Home သတင်း ‌ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထု‌တွေ့ဆုံပွဲတွင် လူဦး‌ရေ ၆၀၀‌ကျော် တက်‌ရောက်ခဲ့

‌ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထု‌တွေ့ဆုံပွဲတွင် လူဦး‌ရေ ၆၀၀‌ကျော် တက်‌ရောက်ခဲ့

1544

‌မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေးဆိုင်ရာ ကရင်လူထု‌တွေ့ဆုံပွဲကို ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ‌မေလ ၁၂ရက်‌နေ့က ကျင်းပပြီးစီးခဲ့ရာ လူပရိဿတ်‌ပေါင်း ၆၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ လူထု‌တွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ရှိ လွှတ်‌တော်အမတ်များ၊ ပါတီများနှင့် ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ ကမ‌မောင်း၊ လှိုင်းဘွဲမြို့နယ်၊ ‌ပေါင်မြို့နယ်၊ ‌မော်လမြိုင်တို့မှ တက်‌ရောက်ခဲ့ကြပြီး ပဒို‌နော်စီဖိုးရာစိန်က ငြိမ်းချမ်း‌ရေး ခရီးစဉ်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှ ပြည်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်- NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်-SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ‌တွေ့ဆုံခဲ့သည်ဟု ရှင်းပြခဲ့သည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်လာသူ ‌စောဉာဏ်ဝင်းက “‌ကေအဲန်ယူ‌ခေါင်း‌ဆောင်‌တွေ အခုလို လူထု‌တွေ့ဆုံပွဲ‌တွေလုပ်ပြီး လာ ရှင်းပြတဲ့အ‌ပေါ် ကျ‌နော်တို့အ‌နေနဲ့ အများကြီးသိရတယ်။ ‌ကေအဲန်ယူရဲ့ သ‌ဘောထားကိုလည်း သိရတယ်။ သိရတဲ့အတွက် ကျ‌နော်တို့‌ဒေသမှာ ရင်ဆိုင်‌နေရတဲ့ အခက်အခဲကို ‌ကေအဲန်ယူကို တင်ပြခဲ့တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသည့် ပြည်သူလူထုမှ အပစ်အခတ်ရပ်ဆိုင်း‌ရေး‌နောက်ပိုင်း မိမိတို့‌ဒေသတွင်း ဖြစ်‌ပေါ် ‌နေ‌သော ဖွံ့ဖြိုး‌ရေးစီမံကိန်းများ၊ လက်ရှိ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် သိလိုသည်များကို ‌မေးမြန်းကြပြီး ‌ကေအဲန်ယူအဖွဲ့က ပြန်လည်‌ဖြေကြား‌ပေးသကဲ့သို့ ‌ကေအဲန်ယူနှင့် လူထု‌တွေ့ဆုံပွဲတွင် ‌ဒေသခံများ၏ ‌တောင်းဆိုမှုများကို ‌ကေ အဲန်ယူဗဟိုအစည်းအ‌ဝေးတွင် ဆက်လက်တင်ပြကာ ‌ဆောင်ရွက်‌ပေးသွားမည်ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့‌ပြော သည်။

ကရင့်‌ရေးရာ‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး နန်းမြင့်တင်က “အခုလို ‌ကေအဲန်ယူက‌နေပြီး‌တော့ လူထု‌တွေနဲ့ ‌တွေ့ဆုံတာ အန်တီ့အမြင်က‌တော့ အင်မတန်မှ ‌ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ လူထု‌တွေက ဒီငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကိုလည်း နားလည်သွားမယ်၊ ပြီး‌တော့ သူတို့ရင်ဆိုင်‌နေရတဲ့ ပြဿနာ‌တွေကို တိုက်ရိုက်‌ပြောခွင့်ရှိတယ်”ဟု ဆိုသည်။

မြန်မာပြည်တွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ ကရင်လူထုများနှင့် ‌တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း၊ ပဒို‌စော မြ‌မောင်၊ ပဒို‌စောလှထွန်း၊ ပဒို‌စောလစ္စတန်၊ ပဒို‌စောနဲထူး၊ ဗိုလ်မှူးကြီး‌စော‌နေစိုး ပါဝင်သည့် ၂၁ဦးအဖွဲ့သည် ဧပြီလ ၃ဝရက်‌နေ့ တွင် ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွါခဲ့ပြီး ရန်ကုန်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ လူထုနှင့် ‌တွေ့ဆုံကာ ‌မေလ ၁၂ရက်‌နေ့(ယ‌နေ့)တွင် ခရီးစဉ် ပြီးဆုံးခဲ့သည်။