Home ထိပ်တန်းသတင်း စစ်‌တောင်းမြစ်‌ရေလျှံ၍ ‌တောင်ငူမြို့ နယ်၌လယ်ဧကတစ်‌သောင်း‌ကျော် ‌ရေနစ်မြှုပ်

စစ်‌တောင်းမြစ်‌ရေလျှံ၍ ‌တောင်ငူမြို့ နယ်၌လယ်ဧကတစ်‌သောင်း‌ကျော် ‌ရေနစ်မြှုပ်

1972
နိုဝင်ဘာ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ပဲခူးတိုင်း‌ဒေသကြီးတွင် စစ်‌တောင်းမြစ်‌ရေလျှံမှု ဆက်လက် ဖြစ်ပွား‌နေ‌သော‌ကြောင့် ‌တောင်ငူမြို့နယ်ရှိ လယ်ကွင်း ၅၇ကွင်းမှ လယ် ၁၁,၅၄၆ဧက ‌ရေနစ်မြှုပ်လျှက်ရှိ‌ကြောင်း သက်ဆိုင်ရာ အစိုးရအုပ်ချုပ်‌ရေးပိုင်း တာဝန်ရှိသူများက ‌ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်း၍ စစ်‌တောင်းမြစ်‌ရေလျှံမှု ဖြစ်ပွားပြီး‌နောက် ‌တောင်ငူမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု‌ပေါင်း ၁၄စု မှာ ‌ရေကြီးကာ အိမ်‌ထောင်စု ၃,၇၃၃မှ လူဦး‌ရေ ၁၄,၈၆၄ဦးမှာ ‌နေအိမ်စွန့်တိမ်း‌ရှောင်‌နေရသလို ‌ဒေသခံလယ်ကွင်းများ ‌ရေနစ် မြှုပ်‌နေခြင်းဖြစ်သည်။

‌တောင်ငူမြို့နယ် ဒုတိယအုပ်ချုပ်‌ရေးမှူး ဦးထွဋ်ထွဋ်ဝင်းက “အခု ‌ရေမြှုပ်တဲ့ လယ်ကွင်း‌တွေဟာ အားလုံးနီးပါး မိုးစပါး‌တွေ စိုက် ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနရုံး‌တွေကို တင်ပြထားပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌အောက်တိုဘာ ၂၉ရက်‌နေ့မှစ၍ စစ်‌တောင်းမြစ်‌ရေမှာ ကမ်းနံ‌ဘေးရှိ မြို့‌နေရပ်ကွက် အချို့နှင့် ရွာအချို့သို့ တဖြည်းဖြည်း ‌ရေတက်လာခဲ့ရာ ယမန်‌နေ့က ‌ရေချိန်အမှတ်အမြင့်ဆုံး ၇၁၃စင်တီမီတာအထိရှိပြီး ယ‌နေ့တွင် ‌ရေအနည်းငယ် ပြန်ကျ‌သော် လည်း ၇၀၂စင်တီမီတာ ရှိ‌နေ‌သေးသည်ဟု ၎င်းက ဆက်‌ပြောသည်။

ယခု ‌ရေကြီးမှုနှင့် ပတ်သက်၍ ‌တောင်သူ‌ဒေသခံ ‌စောဒို့ထူးက “ဒီ‌တောင်ငူမြို့မှာ ကျ‌နော်‌နေတာ ဒီလို‌ရေကြီးတာ တခါမှ မ‌တွေ့ဖူး ဘူး။ အသက်ကြီးတဲ့ အဖိုး၊ အဖွား‌တွေကို ‌မေးကြည့်တာလည်း တခါမှ မရှိခဲ့ဘူးလို့ ‌ပြောတယ်။ ကျ‌နော်တို့‌ဒေသခံ‌တွေ ထင်တာ က‌တော့ မိုးရွာတာ တစ်ခုတည်း မဟုတ်ဘူး။ ဆည်တခုခုက‌နေ ‌ရေ‌ဖောက်ချတာ ဖြစ်နိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ငူမြို့နယ် ‌ရေကြီးမှုသည် ‌သောက်‌ရေခပ်ဆည်၊ ဆွာ‌ချောင်းဆည်နှင့် ပသီဆည်တို့မှ ‌ရေ‌ဖောက်ချမှု‌ကြောင့်ဖြစ်သည်ဟု ‌ဒေသခံများက ခန့်မှန်း‌နေကြ‌သော်လည်း ဦးထွဋ်ထွဋ်ဝင်းက ထိုကိစ္စကို ၎င်းအ‌နေဖြင့် အတည်မပြုနိုင်‌ကြောင်းနှင့် ဆည်‌မြောင်း ဆိုင်ရာ တာဝန်ရှိသူများသာ သိရှိမည်ဖြစ်‌ကြောင်း ပြန်လည် ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် လယ်ကွင်းများ၌ ရိတ်သိမ်းရ‌တော့မည့် စပါးများနှင့် အသီးများဖွံ့ဖြိုးဆဲ စပါးပင်များလည်းရှိသဖြင့် ‌ရေလွှမ်းမိုးမှု ‌ကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာအတွက် ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

“အခု စပါးပင်က ရိတ်သိမ်းခါနီးမှပဲ ‌ရေကြီး‌တော့ လာမယ့်နှစ်အတွက် စားနပ်ရိက္ခာအတွက် ‌ဒေသခံအားလုံးက စိုးရိမ်‌နေကြ တယ်။ အခုထိ‌တောင် ‌ရေက နည်းနည်းပဲ ကျ‌သေးတယ်ဆို‌တော့ ‌ရေလွှမ်းမိုးခံရတဲ့ စပါးပင်‌တွေ အကုန်ပျက်စီးဖို့ ရှိပါတယ်”ဟု အဆိုပါ ‌ဒေသခံ ‌စောဒို့ထူးက ‌ပြောသည်။

‌ရေ‌ဘေးသင့်၍ ‌နေအိမ်စွန့်ခွာရသူများအတွက် ‌မြေ‌နေရာမြင့်‌သော ‌ကျေးရွာ‌ဒေသများနှင့် ‌တောင်ငူမြို့‌ပေါ်တို့တွင် ကယ်ဆယ်‌ရေး စခန်း‌ပေါင်း ၃၃ခု ဖွင့်ထားပြီး အစိုးရတာဝန်ရှိသူများ၊ လူမှု‌ရေးနှင့် ဘာသာ‌ရေးအဖွဲ့ အချို့က ထမင်းထုပ်၊ ‌ခေါက်ဆွဲ၊ ဆန်အိတ်နှင့် အခြားလိုအပ်သည်များကို ကူညီ‌ပေးလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလကလည်း ဆွာ‌ချောင်းနှင့် ပတိဆည်တို့ကို ‌ရေ‌ဖောက်ချခဲ့မှု‌ကြောင့် ‌တောင်ငူမြို့နယ်အ တွင်းရှိ အိမ်‌ခြေ ၂,၀၀ဝခန့်မှ ‌ရေ‌ဘေးသင့်သူ တစ်‌သောင်းခန့် ‌သောက်သုံး‌ရေ ပြတ်လပ်မှုပြဿနာနှင့် ကြုံ‌တွေ့ခဲ့ကြ‌သေးသည်။