Home သတင်း မဲ‌ဆောက်မြို့ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်ချက်‌ကောင်းမွန်

မဲ‌ဆောက်မြို့ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်ချက်‌ကောင်းမွန်

1709

ဇွန် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်းများမှ ၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၁၂၅ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ၃၅ဦး‌အောင်မြင်ပြီး ဂုဏ်ထူး‌လေးဘာသာအထိ ‌အောင်မြင်သူများ လည်း ပါရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာအရ ဇွန် ၇ရက်‌နေ့က ထုတ်ပြန်လိုက်သည့် ‌အောင်စာရင်းအရ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌ဖြေဆိုသည့် မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ၊ New Blood၊ SAW၊ ထီးမဲဝါးခီးနှင့် STTC စသည့်နယ်စပ်အထက်တန်း‌ကျောင်း များမှ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌အောင်သည့် ‌ကျောင်းသား‌ကျောင်းသူများအနက် ‌လေးဘာသာဂုဏ်ထူးရှင် ၁ဦး၊ တစ်ဘာ သာဂုဏ်ထူးရှင် ၄ဦးနှင့် ရိုးရိုး‌အောင်မြင်သူ ၃ဝဦးတို့ဖြစ်‌ကြောင်း မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ထောက်ပံ့မှု ‌ဖောင်‌ဒေးရှင်း တာဝန်ခံတစ်ဦးဖြစ်သူ ‌စောခလိထူးက ‌ပြောသည်။

၎င်းက “အ‌အောင်အများဆုံးက‌တော့ ဆာသူး‌လေ‌ကျောင်းက‌ပေါ့‌နော်။ အ‌ယောက် နှစ်ဆယ်‌ကျော် ပါတယ်။ အခုလို ‌အောင်ချက် ‌ကောင်းလာတာ သင်‌ပေးတဲ့ ဆရာ/မ‌တွေကလည်း ဝိုင်းပြီး ကူညီ‌ပေးတာရယ်၊ ပြီး‌တော့ သူတို့ဖာသာ သူတို့လည်း ကြိုးစားတဲ့အ တွက် အခုလို ‌အောင်မြင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသား ၅၈ဦး ဝင် ‌ရောက်‌ဖြေဆိုခဲ့ရာ ၈ဦးသာ ‌အောင်မြင်ခဲ့သလို တစ်ဘာသာဂုဏ်ထူးဖြင့် ၂ဦးသာ ပါဝင်ခဲ့သည်။

ယခုနှစ်တွင် ‌အောင်ချက်‌ကောင်းလာရခြင်းမှာ ‌ကျောင်းသား‌ကျောင်းသူများအတွက် စခန်းသွင်း ကြပ်မတ်ချိန်ကို စာသင်နှစ်၏ နှစ်စမှ နှစ်ဆုံးအထိ အချိန်ရရှိခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် ‌အောင်ချက်နည်းသည်မှာ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းပညာ‌ရေးဆိုင်ရာ တာ ဝန်ရှိသူများနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်းနှင့် ‌တွေ့ဆုံခဲ့ပြီး‌နောက် စာ‌မေးပွဲ‌ဖြေဆိုရန်အချိန် ‌လေးလသာ ရရှိခဲ့ခြင်း ‌ကြောင့်ဖြစ်သည်ဟု ‌စောခလိထူးက ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌အောင်မြင်သည့် ‌ကျောင်းသား‌ကျောင်းသူများကို ၎င်းတို့၏ဆန္ဒများအတိုင်း ‌ရှေ့ဆက် ပညာ‌ရေးကို အတတ်နိုင်ဆုံး ကူညီ‌ထောက်ပံ့‌ပေးသွားမည်ဖြစ်‌ကြောင်း ဆာသူး‌လေ‌ကျောင်းမှ ‌ကျောင်းဆရာမတစ်ဦးဖြစ်သူ ‌နော်ဆာ့အဲ့ကလည်း ယခုလို ‌ပြောသည်။

“ဆာသူ‌လေး‌ကျောင်းသားထဲ မဟုတ်ဘူး။ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအားလုံး‌ပေါ့။ သူတု့ိ ဘယ်လမ်းကို ‌ရွေးမလဲ‌ပေါ့။ တတ်နိုင်သ‌လောက် ကူညီ‌ပေးမယ်။ ‌ကျောင်းဆက်တက်ဖို့ဆိုရင် သူတို့ ကြိုးစားအားထုတ်မှု‌ကြောင့် သူတို့ရရှိထားတဲ့ အမှတ် ရလဒ်‌ပေါ်မှာ မူတည်ပါတယ်”ဟု ‌ပြောသည်။

၄ဘာသာဂုဏ်ထူးဖြင့် ‌အောင်မြင်သူ ဆာသူး‌လေ‌ကျောင်းမှ ‌မောင်ဉာဏ်သာမြင့်က “အခုလို‌အောင်မြင်တာ မြဝတီက ဆရာမ ‌တွေ ဖြည့်စွက်သင်‌ပေးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာပြီး ဂုဏ်ထူးနဲ့‌အောင်တာ ဖြစ်ပါတယ်။ ‌နောက်ပြီး ဘာ‌တွေကိုဆက် တက်မလဲဆိုတာက‌တော့ ရမှတ်‌ပေါ်မှာ ‌စောင့်ကြည့်ရမှာ‌ပေါ့။ ဒါ‌ပေမယ့် အင်ဂျင်နီယာ လိုင်းဝင်ရင်‌တော့ ‌ကောင်းတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသည့် ဆယ်တန်းအဆင့် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ ‌ကျောင်းသားများသည် ယခင်နှစ်နှင့် ယခု ၂၀၁၃-၂၀၁၄ စာသင်နှစ်ကို မြဝတီခရိုင်စာစစ်ဌာနတွင် ဝင်‌ရောက်‌ဖြေဆိုခဲ့ကြပြီး မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းအသီးသီးတွင် လက်ရှိ ပညာသင်ကြား‌နေသည့် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း နှစ်‌သောင်း‌ကျော်ရှိသည်ဟု သိရသည်။