Home ထိပ်တန်းသတင်း မိန်းက‌လေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

မိန်းက‌လေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

1600
Photo-KIC (‌ကျောက်‌တောင်ရွာအပြင်ဘက် လမ်း)

နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းက‌လေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် ‌နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်‌ကြောင်း ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆို သည်။

“တရားခံကို‌တော့ မ‌နေ့ ‌နေ့လည်က ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိထားလိုက်ပါပြီ။ သူ့ကို‌တော့ တရားဥပ‌ဒေအရ အ‌ရေးယူမှု‌တွေ ဆက်လက် လုပ်‌ဆောင်သွားရမယ်။”ဟု ရဲမှူးကြီးဦးစိန်လွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြစ်စဉ်မှာ အသက် ၂၅နှစ်အရွယ်ရှိ ‌ကျောက်‌တောင်ရွာသား ဖိုး‌ထောင်ဆိုသူက ‌ကော့တာဟိုးရွာသူ အဆိုပါ မိန်းက‌လေးငယ်ကို လှိုင်းဘွဲမြို့နယ်၊ ‌အောက်‌ရေပူ‌ကျေးရွာအုပ်စုဝင် ‌ကျောက်‌တောင်နှင့် ‌ကော့တာဟိုးရွာအကြားတွင် ‌အောက်တိုဘာလ ၂၉ရက်၊ (ဗုဒ္ဓဟူး‌နေ့) ည ၇နာရီအချိန်က အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ကျောက်‌တောင်ရွာသားက ‌ပြောသည်။

၎င်းက ဆက်လက်၍ ယင်းသို့ အဓမ္မကျင့်ရန် ကြိုးစားနှိပ်စက်‌နေချိန်တွင် နယ်ခြား‌စောင့်တပ်(ဘီဂျီအက်ဖ်)မှ ‌စော‌ရွှေကရင်နှင့် ဇနီးဖြစ်သူတို့က ‌တွေ့မြင်သွားသည့်အတွက် ကျူးလွန်သူမှာ ထို‌နေ့က ထွက်‌ပြေးလွတ်‌မြောက်သွားခဲ့သည်ဟု ဆိုသည်။

‌ကျောက်‌တောင်ရွာသား ဖိုး‌ထောင်မှာ ယခင်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် ၃နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုလို ရာဇ ဝတ်မှု ကျူးလွန်ပြီး‌နောက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့သို့ တိမ်း‌ရှောင်ခဲ့ရာ နှစ်ဖက်နိုင်ငံမှ နယ်စပ်တာဝန်ရှိသူများ၏ ဝိုင်း ဝန်းကြိုးပမ်းမှုဖြင့် ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်‌ကြောင်း မြဝတီမြို့ ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရ သည်။

အခင်းဖြစ်ပွားမှု‌ကြောင့် အဆိုပါ‌ကျေးနယ်ဝန်းကျင်အတွင်း ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များက အချိန်မှီ လာ‌ရောက်ကာ ကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့‌သော်လည်း လက်ရှိအချိန်ထိမူ ‌ကျောက် ‌တောင်ရွာအနီးရှိ ထီလုံ‌ကျေးရွာမှ ရဲဝန်ထမ်းများနှင့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များက ရွာအနီးဝန်းကျင်တွင် လုံခြုံ‌ရေးယူကာ ‌စောင့် ကြပ်‌နေရ‌သေး‌ကြောင်း ပြည်နယ်ရဲမှူးကြီးက ဆက်လက်‌ပြောဆိုသည်။

ပြစ်မှုကျူးလွန်ခံရသူ မိန်းက‌လေးငယ်မှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာ‌ကြောင့် ဘားအံ‌ဆေးရုံတွင် သွား‌ရောက်ဓာတ်မှန်ရိုက်ခံခဲ့ ပြီး ယခု သူမ၏ရွာသို့ ပြန်လည်‌ရောက်ရှိ‌နေပြီးဖြစ်‌ကြောင်း နီးစပ်သူများက ‌ပြောဆိုသည်။

‌ကျောက်‌တောင်ရွာသည် လှိုင်းဘွဲမြို့၏ အ‌ရှေ့‌တောင်ဘက်ခြမ်း၌ တည်ရှိပြီး ၁၈မိုင်ခန့် ကွာ‌ဝေးပြီး ယခင်က အလားတူ အဖြစ်မျိုး ဖြစ်ပွားခြင်းမရှိခဲ့‌ကြောင်း သိရသည်။