Home သတင်း မကြာခင် စတင်မည့် ‌ဒေါ်စု၏ ကရင်ပြည်နယ်ခရီးစဉ် လူထုနှင့် ‌တွေ့ဆုံရန်ရှိ

မကြာခင် စတင်မည့် ‌ဒေါ်စု၏ ကရင်ပြည်နယ်ခရီးစဉ် လူထုနှင့် ‌တွေ့ဆုံရန်ရှိ

1955

ဇန်နဝါရီ ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း၊ ‌ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ‌ဒေါ် ‌အောင်ဆန်းစုကြည်သည် ဇန်နဝါရီလတတိယအပတ်အတွင်း ကရင်ပြည်နယ်သို့သွား‌ရောက်မည်ဖြစ်ပြီး ခရီးစဉ်၌ ‌ဒေသခံလူထု နှင့် ‌တွေ့ဆုံသွားရန်ရှိ‌ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

နန်းခင်‌ထွေးမြင့်က “ဖားအံလူထု‌တွေ့ဆုံပွဲက သံလွင်ကွင်းမှာ ခွင့်ပြုချက် ရထားတယ်။ ဒါ‌ပေမယ့်လူများမှာမို့လို့ သီရိကွင်းကို ခွင့် ပြုဖို့တင်ပြထားတယ်။ အဲ့ဒီ‌နေရာနှစ်ခုမှာပဲ လုပ်ဖြစ်မယ်။ ဖားအံ‌တွေ့ဆုံပွဲကို မွန်ပြည်နယ် ‌မော်လမြိုင်၊ သထုံစတဲ့‌ဒေသက လူထု ‌တွေပါလာကြမယ်။ လူတစ်‌သောင်း‌ကျော်လာကြမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ ဇန်နဝါရီ ၁၈ရက်‌နေ့တွင်‌ရောက်ရှိပြီး ည‌နေ ၄နာရီတွင် လူထု‌တွေ့ဆုံ ပွဲပြုလုပ်ကာ ဇန်နဝါရီ ၁၉ရက်‌နေ့တွင် လှိုင်းဘွဲမြို့နယ် ကပ္ပလီ‌ကျေးရွာ၌ လူထု‌တွေ့ဆုံပွဲကျင်းပမည်ဖြစ်သည်။ ထို့အပြင် သူမ၏ ယခုခရီးစဉ်သည် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး အပါအဝင် ပါတီစည်းရုံး‌ရေးခရီးစဉ်လည်းဖြစ်‌ကြောင်း၊ ပါတီမူဝါဒများကို လူထု‌တွေ့ဆုံပွဲတွင် တက်‌ရောက်လာသည့် လူထုအား ‌ပြောကြားသွားရန်ရှိ‌ကြောင်းလည်း နန်းခင်‌ထွေးမြင့်က ဖြည့်စွက်‌ပြောဆို သည်။

‌ဒေါ်စုအ‌နေဖြင့် ‌နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်‌မြောက်လာပြီး‌နောက် ယခုလို ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာ ‌ရောက်မည့်အ‌ပေါ် ဝမ်းသာမိ‌သော်လည်း ဤခရီးစဉ်မှာ ကရင်အမျိုးသားများ၏ အခွင့်အ‌ရေးအတွက် ထူးခြားလာမည် မဟုတ်ဘဲ ကရင်အမျိုးသားများသာလျှင် ကြိုးစားရယူရမည်ဖြစ်‌ကြောင်း ကရင်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက ယမန်‌နေ့ က ‌ပြောဆိုခဲ့သည်။

“NLD ပါတီရဲ့မူဝါဒထဲမှာ တိုင်းရင်းသားအခွင့်အ‌ရေးနဲ့ ပတ်သက်လို့ တစ်ခုမှ‌ဖော်ပြထားတာ မ‌တွေ့ရလို့ အားမရဘူး။ ကျ‌နော်ထင် တာက‌တော့ ဒီခရီးစဉ်မှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေရဲ့အခွင့်အ‌ရေးအတွက် ထူးထူး‌ထွေ‌ထွေ ဘာမှထူးခြားလာမှာ မဟုတ်ဘူး။ တစ်ခုပဲ ရှိတယ်။ သူ့ပါတီအတွက်‌တော့ ဖြစ်‌ကောင်းဖြစ်မယ်‌ပေါ့‌နော်”ဟု ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် စစ်ကိုင်းတိုင်း‌ဒေသကြီးနှင့် ချင်းပြည်နယ်သို့ သွား‌ရောက်လျှက်ရှိပြီး ၎င်း ‌နောက် ကရင်ပြည်နယ်ခရီးစဉ်ကို စတင်မည်ဖြစ်ကာ ဆက်လက်၍လည်း ရှမ်းပြည်နယ်သို့ သွား‌ရောက်ရန်ရှိ‌ကြောင်း သိရသည်။ ၂၀၁၂ခုနှစ်၊ ဇွန်လက ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်အများစု ‌နေထိုင်ရာ မယ်လစခန်းသို့ လည်း သွား‌ရောက်ခဲ့‌သေးသည်။