Home သတင်း ‌ကေအဲန်ယူနယ်‌မြေအချို့တွင် ဓါတ်အားလိုင်းတိုးချဲ့ရန်ရှိ‌ကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီး‌ပြောဆို

‌ကေအဲန်ယူနယ်‌မြေအချို့တွင် ဓါတ်အားလိုင်းတိုးချဲ့ရန်ရှိ‌ကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီး‌ပြောဆို

1787

မတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ တပ်မဟာ ၆နှင့် ၇တို့တွင် လာမည့် ဧပြီလအတွင်း စတင်မည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွက် မဟာဓါတ်အားလိုင်းတိုးချဲ့သွားရန်ရှိသည်ဟု ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက ယမန်‌နေ့က ‌ပြောကြားလိုက်သည်။

ထိုသို့တိုးချဲ့ရာတွင် တပ်မဟာ (၆)နယ်‌မြေရှိ ‌ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တပ်မဟာ (၇)နယ်‌မြေရှိ ဖားအံမြို့ နယ်၊ လှိုင်းဘွဲမြို့နယ်များတွင် ဓါတ်အားလိုင်းများတိုးချဲ့‌ပေးသွားရန် လျာထားသည်ဟု သိရသည်။

ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက “တိုးချဲ့မှာက လှိုင်းဘွဲမြို့နယ်မှာဆိုရင် လှိုင်းဘွဲက‌နေ မြိုင်ကြီးငူကို ၃၃ ‌ကေ ဘီ‌အေလိုင်းတစ်လိုင်း ဆွဲဖို့ရှိတယ်။ နိုင်ငံဘတ်ဂျက်ချ‌ပေးရင်‌တော့ ၂၀၁၄-၁၅ မှာပဲ ‌ကော့ကရိတ်အထိ ‌ရောက်သွားလိမ့်မယ်။ တပ်မဟာ ၇မှာ‌တော့ ဖားအံနဲ့ လှိုင်းဘွဲမြို့နယ်‌ပေါ့။ ‌ကော့ကရိတ်ကို‌ရောက်သွားရင် ‌ဒေါနအ‌ရှေ့၊ ‌ဒေါနအ‌နောက်ဘက်က ရွာ‌တွေ ‌ပေးနိုင်မှာပါ”ဟု ‌ပြောသည်။

၎င်းအပြင် ဓါတ်အားလိုင်းတိုးချဲ့မည့် လှိုင်းဘွဲနှင့် မြိုင်ကြီးငူမြို့နယ်များကို JICA ‌ခေါ် ဂျပန်နိုင်ငံ နိုင်ငံတကာ ပူး‌ပေါင်း‌ဆောင်ရွက် ‌ရေး‌အေဂျင်စီ၏ အတိုးနည်း‌ချေး‌ငွေဖြင့် ‌ဆောင်ရွက်မည်ဖြစ်ပြီး ဓါတ်အားခွဲရုံများကို တည်‌ဆောက်ရာတွင်မူ နိုင်ငံ‌တော်ဘတ် ဂျက်ဖြင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယခု ဓါတ်အားလိုင်းများတိုးချဲ့နိုင်ရန်အတွက် ‌ကေအဲန်ယူအပြင် မွန်ပြည်သစ်ပါတီ(NMSP)တို့နှင့်ပါ ‌ဆွေး‌နွေးညှိနှိုင်းမှုများ လုပ် ‌ဆောင်ပြီး လျှပ်စစ်မီးရရှိ‌ရေး၊ ဓါတ်အားလိုင်း တိုးချဲ့သွယ်တန်း‌ရေးအတွက် ကတိကဝတ်များ ရရှိထား‌ကြောင်းလည်း သိရသည်။

“‌ကေအဲန်ယူ ကြာအင်းဆိပ်ကြီးဘက်ဆို မွန်ပြည်သစ်အဖွဲ့‌ပေါ့။ ဒီအဖွဲ့‌တွေက မီးလင်း‌ရေး၊ ဓါတ်အားလိုင်းတိုးချဲ့‌ရေးကို သူတို့ ဘက်က ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးဖို့ အသင့်ရှိပါတယ်။ ‌ကေအဲန်ယူဟာ မွန်ပြည်သစ်အဖွဲ့နဲ့‌တော့ ခဏခဏ ဆုံဖြစ်ပါတယ်”ဟု ‌စောကြည်လင်းက ဆိုသည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ ဝင်း‌ရေးမြို့နယ်၊ ဘဲလမု‌ကျေးရွာမှ ရွာသား ‌စောအဲခုက “မီး‌ပေး မယ်လို့‌တော့ မကြားမိ‌သေးဘူး။ ရွာက ဘုန်းကြီး‌ကျောင်းက‌နေ မီးစက်‌မောင်းပြီး တစ်ရွာလုံး‌ပေးတဲ့မီးပဲ ရှိတယ်။ မီး‌ချောင်းပဲဆို တစ်လ ၅‌ထောင်၊ တီဗွီပါရင် ၁‌သောင်း ဆီဖိုး‌ပေးရတယ်။ လျှပ်စစ်မီး‌ပေးမယ်ဆို ‌ကောင်းတာ‌ပေါ့”ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇မြို့နယ်တွင် သံ‌တောင်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်များတွင် ဓါတ်အား‌ပေးပို့နိုင်ပြီး ‌ကျေးရွာ များအထိ လျှပ်စစ်ဓါတ်အား အပြည့်အဝ မ‌ပေးနိုင်‌သေးသလို ‌ကေအဲန်ယူ ဒူးပလာယာခရိုင်ရှိ ‌ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီးနှင့် ဝင်း‌ရေး စသည့်မြို့နယ် ၄ခုအတွင်း၌လည်း လျှပ်စစ်ဓါတ်အား အပြည့်အဝ မ‌ပေးနိုင်‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့်မှ ဧပြီလတွင် ပြည်‌ထောင်စုအဆင့်သို့ အပစ်အခတ်ရပ် စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့သည့် ‌ကေအဲန်ယူသည် လက်မှတ်မ‌ရေးထိုးမီကာလအတွင်း လက်နက်ကိုင်တိုက်ပွဲ မကြာခဏ ဖြစ်ပွား သည့်အတွက် တပ်မဟာ (၆)နှင့် (၇)‌ဒေသများ၌ လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်း‌ရေးကဲ့သို့‌သော ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ လုပ် ကိုင်နိုင်ခဲ့ခြင်း မရှိ‌ပေ။