ၊ ဆန္ဒပြဖို့ပဲ စဉ်းစားသည်။ ဒီဘက်နိုင်ငံ‌ရေးမှာ ပန်းခင်းထား ‌သော လွှတ်‌တော်‌ပေး‌နေပြီး။ ဆန္ဒပြတဲ့‌ခေတ် မဟုတ်‌တော့ဟု ဆိုကြသည်။

‌ဖေ့စ်ဘွတ် ဗီဒီယိုကလစ်များတွင် သူမ ဆန္ဒမပြရ‌သေးခင် အာဏာပိုင်များက ဆိုင်းပုဒ်ကိုင်‌ဆောင်လာ‌သော သူမနှင့်အဖွဲ့ကို အ တင်းအဓမ္မ ကား‌ပေါ်တွန်းတင်သွားကြပုံကို မြင်လိုက်ရသည်။ နိုင်ငံ‌ရေးမရှိဘူးဟု သူမအား ပုတ်ခတ်‌ပြောဆိုသူများကို ဆိုင်းပုဒ် ပြား‌ပေါ်တွင် သူမ၏ နိုင်ငံ‌ရေးယုံကြည်ချက်ကို လှစ်ကနဲ တင်ပြသွားသည်။

သူမ ယုံကြည်ရာလမ်းကို‌တော့ ချစ်သူ၊ မုန်းသူကြားတွင် ရဲရဲဝံ့ဝံ့ ‌လျှောက်ပြသွားသည်။ သူမ၏‌ရှေ့‌နေက တရားရုံးကို အယုံအ ကြည်မရှိလို့ အယူခံဝင်မှာ မဟုတ်ဘူးတဲ့။

နှလုံးရည်‌တော်လှန်‌ရေးသမား ‌နော်အုန်းလှ အမြန်လွတ်‌မြောက်ပါ‌စေ။

(လူအယ်ရှာ)