Home သတင်း သတင်း‌ထောက် ‌နော်ခိုင်ခိုင်‌အေးချိုအား ‌ထောင်ချမှုကို တရားမျှတစွာ ပြန်‌ဆောင်ရွက်‌ပေးရန် MJN ‌ပြောဆို

သတင်း‌ထောက် ‌နော်ခိုင်ခိုင်‌အေးချိုအား ‌ထောင်ချမှုကို တရားမျှတစွာ ပြန်‌ဆောင်ရွက်‌ပေးရန် MJN ‌ပြောဆို

1823

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

The Daily Eleven ၏ ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ် သတင်း‌ထောက် ‌နော်ခိုင်ခိုင်‌အေးချိုကို လွိုင်‌ကော်မြို့နယ် ဒုတိယ တရားသူကြီးက ‌ထောင်သုံးလ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျှတသည့် တရားစီရင်မှုဖြစ်ရန် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည် ‌ဆောင်ရွက်‌ပေး‌စေလို‌ကြောင်း မြန်မာသတင်း‌ထောက်များကွန်ရက်(MJN)က ဒီဇင်ဘာ ၂ဝရက်‌နေ့တွင် ‌တောင်းဆိုလိုက်သည်။

‌နော်ခိုင်ခိုင်‌အေးချိုအား ဒီဇင်ဘာ ၁၇ရက်‌နေ့က ‌ထောင်ချမှတ်လိုက်သည့်အ‌ပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအ‌နေဖြင့် အဖြစ်မှန် ‌ဖော်ထုတ်‌ပေးရန် (MJN)က ‌ကြေငြာချက်တစ်‌စောင်ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

MJN အတွင်း‌ရေးမှူးတစ်ဦးဖြစ်သူ ကို‌အောင်သူရက “မခိုင်အမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူ‌တွေအ‌နေနဲ့ အသင့်‌တော်ဆုံးအချိန် မှာ အမှန်တရားအတိုင်း ‌ဖော်ထုတ်‌ပေးဖို့ ကျ‌နော်တို့ ‌တောင်းဆိုတာပါ။ ဒါကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန် မလုပ်‌ပေးရင် ဆက် လုပ်သင့်တာကို လုပ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သတင်း‌ထောက် ‌နော်ခိုင်ခိုင်‌အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ ‌နေအိမ်ကျူး‌ကျော်မှုဖြင့် လွိုင်‌ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၇ရက်၌ ပြစ်မှုပုဒ်မ-၄၅၁ အရ ‌ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ-၅၀ဝ အရ ‌ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ-၂၉၄(ခ) အရ ‌ထောင်ဒဏ်တစ်လတို့ကို တစ်‌ပေါင်းတည်း ကျခံ‌စေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုပုဒ်မ ၄၅၁မှာ ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ-၂၉၄ (ခ)မှာ ညစ်ညမ်းစွာ ‌ပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀ဝမှာ အသ‌ရေ ဖျက်မှုဖြစ်‌ကြောင်း Eleven Media Group ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ယင်းကဲ့သို့ သတင်း‌ထောက်တစ်ဦးအား ‌ထောင်ဒဏ်ချမှတ်ခြင်းခံရခြင်းနှင့် ပတ်သက်၍အ ‌ပေါ် ပြည်တွင်းမီဒီယာများ၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းအချို့နှင့် ပြည်ပသတင်းမီဒီယာ အဖွဲ့အ စည်းများကလည်း ကန့်ကွက်ကြ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်း‌ကောင်စီ(ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမြင့်‌ကျော်က “အခုလို ‌ငွေဒဏ်ချမှတ်လို့ရတဲ့ အမှု‌တွေကို ‌ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတာ ပြင်းထန်လွန်းတယ်လို့‌တော့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လွိုင်‌ကော်‌ထောင်တွင် လက်ရှိ အကျဉ်းကျခံ‌နေရသည့် သတင်း‌ထောက် ‌နော်ခိုင်ခိုင်‌အေးချိုသည် ၂၀၁၁ခုနှစ်မှစ၍ ကရင် သတင်းစဉ်တွင် သတင်း‌ထောက်တစ်ဦးအဖြစ် ‌ဆောင်ရွက်ခဲ့ပြီး ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ယခုနှစ် ‌အောက်တိုဘာလ တွင် ၎င်းသတင်းစဉ်မှ အနားယူသွားခဲ့သူဖြစ်သည်။