Home သတင်း ဆွစ်ဇာလန်နိုင်ငံက ကိုယ်ထူကိုယ်ထ ကရင်စာသင်‌ကျောင်းကို ‌ဆောက်လုပ်လှူဒါန်း

ဆွစ်ဇာလန်နိုင်ငံက ကိုယ်ထူကိုယ်ထ ကရင်စာသင်‌ကျောင်းကို ‌ဆောက်လုပ်လှူဒါန်း

1675

ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ဆွစ်ဇာလန်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌အေဂျင်စီမှ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာများ ၌ ရှိနှင့်ထားပြီးဖြစ်သည့် ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်းများကို အ‌ဆောက်အဦးသစ်များဖြင့် ‌ဆောက်လုပ်‌ပေး ကာ လာ‌ရောက်လှူဒါန်းသွားသည်ဟု သိရသည်။

၎င်း‌ကျောင်းများကို ZMCC ကုမ္ပဏီနှင့် CECC ကုမ္ပဏီ ‌ဆောက်လုပ်‌ရေးအဖွဲ့တို့မှ တာဝန်ယူ‌ဆောက်လုပ်‌ပေး‌နေပြီး ‌ကော့ကရိတ်မြို့နယ်ရှိ စက္ကဝက်ရွာ၊ ကတိုးထရွာ၊ ‌နောတီးလယ်ရွာတို့တွင် ‌ဖေ‌ဖော်ဝါရီမှစ၍ စက်တင်ဘာအထိ အပြီး‌ဆောက်လုပ်ရန် စာရင်းတင်ထား‌ကြောင်းနှင့် ကျပ်သိန်း‌ပေါင်း ၁၂၀၀‌ကျော် ကုန်ကျမည်ဖြစ်‌ကြောင်း စက္က ဝက်‌ကျေးရွာတွင် ‌ကျောင်း‌ဆောက်လုပ်‌နေသည့် အင်ဂျင်နီယာ ‌မေသူဝင်းက ‌ပြောသည်။

“သူတို့ ဒီ‌ကျောင်း‌တွေလာ‌ဆောက်ရတဲ့ရည်ရွယ်ချက်က အဓိက‌တော့ ‌ကျေးရွာဖွံဖြိုးမှုအတွက် ကူညီတာပါ။ အရင် တုန်းက‌တော့ နာဂစ်ထိတဲ့ ‌နေရာ‌တွေဘက်မှာ ‌ကျေးရွာဖွံ့ဖြိုး‌ရေး သွားလုပ်တယ်။ အခု ဒီဘက်ကို လာပြီး ကူညီတာ ဖြစ်တယ်”ဟု အင်ဂျင်နီယာ ‌မေသူဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌ကျောင်း‌ဆောက်လုပ်ရာတွင် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်မှ ခွင့်ပြုချက်ဖြင့် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ တာဝန်ရှိသည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနှင့် ပညာ‌ရေးမှူးများ၊ ‌ကျေးရွာဥက္ကဌတို့နှင့် ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး ယခု ကဲ့သို့ ‌ဆောက်လုပ်ခွင့်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက “အခုလိုမျိုး ဆွစ်ဇာလန်နိုင်ငံက ‌ကျောင်းလာ‌ဆောက် ‌ပေးတာ ‌ဒေသခံအတွက် အကျိုးရှိတာ‌ပေါ့၊ ‌ကျောင်း‌ကောင်း‌ကောင်း‌ဆောက်‌ပေးတယ်။ မိုးကြိုးလွဲကအစ လုပ်‌ပေး တယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့မြို့နယ်မှာ ဝင်လာတဲ့အဖွဲ့‌တွေကို ကျ‌နော်တို့နဲ့ ပူး‌ပေါင်းလုပ်‌ဆောင်မှု မရှိဘူးဆိုရင် လက်မခံဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကတိုးထရွာ ‌ကျောင်း‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ‌စော‌ကေဝါးက “အခုလိုမျိုး ‌ကျောင်းလာ‌ဆောက်‌ပေး တာ ကျ‌နော်တို့ရွာသား‌တွေအတွက် ‌ကောင်းတာ‌ပေါ့။ အခု အင်ဂျင်နီယာအမျိုးသမီးတစ်ဦး လာကြီးကြပ်တာ ‌တွေ့ရ တယ်။ ‌နောက်ထပ် ကူမယ့် အင်ဂျင်နီယာနှစ်‌ယောက်လည်း ‌ရောက်လာတယ်။ အချိန်မီ ပြီးမယ်လို့ ထင်တယ်”ဟု ‌ပြောသည်။

ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးမှုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌အေဂျင်စီမှ လှူဒါန်းကာ လာ‌ရောက်‌ဆောက်လုပ်‌ပေး‌သော ၎င်း ကိုယ်ထူကိုယ်ထ‌ကျောင်းများသည် အစိုးရ‌ကျောင်းများနှင့် တွဲဖက်ချိတ်ဆက်ထားသည့် ‌ကျောင်းများဖြစ်ကြပြီး ပြီးခဲ့ သည့် ၁ဝနှစ်‌ကျော်က တည်‌ထောင်ထားသည့် ‌ကျောင်းများဖြစ်သည်။