Home သတင်း သစ်‌တောကြိုးဝိုင်း ‌မြေယာပြဿနာ ‌ဖြေရှင်း‌ပေးရန် ‌ဒေသခံရွာသားများ လွှတ်‌တော်သို့တင်ပြ

သစ်‌တောကြိုးဝိုင်း ‌မြေယာပြဿနာ ‌ဖြေရှင်း‌ပေးရန် ‌ဒေသခံရွာသားများ လွှတ်‌တော်သို့တင်ပြ

1970

မတ် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံသစ်‌တောနှင့် ကျုံပကို သစ်‌တောကြိုးဝိုင်းအတွင်း ဖြစ်ပွား‌နေ‌သော ‌မြေယာအငြင်းပွားမှု ပြဿနာကို သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် အမြန်ဆုံး ‌ဖြေရှင်း‌ပေးပါရန် ‌ဒေသခံ ရွာသူရွာသားများက ပြည်သူ့လွှတ် ‌တော်သို့ မတ်လ ၁၃ရက်‌နေ့က လက်မှတ်ထိုး စာတင်ထား‌ကြောင်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်က ‌ပြောသည်။

ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌နောင်ကမြိုင်စံပြ၊ ထီလုံ၊ တဝန်ဖန်ရ၊ ထပုထို၊ မိုင်းကံ၊ ကျုံပကို၊ ဒိုင်းပြ၊ မြိုင်သာယာ၊ ‌နောင်ပနားမိန်၊ ဂျို့‌ချောင်း၊ နန်းထိုက်စံ အပါအဝင် ရွာ‌ပေါင်း (၂၀)မှ စုစု‌ပေါင်း ‌ဒေသခံ ၁၃ဝဦးတို့ လက်မှတ်‌ရေးထားသည့်စာကို ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာမှတဆင့် ပြည်သူ့လွှတ်‌တော်သို့ ‌ပေးပို့တင်ပြခဲ့ခြင်းဖြစ်သည်။

နန်း‌စေးအွာက “‌ဒေသခံ‌တွေက ကျမဆီကို လက်မှတ်‌တွေနဲ့တကွ စာတင်လာတယ်။ အဲဒီစာကို ကျမက လွှတ်‌တော်ကို ပြန်ပို့ ထားတယ်။ လွှတ်‌တော်ရဲ့ တုံ့ပြန်မှုကို ‌စောင့်‌နေပါတယ်။ တုံ့ပြန်မှုရပြီးရင် ကွင်းဆင်းစစ်‌ဆေးမယ်။ ‌တွေ့ရှိချက်‌တွေကို သက်ဆိုင် ရာ ဌာန‌တွေမှာ ပြန်လည်တင်ပြမယ်။ အထူးသဖြင့် ဌာနဆိုင်ရာ‌တွေက ပွင့်လင်းမြင်သာမှုရှိဖို့‌တော့ လိုအပ်တာ‌ပေါ့”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

အငြင်းပွားမှုဖြစ်ပွား‌နေသည့် ယခု သစ်‌တောကြိုးဝိုင်းများသည် ကရင်ပြည်နယ် သစ်‌တောဦးစီးဌာနမှ ၂၀၁၃ခုနှစ်က မွန်ပြည် နယ်၊ မုဒုံမြို့နှင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌ရွှေဂွန်းရွာမှ လုပ်ငန်းရှင်များအား ရာဘာစိုက်ပျိုးလုပ်ကိုင်ခွင့်‌ပေးပြီး‌နောက် ‌ဒေသခံလယ်သမားများနှင့် လုပ်ငန်းရှင်များအကြား အငြင်းပွားမှု စတင် ဖြစ်‌ပေါ်လာခဲ့သည်။

‌ဒေသခံတစ်ဦးဖြစ်သူ ‌စောအနိုင်မင်းက “ကျ‌နော်တို့ ဒီလယ်ယာ‌မြေ အငြင်းပွားမှုကိစ္စ‌တွေကို သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေက ပွင့်လင်းမြင်သာမှုရှိ‌အောင် တရားမျှတစွာနဲ့ လာ‌ရောက်‌ဖြေရှင်းဖို့ အခုလို စု‌ပေါင်း လက်မှတ်ထိုးပြီး စာတင်တာ ဖြစ်ပါတယ်။ ကျ‌နော်တို့ ဒီစာတင်တာ ပထမအကြိမ်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသစ်‌တောကြိုးဝိုင်းတွင် ‌ဒေသခံများက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် လယ်ယာ‌မြေများရှိသလို မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထံသို့လည်း နှစ်စဉ် အခွန်‌ပေး‌ဆောင်လာခဲ့သည့် လယ်‌မြေများဖြစ်‌ကြောင်းနှင့် ယခု ဖြစ်‌ပေါ်လာသည့် ပြဿနာအ‌ကြောင်းအရင်းမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်း‌ကြောင့်ဖြစ်သည်ဟု ‌စောအနိုင်မင်းက ဆက် ‌ပြောသည်။

ထို့အပြင် ‌မြေယာအငြင်းပွားမှု ပြဿနာများအ‌ပေါ် ဖားအံမြို့နယ်ရှိ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးရဲနိုင်နှင့် သစ်‌တောဌာနမှ တာဝန်ရှိသူ အချို့သည် မတ်လ ၁၁ရက်‌နေ့က ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်စံပြ‌ကျေးရွာတွင် ‌ဒေသခံများအား လာ‌ရောက်‌တွေ့ဆုံခဲ့‌သော်လည်း တစုံတရာ ‌ဖြေရှင်း‌ပေးနိုင်ခြင်းမရှိ‌ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ထီလုံသစ်‌တောနှင့် ကျုံပကို သစ်‌တောကြိုးဝိုင်းအတွင်း ‌မြေယာအငြင်းပွားမှုပြဿနာ ဖြစ်ပွားမှုဖြစ်ပြီး‌နောက် လက်ရှိအချိန်တွင် သက်ဆိုင်ရာရဲများ၊ အစိုးရစစ်တပ်များ ‌နောင်ကမြိုင်ရွာ‌ကျေးရွာအတွင်းသို့ ဝင်ထွက်သွားလာမှု‌တွေရှိ‌ကြောင်း ‌နောင်ကမြိုင်‌ကျေးရွာ တာဝန်ရှိသူများက ‌ပြောဆိုသည်။